ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ
#စစ်သွေးငယ် မိုးခိုလာတဲ့ငှက်ကလေးတွေအကြောင်းကို မိုးစိုလာပုံကနေ စပြီးပြောရမယ်၊ မိုးစိုလာတဲ့ ငှက်ကလေးတွေအကြောင်းကို မိုးရွာလာပုံကနေ စပြီးပြောရမယ်၊ မိုးရွာလာပုံကနေ စပြီး ပြောဖို့ တိမ်ညိုလာပုံလည်း ပြောရဦးမယ် တိမ်ညိုလာပုံအကြောင်း ကိုပြောရင်း လေညှင်းလေးအကြောင်းလည်းပါလာမယ် လေးညှင်းလေး အကြောင်းကို ဆို နေသာတဲ့ နေ့က စရတာပဲ နေသာတဲ့ အကြောင်းကို စလိုက်တာနဲ့ ပျော်ရွှင်နေတဲ့ ငှက်ကလေးကနေ အစပြုရတယ်.. ပျော်ရွှင်နေတဲ့ ငှက်ကလေးအကြောင်းပြောတော့ အရိပ်ကောင်းကောင်း သစ်ပင်က ပါလာရတာပဲ အရိပ်ကောင်းကောင်း သစ်ပင်ကောင်းကြောင်းပြောတဲ့အခါ မိုးခိုလာတဲ့ငှက်ကလေးအကြောင်း ပြောဖြစ်သွားပြန်တယ်။ စစ်သွေးငယ်