Posts

Showing posts from January, 2024

ဖီဒါကာလိုရဲ့တိမ်တွေ

------------------- မြတ်ဝေ ဘဝမှာ နာကျင်မှုရှိတဲ့အချိန်တိုင်း တိမ်တွေကို ရေတွက်ကြတာပေါ့ အဆုံးစွန်ထိပြီးသွားအောင် ရေတွက်ကြ ပြီးတော့ တစ်ကနေပြန်စ  နာကျင်မှုဟာ မဆုံးသော တိမ်တွေ နောက်ထပ် တိမ်တွေကို မတွေ့ဖို့ နောက်ဘဝရောက်ရင် တိမ်တွေမရှိကြောင်း တိတ်တိတ်လေး မင်းစကားကို နားထောင်မယ်။  ။ မြတ်ဝေ

အသည်းကွဲသူ နှင်း နဲ့

  ----------------- သင်းရည်လွင် ကောက်ရိုးမီးလှုံသူ လို ခဏလေးဖြစ်ဖြစ် နွေးပါရစေ  ခွဲခွာသူ ဆောင်းရက်တို့.. ဒီအတိုင်း ပဲ  ကြေကွဲသူ လက်နဲ့ ထိမိတဲ့အခါ ပျော်ရွှင်မှုတွေ တိတ်ဆိတ်သွား သတိရစိတ်ကို  ဆံနွယ်တဆုံး ဖြန့်လို့ ဒီ့ထက် ပိုပြီး ဘာမှမလုပ်နိုင်ဘူး လွတ်နေတဲ့ ထိုင်ခုံလေး ကိုယ် ပြန်ယူလာတယ် ဝေးနေသူတွေ အကြောင်းပြောရင်း တဖြည်းဖြည်း ဝေး ဝေး လာ နှင်းတောထဲ အသည်းကွဲသူ နှင်း  နဲ့ ဆောင်းလွန်ရက်များ ဒီ အတိုင်းပဲ  ပြန်လာခဲ့တယ် ။ 2022 Jan

တစုံတရာ ...

အဝိုင်း မဟုတ် ရင် လေးထောင့်  တဲ့ ကြယ်' ပုံ မဆွဲ ချင် ဘူး လား... ပုံစံ ခွက် ထဲက  ထွက်  ဖို့ ဘဝ တခုလုံး ပေး ရလည်း တန် တယ်... အမုန်း အညှိုးအတေး မှန်သမျှ အလဟဿ အမှိုက်ပုံ  တွေ ရှေ ွ ကိုသာ တူးဆွ ဖွေရှာ ... ဒီနေ့ ထိ ဘာမှ မရ သေး လည်း.. နက်ဖန် ဆက်ရှာ ရဦးမယ် ရှာနေ သ ရွေ့ ပဲ လှ နိုင် တဲ့ ဘဝ မှာ...။   ။               ဆွေရည်လင်း

အောင့်မေ့ဖွယ်နှစ်များ

–---------------------- မော်မင်းသန်း သတိရခြင်းဟာ မြစ်ရေလို  စီးဆင်းတယ်။ အသက်တွေ နည်းနည်းကြီးသွားတယ်။ စာအုပ်တွေ နည်းနည်းဟောင်းသွားတယ် မှတ်ဉာဏ်ထဲမှာ မင်းဟာ စိမ်းလန်းနေဆဲပဲ။ လွမ်းစရာလို့ ဆိုရမလားပဲ အတူတူဆိုဖူးတဲ့ သီချင်းတွေ အတူတူဖတ်ဖူးတဲ့ ကဗျာတွေ အဲဒီတုန်းက တို့နှစ်ယောက် ရင်ခုန်သံက ထပ်တူပဲ။ သစ်ရွက်တွေ အကြိမ်ကြိမ် ကြွေသွား နှင်းတွေ အကြိမ်ကြိမ် ဝေသွား ကန္တာရလမ်းတွေပေါ် ကိုယ်ဟာ အဖော်မဲ့ ခရီးသွားတယောက်ပဲ။ မင်းအသံလေးဖြစ်ဖြစ် မင်း လက်ရေးလေးပဲ  ဖြစ်ဖြစ် အမှတ်တမဲ့ ပြန်တွေ့တဲ့အခါ ကိုယ်ဟာ အတိတ်မှာ ပျော်ဝင်သွားခဲ့တယ်။ အောင့်မေ့ဖွယ်နှစ်များ ကိုယ်ပြန်တမ်းတမိရဲ့။ မော်မင်းသန်း ၂၈-၈-၂၀

မျှော်စင်

------------ ခင်ဇော်မြင့် အလွမ်းနင့်အောင် မြင်ရတယ် တိမ်တွေပြာလို့ ကောင်းကင်ကဖြူလို့ ကျီးကန်းတွေ တဝဲလည်လည် ပျံလို့  ပြီး ၊သစ်ရွက်တွေ တဝဲလည်လည် ကြွေလို့ ။ ဟုတ်ပြီ လမ်းရဲ့ရနံ့ကို မှုတ်ထုတ်လိုက် ပြီး၊ အားစိုက်လို့ ဓာတ်ကြိုးများရဲ့ တွန်ကျုးသံကို ခေါင်းငုံ့ကာ စုပ်ယူလိုက် ။ အမှန်တကယ် ကိုယ်လုပ်ရမှာ မီးခိုးနဲ့ နေရောင်ခြည်ကို အနံ့ခံဖို့ ပြီး၊ခေါင်းလောင်းတို့ရဲ့အသံအိုးကို စူးစမ်းဖို့ ပြောစရာမရှိအောင် အရောင်တွေက လှလွန်းတယ် မေ့လျော့ခဲ့ရတယ် ။ တစ်နေရာရာမှာ ခြွင်းချက်များက သွား၍ တူနေပါလိမ့်မယ် ။ နွေဦး တဲ့ ကျွန်တော်မဖွဲ့တတ်ပါ ခြေစုံ ရပ် ရိုကျိုးခဲ့ပါ တယ် ။ သရဖူ မဂ္ဂဇင်း ၁၉၉၇

မီးသင့်နေတဲ့ကဗျာ

မသေတော့မယ့်အတိုင်း ဘဝမြင့်နေပုံအချိုးနဲ့  မလွတ်မြောက်သေးသူရဲ့အသံဟာ နောက်ကျောကဒဏ်ရာလို အကိုးအကားများတယ်  အပေါ်စီးက တိမ်တွေရဲ့မောက်မာမှု ရယ်သံတွေနဲ့ အရူးကွက်နင်းထားတယ်  လည်ပုံဟာ စိတ်ထဲကပွင့်ကျနေ လေသံးပြင်းပြင်းထဲ အတင်းအဖျင်းတွေ ပျော်ငြိလျက်  မရဲတဲ့ လေတံခွန်ဟာ အမြီးရှည်ရှည်တပ်ပေးခံထားရတယ်ဆိုတာ နန္ဒလွင်

ပျောက်ဆုံးနေတဲ့ ညစောင့်တစ်ဉီး ၏ အိပ်မက်

------------------------ ပိုင် ငတ်မွတ်နေတဲ့ လူတစ်ယောက်ကို အစားအစာ နဲ့ ဘုရားသခင် ဘယ်သူ့ကို ပုံ ယုံကြည်သလဲမေးရင် ဘာဖြေမယ် ထင်သလဲ အစကတည်းက လှည့်စားခံရ စွတ်ပြုတ်တစ်ခွက် ဟာ တစ်ချို့သူအတွက်  အပျော်တန်းစားသောက်စရာ ဖြစ်ပေမယ့် ညနေစာမစားရသေးတဲ့ ညစောင့်အတွက်တော့ ဒါဟာ ပိုပြီး အရေးတကြီးလိုအပ်နေတဲ့ အရာ ဖြစ်နေပေါ့ အားလုံးပြည့်ပြည့် ဝဝ ပြီးဆုံးသွားတဲ့ ကောင်းကင်ကြီးအောက် ဆာလောင်နေတဲ့မျက်လုံးတွေ မြင်ရတာလောက် ဝမ်းနည်းစရာကောင်းတာ မရှိဘူး အဲဒီမျက်လုံးတွေဟာ ကြယ်ကလေးတွေလိုပဲ အကြေကွဲဆုံးစကားတွေ တောက်ပနေတတ်လို့  ဆိုင်တွေနဲ့ အိမ်တံခါးပေါက်တွေလည်း ပိတ်သွားပြီ ဒီမြို့ကြီးမှာ စွတ်ပြုတ် တစ်ခွက် ဘယ်နေရာကမှ မရနိုင်တော့ဘူးလား ဘုရားသခင်က တချို့သူတွေကို နည်းနည်းပိုပေးလိုက်တာကြောင့် တချို့သူတွေမှာ လုံးဝ မရတော့တာလား လမ်း ပေါ်မှာ ရပ် စဉ်းစားဆဲ ။ ၂၀၀၉ အရိုးစစ်ဆေးမှု လက်ရွေးစင် ကဗျာများ

မြင့်မားတဲ့နှင်းဆီ

------------- ပိုင်သစ်နွယ် . ရှင်ကိုမြင်တော့ ပထမ ကျမလန့်တောင်လန့်သွားသေးတယ် ကျမကို မတော်မတရား ရှင်ဘာလုပ်မလဲဆိုတာကိုပေါ့။ မကြာပါဘူး။ ကျမရဲ့ ကြောက်ရွံ့မှုဟာ သေဆုံးသွားတဲ့ ခွေးသွားစိပ်တွေဖြစ်သွားတယ်။ ကျမကို ဇွန်းခရင်းနဲ့ စိုက်ထားသလို အကြာကြီး ရှင်စိုက်ကြည့်တယ်။ ရှင်မျက်လုံးက နေကိုဝန်းရံလည်ပတ်နေတဲ့ ကမ္ဘာလုံးလိုပဲ ကျမနှလုံးသားတဝိုက် လှည့်ပတ်ကစားနေတယ် ကျမမျက်လုံးကတော့ ရှင့်နှလုံးသားရဲ့ အီကွေတာလမ်းကြောင်းပေါ်မှာ စားပွဲပေါ်က ကမ္ဘာလုံးငယ်လေးကို စိတ်ဝင်တစား လေ့လာနေတဲ့ ကလေးငယ်တယောက်လိုပေါ့ ကြည့်ရင်း ငေးရင်း ... ကနေ ရုတ်တရက် အညှာလွယ်တဲ့ ကျမကို ရှင်က ကတ်ကြေးတလက်နဲ့ ကိုက်ဖြတ်ယူလိုက်တယ် ကျမ နာကျင်ရပါတယ် ဒါပေမဲ့ ကျမ ဝမ်းမနည်းပါဘူး ရှင်လက်ထဲမှာ ရေရဲ့အသက်လို တမနက် ရှင်သန်ခွင့်ရလည်း ပျော်ပါတယ် ရှင့်နှုတ်ခမ်းဝမှာ ကျမဘဝကို  မွှေးပျံ့ခွင့်ရမှာကိုလည်း တွေးရင်း ပျော်ပါတယ် ကျမအတွေးက လက်တွေ့ ဖြစ်လာတယ် ရှင် ကျမကို နမ်းတယ် ကျမတကိုယ်လုံး ပရုပ်လုံးလိုသေးငယ်သွားအောင် ရှင် ကျမကို နမ်းတယ် နက်ရှိုင်းတဲ့အထိအတွေ့ဟာ  ချောက်ကမ်းပါးထဲဆင်းသွားတဲ့ အမှောင်လိုပါပဲ ကျမလည်း ဘာဆိုဘာမှ မမြင်တော့ပါဘူး။ အသိတရားရဲ့ ပုဝါစဟာလည်...

မြစ်

  ----------- အောင်ခင်မြင့် သူ့ မှတ်ဉာဏ်ထဲမှာ မျောနေတာက ဇောက်ထိုးပေါ်နေတဲ့ အလံနဲ့ ဇောက်ထိုး ချီတက်နေတဲ့ လူတွေ.. လူငယ်ဘဝရဲ့ ပြောင်းပြန်စည်းမှုမှာ ဒိုက်သရောလို ဖတ်စာအုပ်များ လှုပ်ခတ်နေတဲ့ ရေမျက်နှာပြင်ပေါ် ငါဟာ ပြိုကွဲလိုက် ပြန်စုစည်းလိုက် ရေဟာ မှန်လိုကြည်လင်နေလေရဲ့ ရေအောက်မှာ မီးလောင်နေတဲ့ ငါး ပုံပြင်ထဲကလို ပဲ မြစ်ကြီးက သေသွား ခဲ့ သူ လက်သီးကို ကျစ်နေအောင် ဆုပ်ရင်း လက်သီးဆုပ်ကို အတင်းဖြည်ကြ အထဲမှ ဘာမှ မဟုတ်တဲ့ ခရုခွံတစ်ခု လူတွေ ခရုခွံ ကို နားနဲ့ ကပ်ကြည့်ကြ  အထဲမှာ လှိုင်းသံတွေဟာ တဝုန်းဝုန်း ။ မြစ် ကဗျာ/အနုပညာ ၂၀၁၇

နတ်သမီး အိပ်မက်

  ----------------- ခရမ်းပြာထက်လူ အိပ်မက်ကိုသာ ထပ်ခါတလဲလဲ ဘာသာပြန်လို့ နာရီတွေထဲ လောင်ကျွမ်းနေခဲ့တယ် ။ နေ့ အလင်းတွေ ထဲမှာ မရဲ တရဲ ရှာဖွေနေခဲ့ ပြညွှန်းမြေပုံ မရှိတဲ့ ရတနာသိုက် အို မောဟိုက်နေခဲ့ရပေါ့ ။ ဘယ်လို စေတန်နတ်ဆိုးမြို့က ကိုယ့်နတ်သမီးကို ဝှက်ထားတယ် ဆိုတာ ပြော ပြ အဲ့ဒါလေးပဲ ပြောပြ ။ မြားနတ်မောင်  မဂ္ဂလာ မဂ္ဂဇင်း ၁၉၉၃

ပျော်ရွှင်စွာနေထိုင်ပါ

******************* မျိုးသန့် သဘာဝတရားကြီးက ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေကို ဘယ်သူ့ကိုမှ ပိုမပေးခဲ့ပါဘူး ။ အားလုံးကို တန်းတူညီမျှ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေကို ပေးတာပါ ။ သူက ပိုက်ဆံမရှိလို့ ဝမ်းနည်းစရာတွေ ပေးတယ် ။ သူကချမ်းသာလာလို့ ပျော်ရွှင်ခြင်းတွေ ပေးတယ် ။ သူကရုပ်ချောလို့ စိတ်ချမ်းသာစရာတွေ ပေးတယ် ။ သူက ရုပ်ဆိုးလို့ စိတ်ညစ်စရာတွေ ပေးတယ် စသည်ဖြင့် တွေးနေတာတွေကို ရပ်လိုက်ပါ ။ ကိုယ့်ဆီ ကျရောက်လာသမျှ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ဝမ်းသာခြင်း ၊ အသားမဲခြင်း ၊ အသားဖြူခြင်း စသည်ဖြင့် အရာအားလုံးကို လက်ခံနိုင်ဖို့ လိုပါတယ် ။ အရည်အချင်းရှိတဲ့သူဆိုတာ အသားဖြူခြင်း ၊ မဲခြင်းနဲ့ ခွဲခြားလို့ မရပါဘူး ။ အရပ်ရှည်ခြင်း ၊ အရပ်ပုခြင်းနဲ့လည်း အရည်အချင်းကို တိုင်းတာလို့ မရပါဘူး ။ အရည်အချင်းရှိတဲ့ သူတစ်ယောက်က ကိုယ့်ဆီကျရောက်လာသမျှ အရာအားလုံးကို လက်ခံနိုင်စွမ်းရှိတယ် ။ အကောင်းဆုံး တုန့်ပြန်နိုင်စွမ်းလည်း ရှိကြတယ် ။ ပျော်စရာတွေ ရောက်လာရင်လည်း ကျေကျေနပ်နပ်နဲ့ လက်ခံလိုက်ပါ ။ စိတ်ရှုပ်စရာတွေကိုလည်း ကျေကျေနပ်နပ် လက်ခံလိုက်ပါ ။ လူတော်တော်များများက ပျော်ရွှင်မှုကိုပဲ လိုချင်ကြတာပါ ။ ဒါပေမဲ့ သူတို့က ပ...

စာမရေးတဲ့ လူ၊ စာမဖတ်တဲ့လူ

------------------------ မြင့်သန်း  မြန်မာပြည်မှာ လူဦးရေ တက်လာတယ်။ များလာတယ်ပဲ၊ ဆိုပါတော့။ များလာတယ်ဆိုတာက၊ အလျင် နှစ်သုံးဆယ်လောက်ကနဲ့ယှဉ်ရင်။ ဒါပေတဲ့၊ စာအုပ်ထုတ်ဝေရေးမှာ၊ ဝယ်ယူဖတ်ရှုတဲ့ အုပ်ရေ နည်းသွားတယ်ဆိုတာ၊ သိရ၊ ကြားရတယ်။ ဟိုစဉ်က၊ သွားလေသူ စာရေးဆရာကြီး (ဦး)အောင်သင်း ပြောဖူးတဲ့၊ ရန်ကုန်ပတ်လည်၊ အုပ်ရှစ်ဆယ်.၊ အနေအထားမှာ။ တချို့ကတော့၊ ကျေနပ်စရာကောင်းတဲ့ အမြင်တစ်ခုနဲ့ ပြောတယ်။ စာအုပ်ထုတ်ဝေရေးမှာ အုပ်ရေနည်းသွားပေတဲ့၊ စာပေထုတ်ဝေရေးတွေ များလာတယ်တဲ့။ စာစုံ ဖတ်လာရသတဲ့။ ဒါလည်း ဟုတ်တာပဲ။ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေများလာတာ၊ တွင် ကျယ်လာတာဟာ တကယ်တော့၊ ဝမ်းသာစရာပဲ။ ဒီလိုဖြစ်လာဖို့က၊ နိုင်ငံခြားက စာရေးဆရာကြီးတွေကို ဖိတ်ကြားပြီး၊ စာပေပွဲတော်လုပ်လို့ ဖြစ်တာပဲရယ်လို့၊ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရင်ပတ်ကော့ ပြောသံတွေလည်း၊ ကြားရတယ် (လူဖြူတွေက၊ မြန်မာစာကို ဒီလိုရေးရတယ်၊ ဒီလိုဖတ်ရတယ်လို့၊ ပြောတာ၊ ဆုံးမတာကို သာယာတတ်ကြတာကတော့၊ သိပ်မဆန်းလှဘူး။ ကိုလိုနီရဲ့ စနစ်တကျပြုမူခဲ့တဲ့၊ အပြုအမူတစ်ခု။ လူဖြူကို ရိုသေစရာလို့ ထင်နေတာဟာ၊ မြန်မာတွေရဲ့ ခေါင်းထဲမျာ သံမှိုစွဲထားသလိုပဲ။ ခုခေတ်တော့၊ ပိုပြီးဆိုးလာတာက လူဖြူမှ မဟုတ်တေ...

ခေတ်ကြီးတခုလုံးနာတဲ့ဇာတ်

________________________ လင်းခါး  ဒီနေ့မနက်တော့ ဆယ်နာရီထိုးမှ ကျနော်နိုးလာတယ်။ အဲဒါတောင် မနေ့ညက ပူလွန်းလို့ ပြတင်းပေါက်တွေ ဖွင့်အိပ်မိရာက မနက်လင်းတော့ အဲဒီပြတင်းပေါက်တွေက ၀ငျလာတဲ့ နေရောင်က နဖူးပေါ်တည့်တည့်ကျလို့ လန့်နိုးလာခဲ့တာ။ လမ်းပေါ်က ဖြတ်သွားတဲ့လူတယောက်အဖို့တော့ အဲဒီပြတင်းပေါက်တွေကို ကြည့်လိုက်ရင် နေရောင်တစောင်း၀င်လို့ အခန်းအပြင်အဆင်ကို တပိုင်းတစ လှမ်းမြင်လိုက်ပြီး စိတ်ကူးယဉ်ချင်ယဉ်နေဦးမှာ။ ကျနော်ကတော့ အိပ်မရေး၀ဘဲ နိုးထလာခဲ့ရတယ်။  မနေ့ညက ငါးနာရီထိုးပြီးတဲ့နောက်မှာမှ ကျနော်အိပ်ပျော်သွားခဲ့တယ်။ ကြက်တွေကတွန်တဲ့အဆင့် ကနေ ပျံလည်းမပျံနိုင်ပါဘဲနဲ့ တောင်ပံတွေတဖျတ်ဖျတ်ရိုက် လောကကို ဆူညံပွက်လောရိုက်အောင် လုပ်တဲ့အဆင့်ဖြစ်နေပြီ။ အိမ်ရှေ့လမ်းပေါ်ကနေ စျေးဘက်ကို ဖြတ်သွားတဲ့ ကုန်စိမ်းတင်ကားတွေ၊ ဆိုင်ကယ်တွေဆိုတာလည်း မနက်မှ လင်းမလို့ရှိသေးတယ်။ လီဗာကိုတအားနဲ့နင်းပြီး လမ်းတလျှောက်က အိမ်တွေထဲ ဇိမ်ကျနေသူတွေ လွန်တယ်။ ငါတို့မှာတော့ လေးနာရီလောက်ကတည်းက ထ အလုပ်လုပ်နေကြရပြီ ထကြတော့ ဆိုတာမျိုး မလိုတမာနဲ့ အသံကျယ်ကျယ်လုပ်မောင်းသွားကြတာ။  တကယ်တော့ မနေ့က ကျနော် စောစောအိပ်ရာ၀င်ခဲ့တာ။ ဒီညတော့ စာရေးဖို...

" မီးခြစ်နှင့် လူ "

 _________________ သစ္စာနီ    ကျွန်တော် ဆေးလိပ်သောက်တတ်တာကို စောသည်ဟု ပြောနိုင်သည် ။ သည်တုန်းက စီးကရက် ဆိုတာကလည်း ပေါသေးသည် ။ သည်လိုနှင့် အသောက် များလာသောအခါ စီးကရက်သာမက ဆေးပေါ့လိပ်ကိုပါ တွဲဖက် သောက်ရာက နောက်ဆုံး စီးကရက်စွဲသူအဖြစ် ရောက်ခဲ့ရသည် ။     ကျွန်တော်သည် ဆူးလေဘုရားလမ်းနှင့် ရုပ်ရှင်ရုံတစ်ဝိုက်ကို ရောက်တိုင်း ဂုဏ်ရုံနှင့် လက်ရွေးစင်ကဖီးတစ်ဝိုက် လမ်းဘေးမှာ ကပ်ရောင်းနေသော တိုလီမိုလီဆိုင်ကလေးများကို ရပ်တန့်ငေးမောနေတတ်သည် ။ ထိုဆိုင်ကလေးများမှာ လိုချင်စဖွယ် နိုင်ငံခြားဖြစ် ပစ္စည်းမျိုးစုံကို ဗန်းကလေးများ ခင်းကျင်း ပြသထားကြသည် ။ ထိုဆိုင်ကလေးများမှာ ဖောင်တိန် ၊ မျက်မှန် ၊ ဒိုင်ယာရီ စာအုပ်ကလေးများ ၊ လျှပ်စစ်သုံး ကလေးကစားစရာ အရုပ်များ ၊ ဘီစကွတ် ၊ မုန့်သေတ္တာ ၊ စားပွဲတင်အလှရုပ် ၊ မီးခြစ်များ ၊ ဂျပန်မပုံ ၊ ပို့စကဒ် ၊ ကင်မရာ ၊ ပြက္ခဒိန် ၊ နိုင်ငံခြားဆေးတချို့မှ စ၍ ၁၆ မီလီမီတာ ရုပ်ရှင်ပြစက်နှင့် စက်ဘီး အထိ ရှိတတ်သည် ။ အခွင့်ကြုံ၍ ထိုဆိုင်ကလေးများရှေ့မှ ဖြတ်လျှောက်ရတိုင်း ခဏ ဖြစ်ဖြစ် ကျွန်တော် ရပ်တန့်ငေးမောကြည့်မိသည် ။ ကျွန်တော် ငေးမောသည်မှာ မီးခြစ်လှလှကလေးများကို ဖြစ်...

ချစ်ခြင်းရဲ့ ဒုတိယစာမျက်နှာ

----------------------- ခက်သီ တရားက တရား ဓားကဓားပဲ တရားမပါရင် ဓားလည်း မကိုင်သင့် ။ ပညာရေးဟာ  ဗဟုသုတ သက်သက်မဟုတ်ဘူးတဲ့ ကိုယ်ကျင့်တရားကို မွေးမြူလေ့ကျင့်ပေးရာနေရာတဲ့ BC 550 မှာ မွေးခဲ့သူ ကွန်ဖြူးရှပ်ရဲ့စကားပါ ။ ဘာသာစကားဆိုတာလည်း ဖရဲသီးကို ထက်ခြမ်းခွဲလိုက်သလိုပါပဲ တခြမ်းမှာ စကားလုံးနဲ့ အမွေအနှစ်တွေ ကျန်တဲ့ တခြမ်းမှာ နှလုံးသားနဲ့ တည်ဆောက်မှုတွေ။ မဆိုင်တာ ငမြိုင်ရာ ဆိုက်ကား ဒေါက်တပ်ရမယ်လို့ မဆိုင်ပါ ငပိုင်ရာ လင်းပိုင် ကျားကိုက်ရမယ်လို့ လုပ်သင့်တာ လုပ်ခဲ့ပြီး ပြောသင့်တာ ပြောခဲ့ရမှာပဲ မဟုတ်လား ။ ဘယ်ခလုပ်နှိပ်မှမီးလင်းမှာလဲ ငါတို့အချင်းချင်းတွေကြားထဲမှာ အလင်းရောင်တွေ ထိန်ညီးနေတာ ဟိုကောင်တွေတောင် မျက်စိ ကျိန်းစေခဲ့တယ်မို့လား ။ ဆိုင်းလန့် ဆိုင်းလန့် ဆိုင်းလန့်ပါ ။ အာရပ်ကမ္ဘာကို မင်းခေါ်လို ငါရောက်သွားရ စွံပလွန်သီးလေးစားရင်း မင်းစေတနာကို ငါမြည်းမိ  မင်း ဘုရားနဲ့ ငါ့ဘုရားနဲ့ အတူတူပါပဲ အလုပ်ဟာ ဘုရားပဲ ဒုက္ခဟာလည်း ဘုရားပဲ ။ ဘယ်ဘုရားပဲ ဖြစ်ဖြစ် ကောင်းတာပဲ ညွှန်းကြမှာ မို့လား ငါ့တို့ အလုပ်နဲ့ ငါတို့ ဒုက္ခကလည်း ကောင်းတာတွေပဲ ညွှန်းခဲ့ပါတယ် နှောင်းလူတွေ ဒုက္ခမရောက်ကြပါစေနဲ့ ဆိုပြီးတော့ပေါ့ သင်ရ...

ခံစားကြည့်ပါ မကြည်ပြာ

-------------------------- ဇော်ဇော်အောင်  နေခြည်ယှက်ဖောက်သော အဝါရောင်နှင်းများ ပျံလွင့်လာချိန် နှစ်သက်ဖွယ် တိုက်ဆိုင်မှုတစ်ခုသည် ကျွန်တော့်ဘဝ အစိတ်အပိုင်းအားလုံးကို နေရာရွှေ့၍ ပစ်လိုက်သည် ။ မနေ့က ကြိုတင်ကြံစည် မျှော်လင့်ထားသောအရာများ သည်နေ့ဖြစ်မလာသောအခါ မနက်ဖြန်ခါကို မျှော်ရပြန်၏ ။ အမှန်စစ်စစ် ကြီးမြင့်သော အရပ်ဒေသတွင် ဘာတွေရှိနေသည်လဲဟု စဉ်းစားခေါင်းရှုပ်ခံခြင်းသည် ကိုယ့်ကိစ္စမဟုတ်ပါ ။ အချိန်တန်လျှင် ကံ့ကော်ပန်းများ ပွင့်လန်းမွှေးထုံစမြဲ ။ အချိန်တန်လျှင် နေဝင်စမြဲ ။ အချိန်တန်လျှင် တိမ်တောက်စမြဲ ။ နောက်တစ်နေ့မှာ နေပြန်ထွက်မည် ။ အသက်ရှင်ဖြစ်တည်ကတည်းက ခုန်ခဲ့ရသော ၊ တဒိတ်ဒိတ်ခုန်ခဲ့ရသော နှလုံးသားသည် ပင်ပန်းသည်မရှိ ၊ တဒိတ်ဒိတ်ခုန်မြဲပင် ။ ရှင်သန်မှုနည်းပါးသော်လည်း ရွှန်းလက်သော မျက်လုံးများထဲမှာ သုံးလခန့်အလိုကပင် တစ်ကြိုး မေးခွန်းများကို ဖော်ပြနေခဲ့ကြောင်းမသိ ။ ခရမ်းနုရောင်ဘ၊ ပန်းနုရောင် မုန်းစရာကောင်းသော အရောင်နုများ တဖွားဖွားလွင့်နေ၏ ။ သေးသေးမျှင်မျှင် ကော်ကိုင်းအနက်နှင့် မျက်မှန်တစ်စုံသည် ရင်ထဲက ပန်းချီကားကို ဖုံးကွယ်ထား၏ ။ အလှဆုံး ချစ်ဖို့အကောင်းဆုံး မျက်နှာကလေးများ ရေးဆွဲတတ်သော မောင်...

တောင်ပံမပါသော စာအုပ်များ

  -------------------------------------------- မောင်ကြည် တစ်ခါတုန်းက အခန်းတစ်ခန်းထဲမှာ စာအုပ်တွေစုပုံပြီး နေထိုင်ခဲ့ကြတယ်။ စာအုပ်တွေကတော့ အရွယ်အစား ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ပေါ့။ ရက်တွေ လတွေကြာလာတော့ အဲဒီအခန်းထဲမှာ စာအုပ်တွေဟာ တဖြည်းဖြည်း ပျင်းရိငြီးငွေ့လာကြတယ်။  ပျင်းဖို့ကောင်းလိုက်တာ  ဆိုပြီး တဝါးဝါးသမ်းကာ ငိုက်မျဉ်းနေကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ဖတ်တဲ့သူမရှိဘဲ အခုလို အကြာကြီးနေရတာ အဓိပ္ပာယ်မဲ့သလို ခံစားနေရလို့တဲ့။ အဲဒီလိုနဲ့ အခန်းထဲက စာအုပ်တွေဟာ စာဖတ်မယ့်သူတွေကို မျှော်ရင်း အချိန်တွေကို ဖြုန်းတီးပစ်နေရတော့တယ်။ တစ်နေ့ တစ်နေ့ မိုးလင်းလာလိုက် မိုးချုပ်လာလိုက်နဲ့ ပျင်းစရာကောင်းတဲ့ အချိန်တွေပဲလို့ စာအုပ်တွေ တွေးနေမိတယ်။ စာအုပ်တွေဟာ အခန်းတစ်ခုတည်းမှာ စုပုံနေထိုင်ရင်း တစ်အုပ်ကို တစ်အုပ်ငေးကြည့်ပြီး အပျင်းဖြေနေရတယ်။ သူတို့ဟာ ဖတ်မယ့်သူ မရှိတော့ နေရာလည်းမရွေ့ အကိုင်အတွယ်လည်း မခံရလို့ ဖုန်အလိမ်းလိမ်း တက်လို့ပေါ့။ သူတို့စာရွက်အသားလေးတွေလည်း တဖြည်းဖြည်း အဝါရောင်သန်းကာ ဖျော့တော့လာခဲ့တယ်။ ကြည့်ရတာ သွေးအားနည်းပြီး အိပ်ရာထဲ လှဲနေရတဲ့ လူတစ်ယောက်လိုပဲ။  ဒီအတိုင်းဆို ငါတို့ တဖြည်...

မအောင်မြင်ခဲ့သော ခံတပ်များ

____________________________ ကြည်ဇော်အေး  ၁။ အင်းဝမြို့ဟောင်းကို ကျွန်တော်တို့ရောက်သွားတော့ အရွယ်မရောက်သေးတဲ့ ကလေးလေးတစ်ယောက်ကျွန်တော်တို့အနားကို အပြေးအလွှားရောက်လာသည်။  ပြီးတော့သူ အလွတ်ကျက်ထားသည့် မယ်နုအုဋ္ဌ်ကျောင်း၊ဗားကရာကျောင်း၊ဆင်ကျုံးခံတပ်ကြီးရဲ့ အကြောင်းတွေကို ကြက်တူရွေးလေးတစ်ကောင်လို တတွတ်တွတ်ရွတ်ပြနေပါသည်။ကျွန်တော်တို့နောက်သို့တကောက်ကောက်လိုက်ပြီး သူရှင်းပြနေတာ တနေကုန်သွားသည်။ သူ့ကိုမေးကြည့်တော့ အဖေက မရှိတော့၊ အမေကသူ့ကို အဖိုးနဲ့ပစ်ထားခဲပြီး ဘယ်ထွက်သွားတယ်မသိတော့ဘူးဟုဆိုသည်။ကျောင်းလည်းမနေရတော့ဟု ပြောပါသည်။ကျွန်တော်တို့ပြန်ခါနီးတော့ ထိုကလေးအား မုန့်ဖိုးပိုက်ဆံအနည်းငယ်ပေးထားခဲ့၍ မန္တလေးသို့ပြန်လာခဲ့ကြသည်။ တငြိမ့်ငြိမ့်စီးဆင်းနေသာ ဧရာဝတီမြစ်ကြီးသည် ဆည်းဆာရိပ်တွင်လှပနေပါသည်။ ကမ္ဘာပေါ်ရှိမြစ်ကြီးများသည် လှပစွာ စီးဆင်းနေကြသည်။ခေတ်အဆက်ဆက် လူသားများသည် မြစ်ဝှမ်းဒေသတွေမှာ မြို့တွေရွာတွေတည်ကြ၊ မြစ်တွေကို အမှီသဟဲပြုပြီး အသက်မွေးရှင်သန်ကြ၊ တစတစတိုးတက်လာကြ၊ယဉ်ကျေးလာကြသည်။ ကျွန်တော်တို့သည်လည်း နိုင်းမြစ်ဝှမ်းဒေသက အီဂျစ်တွေလို ၊ တောဆင်ရိုင်းတစ်ကောင်ကဲ့သို့ ကြမ်းတမ်းခက်ထန်သော မစ္စစ္စပ...

#ဂီတနက်သန်ကိုစောညိန်းပြောသော ရုပ်နမ်တို့၏မမြဲသောသဘော

************ စံပယ်ဖြူတုံးကာမှ ခင်ဖုန်းသက်ဝေရယ်။ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ်။ လှောင်တာလေလားနော်ကွယ်ဖန်လာပုံခုမှ ဆန်းကြယ်။ အချစ်ဖြင့်ဆိတ်သုဉ်း ။ ဆုံးရှုံး ခြောက်ခန်း လောင်ကျွမ်းခဲ့ရ မောင့်ဘဝ အစဉ်ဝယ် ဆက်သွယ်သန္တတိ မမြဲသောရုပ်နမ် ပြောင်းလဲသည့်နှယ် ဖြစ်ပြန် ပျက်ပြန် အချစ်မှန် တရားရယ် မူလွန်းခဲ့သူရယ် ပွင့်ဦးကြွေမှဖြင့်ကွယ် မပန်စေချင်ရက်တော့တယ် ... ၁၉၅၁ ခုနှစ် မေလ ရှုမဝ မဂ္ဂဇင်းတွင် ဆရာသန်းဆွေက ပွင့်ဦး အမည်နှင့် ဝတ္တုရှည်တစ်ပုဒ် ရေးသားထားခဲ့သည်။ ပွင့်ဦး သီချင်းကို  ဂီတနက်သန်အဖွဲ့မှနေ၍   ကိုယ်စောညိန်း ကိုယ်တိုင် သီဆို၍  မြန်မာ့အသံမှလွှင့်သည့်အခါ  ထိုသီချင်းကို ဓာတ်ပြားကူးယူထားရန် ညွန်ကြားရေးဝန် ဦးခင်ဇော်က တယ်လီဖုန်းဖြင့် လှမ်းပြောကြားခဲ့သည်။ မြန်မာ့အသံမှ တာဝန်ရှိသူများက  ဓာတ်ပြားကူးယူပြီးသည့်အခါ ဓာတ်ပြား၏  လေဘယ်ကက်ပြားပေါ်၌ဤသီချင်းသည် အနုပညာရသ အမြောက်ဆုံးသောခံစားမှု  တေးတစ်ပုဒ်ဖြစ်သည်ဟု ဦးခင်ဇော်ကိုယ်တိုင်အင်္ဂလိပ်လိုရေးသားပြီး လက်မှတ်ထိုးထားခဲ့ပေသည်။ ဂီတနက်သန်ကိုစောညိန်း ရေးသားခဲ့သည့် သီချင်းများတွင် ပွင့်ဦး သီချင်း၏ ကျော်ကြားမှုဂယက်သည်ထိုစဉ်မှစ၍ ယခု နှစ...

ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ

                                     [  လှသန်း ]                                     ကျန်းမာရေး မကောင်းလို့ ဝင်ငွေ မကောင်းလို့ မိုးလေဝသ မကောင်းလို့ ခုလို အခက်အခဲတွေထဲမှာ ဖိနပ်သဲကြိုးကို သတိထားနေရ ခုံကလည်း လှုပ်လှုပ် မြင်းကလည်း လှုပ်လှုပ် ပြုတ်ကျသွားချင်လည်းသွား ဒုက္ခဆိုတာ သစ္စာတရား ကျွန်တော့်ရဲ့ မိုက်မဲမှုများ လောကကြီးက အလိုက်သိပါ့မလား ရေပြင်ရဲ့ မာယာကို မုန်းတယ် ပိုက်ကွန်ထဲက ငါးတွေကို သနားတယ် ထောင်ချောက်ကို လိုက်ရှာနေတဲ့ သားကောင်ဆိုတာ  ရှိပါ့မလား ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ လူနာတင်ယာဉ်တစ်စီးလို အသုံးဝင်ချင်တယ် ရော့ခ်အင်ရိုးလ် တစ်ခေတ်လုံးကို နားထောင်ခဲ့တယ် ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ် ကဗျာနဲ့ ဘဝကို ချည်နှောင်ထားခဲ့တယ်  သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား သူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ် အသက...

ကပ်ဖ်ကာဦးထုပ်

_________________ ပိုင်သစ်နွယ် ချာလီချက်ပလင်ရဲ့ဦးထုပ် ဒီဘိုးနိုးရဲ့ဦးထုပ် တိုက်ဂါးဝုဖ်ရဲ့ဦးထုပ် မက္ကဆီကန် က  ကောင်းဘွိုင်တွေရဲ့ဦးထုပ်။ သင် ကြိုက်နှစ်သက်ရာ ဦးထုပ်ကို ယူဆောင်းနိုင်ပါတယ်။ ဉီးခေါင်းမရှိတဲ့ မျက်လုံးတွေအတွက် ဦးထုပ် မလိုအပ်ပေမယ့် ဦးခေါင်းရှိတဲ့ ခြေထောက်တွေအတွက် ဦးထုပ်ဟာ ကွန်ဒုံးလို လိုအပ်ပါတယ် ဦးထုပ်ဆိုတာ  နေရောင်ခြည်မှာ ရောဂါပိုးမွှားများကို  သေစေနိုင်တဲ့ ဆင်ခြင်ခြင်းဝါဒီပါပဲ။ ဘာတံဆိပ်ပဲ ဆောင်းဆောင်းပါ အရေးကြီးတာက သင့်ဦးခေါင်းကို ဝှက်ထားတဲ့ ဦးထုပ်မဖြစ်ဖို့ ။ ၂၀၁၄

ငယ်သူငယ်ချင်း

-------------------- မောင်ပြည်အေး(ချောက္ကံ) ချန်ခဲ့တဲ့ ထနောင်းတောထဲမှာ ငယ်လက်ရေးနဲ့ဘဝတွေရှိတယ် အဲဒီမှာ မင်း  စီးလာတဲ့ဖိနပ်ထက်စာရင် ကျန်ခဲ့တဲ့အိပ်မက်က ပိုအရသာရှိမယ် နောက် ငါတီးလိုက်တဲ့ ဂီတထက်စာရင်လည်း ကျန်ရစ်ခဲ့တဲ့ ပန်းခင်းကပိုလွမ်းမောစရာပဲ ခုတော့ ငါလည်းမင်းလိုဘဝတွေမူးခဲ့တယ် တကယ်ဆို မင်းလွမ်းသလို ငါမျှော်ဖြစ်ခဲ့့ပေမယ့် ဟိုး... ငယ်လက်ရေးနဲ့ကွင်းပြင်တွေ တမျှော်တခေါ်ကြီးကျန်ခဲ့ပြီ။ သပြေ 2003

စိတ္တနု ပဿနာ

-------------- မောင်ဖီလာ မီးခြစ်ဗူးထဲမှာလည်း မီးမရှိဘူး မီးခြစ်ဆံထဲမှာလည်း မီးမရှိဘူး မီးခြစ်ဗူး ဘေးက ကော်ပတ်ထဲမှာလည်း  မီးမရှိဘူး ။ (လယ်တီဆရာတော်) အဲ့ဒါ ငါ့ဦးထုပ် ၊အဲဒါ ငါ့အရည် ပြား အဲဒါ ငါ့ ချစ်သူ အဲ့ဒါ ငါ့ဝရန်တာ ၊ အဲဒါ ငါ သိပ် ကြိုက်တဲ့  ငါ့ ရှုမျှော်ခင်း သက်တံ ကွင်းပြင်ထဲမှာ လွင့်မျောနေချင်တဲ့ စိတ်ဟာ အခန်းတံခါးကို ကျပ် ညှပ်နေတယ် ဆိတ်ခြေထောက်စွပ်ပြုတ် ထဲမှာလည်း ငါ ပဲ အပြာရောင်ဇာခန်းဆီးကလည်း ငါ ပဲ ပိုက်ဆံ တစ်သောင်းနှစ်ထောင်ကလည်း ငါ ပဲ အိမ်နောက်ဖေးက လက်ဆေးကြွေ ဇလုံကြီးလည်း ငါ ပါပဲ အဆီတရွှဲရွှဲ နဲ့ ငါး ကင်ဟာ ခေါင်းကနေ ခြေဖျားအထိ ဆူဆူညံညံ လျှောက်ပြေးနေတယ် သံဘရပ်(ရှ်) ကို ပေါင်မုန့်လို မျိုချမိပြီ ပေါ့  ဂွင်းတွေ ဂွတွေ ဝက်အူလှည့်တွေ စကူဒရိုင်ဘာတွေ နဲ့ အစာအိမ်ကို ခေါက်ချနေတာပေါ့ ခွေးငတ်ဟာ ညနေခင်းကို လျှာနဲ့ လျှက်နေတယ်  ငှက်တစ်ကောင်ဟာ ကြွက်သေကို သစ်ကိုင်းပေါ်တင်ပြီး ဖျက်နေတယ် ဖျက်ထားသော ကဗျာ ဖျက်ထားသော စမ်းချောင်းလေး ဖျက်ထားသော အသက်အရွယ် ကျွန်တော့် မီးခြစ်ဗူးထဲမှာ မီးတွေလောင်နေတယ် ကျွန်တော့် မီးခြစ်ဆံထဲမှာ မီးတွေလောင်နေတယ် ကျွန်တော့် မီးခြစ်ဗူး ဘေးက ကော်ပတ်ထဲမှာလည်း မီးတွ...

အလျားလိုက်ဖြတ်သန်းခြင်း

  ----------------------- သစ္စာနီ ဒီလို မိတ္တူစက်က ထွက်ကျလာသလို နေ့မျိုး ဒီလို....... ရှေ့တိုးမရ နောက်ဆုတ်မရ ဒီလို... သောက်နေကျလက်ဖက်ရည်က အရသာပျက်တဲ့နေ့မျိုး ဒီလို... မျက်ထောင့်နီနီ နဲ့ အကြည့်ခံရ ဒီလို... မြွေဖြစ်လျက် တွင်းဝင်မဖြောင့် ဒီလို.... ချေဂွေဗားရား လိုလို နတ်သျှင်နောင် လိုလို ပြီးတော့... ဒီလိုပါပဲ လေ လို့ ခင်ဗျားတို့နဲ့အတူတူ ပြေရာပြေကြောင်း တွေးမိတဲ့ နေ့မျိုး ပေါ့ ။ ရနံ့သစ် မဂ္ဂဇင်း ၂၀၁၀

ရန်ကုန်မြို့၌နေထိုင်ခြင်း

--------------------- ကေမျိုးငြိမ်း ဆယ်ပေပတ်လည် အခန်းထဲ ဆယ့်နှစ်ပေရှိသူ မောင်နှမတစ်စု သူတို့ထမင်းဝိုင်းရှေ့ နောက်ကျောပေးငဲ့ကြည့်နေသူ အိမ်သာတစ်လုံး ဝပ် ၆၀ မီးအားထဲ ဗို့အား တစ်ထောင်မက မျှော်လင့်ချက်များနဲ့ လကုန်တော့ အမေ က ဖုန်းဆက်တယ် လ မကုန်ခင် အိမ်ရှင်က မျက်စောင်းထိုးတယ် ။ LooK မဂ္ဂဇင်း

ခံစားမှုဝါဒီတစ်ယောက် အိပ်ရာဝင်

----------------------- ဉက္ကာကျော် ပြတင်းပေါက်အားလုံးဖွင့်ပြီး ပြီ လရောင် လေးညှင်း နေခြည်တစ်စ သင်းကွဲငှက်လေးတစ်ကောင် ခြင်ထောင် နဲ့ တိုင်မှာ တံတားထိုးနေတဲ့ ပင့်က္ကူမျှင်တွေလို အာရုံနဲ့ လိုအပ်ချက်ငြိတွယ် နေ ။ စလောင်းကလာတဲ့ အငတ်ဘေးကအစ ထီဆိုင်ကြော်ငြာ အဆုံး မျှားချိတ် မှာ အစာတတ် စောင့်ကြည့်နေ ဖော့လုံး လေး ။ ဖော့လုံးလေး ဟာ  မောင်းလာတဲ့ ကားနဲ့ လမ်းဘေးကြော်ငြာဘုတ်ကို ဝင်တိုက်ပစ်တယ် ဝေဒ နာ တစ်ခုရဲ့ ညဉ့်နက်ခြင်းမှာ စည်းစိမ်ဥစ္စာ ဝါလျှာ ခံခဲ့သေး လား ။ ဒီဖော့လုံးလေး က တစ်ထောင်တန် စက္ကူနဲ့ ခတ်ပြီး (ကလင့်အိဝုဖ် )  လို  မီးခြစ်ဆံကို မီးထွက်ခိုင်းတယ် ဒီမှာ ပြင်းထန်တဲ့ ဗို့ အား တစ်ကိုယ်လုံးထိန်သွား ပေါ့ ။ တမြေ့ မြေ့ တစ်နွေလုံး ခင်းပြီး အိပ်ရာဝင်မယ်  "ကျွန်တော့် ရန်သူများ သက်တော် ရာကျော်ရှည်ပါစေ " ။ ခေတ်ပေါ်၊ခေတ်ပြိုင် ကဗျာစုစည်းမှု အချို့ ၂၀၁၉၊  စိတ်ကူးချိုချို

ထင်ရှားသည့်အမှတ်အသား ကိုးကွယ်သည့်ဘာသာ

------------------------ လင်းမိုးစွေ ရေဟာ ရေပါပဲ ရေတွင်းက ရေ ပိုက်ကလာတဲ့ ရေ ...စသည်ဖြင့် အိမ်သာထဲလည်း ရောက်တယ် ဘုရားစင်ပေါ်လည်း ရောက်တယ် အသုံးချတတ်မှုနဲ့ တန်ဖိုးထားတတ်မှုဟာ ဘာသာရေးပဲ။ နေ့လွဲညစာအတွက်ပါ စားထားတဲ့ ဥပုသ်နေ့တွေဆို ဓမ္မာရုံတွေက ဓမ္မပူဇာတေးတွေကို အတင်း အဓမ္မ ဖွင့်နေတယ်။ နားထောင်တတ်မှ ကြားရတဲ့ ဓမ္မ အတိုးအကျယ် မရှိဘူး အကျဉ်းအကျယ်သာ ရှိတာပါ။ ဘုရားပွင့်ခဲ့တဲ့ ဗောဓိညောင်ပင် ဘုရားနားမှာ  ဘယ်သူမှ မတို့ရဲ မထိရဲ အခု ဘုရားကို မြိုနေပြီ  ငြမ်းက ဘုရားကို ဖျက်နေပြီ။ နိဗ္ဗာန်က အသွားပဲရှိတယ် အပြန်မရှိဘူး ငရဲက အသွားရော အပြန်ရောရှိတယ်။ နိဗ္ဗာန်က ဖြတ်လမ်းမရှိဘူး ငရဲက ဖြတ်လမ်းရှိတယ်။ ဘယ်လိုလဲ... ဘယ်ကို သွားမလဲ... ဘယ်လို သွားမလဲ... မြင်တာကို မြင်တယ်လို့မှတ်ဖို့ မြင်ပေမယ့် မမြင်နိုင်ကြဘူး။ ကျယ်ရမယ့် မျက်စိကျ မကျယ်ဘူး မကျယ်ရမယ့် ဖင်ခေါင်းကျ ကျယ်နေတယ် ဦးဇင်းလေးဟောတဲ့တရား တဟားဟားနဲ့ ပွဲကျလို့  တရားပြပေမယ့် တရားမရတဲ့သူတွေလေ...၊ ဆုတောင်းတိုင်း မပြည့်ဘူး တောင်းတဲ့ဆုတွေက ပါးစပ်ကြီးနဲ့အပြည့်၊ အကုသိုလ်တွေ ပါလာမှဖြင့် ခွဲတမ်းနဲ့ ဝေနေတဲ့ အမျှ သာဓုတွေ ခေါ်နေကြတယ် ။ ဆီမီးပူဇော်တာလို့ ခေါင်းစဉ်တပ...

ရောင်စုံဘောလ်ပင်

---------------- ကိုရွေး ဘာအရောင်နဲ့ ရေးရေး စကားလုံးတွေ အဓိပ်ပါယျ မပြောင်းဘူး အစိမ်းရောင်လေးလည်း သစ်ရွက်ပဲ အဝါရောင်လေးလည်း သစ်ရွက်ပဲ ဝေမယ်၊ကြွေမယ် ၊အဓိပ်ပါယျ ရောင်စုံဘောလ်ပင်လေး ရတဲ့နေ့ကစ ရောင်စုံစာလုံးလေးတွေ ရေးမိတယ် ကောင်းကင် ၊ပင်လယ် တောင်တန်း နဲ့ ချစ်သူ့ နံမည် တှေးမယျ ၊ငေးမယ် ကျွန်တော့် စာမျက်နှာများ အစွန်းအထင်းများလှတယ်  ကုန်ကြမ်းပေးပေ မဲ့ ကုန်ချောမရခဲ့ ဘဝ ရယ် တစ်ခုလောက်တော့ အောင်မြင်ခဲ့ချင်ပါ ရဲ့ ဘာပဲ ဖြစ်ဖြစ်  အရောင် အနံ့ အရသာကင်းမဲ့တဲ့ ရေတစ်ခွက် အသက်တမျှ တပ်မက်မိပါတယ် ။ စိမ်းရောင်လွင် မဂ္ဂဇင်း ၂၀၀၃