ငို ပြီးစ မြို့


---------

ညီသွေး


အရင်ကတော့

အဲဒီမှာ ဘဝက မြူးမြူးကြွကြွ

ဂီတ အကြောင်း

တောတောင် အကြောင်း

ဘုရား သခင်အကြောင်း ပြောကြ ။

ပုံပြင် တွေ ပြီးတော့

မြို့ကလေး နဲ့ စမ်းတဝါးဝါး အယုံလွယ်ခဲ့ တဲ့

အနမ်းစိမ်စိမ်း များနဲ့

လောက ကို မကျေနပ်သူ နောက်တစ်ယောက်

ပြီး နောက်တစ်ယောက် အကြောင်း ပြောကြ

အိမ်များထဲက ဘဝများ မှာ 

(ဝါ)

အမှား အမှန် ငြင်းဆိုရခြင်း များ 

ပြုန်းတီးနေရင်

ဟို တစ်နေရာ ဒီ တစ်နေရာ

မီးရောင်လက်လက် ညဉ့်နက်သန်းခေါင်မြင် ရ

နောက်ည မှာ တော့

မြို့ဟာ ပိန်းပိတ်အောင် မှောင်လျက်

အဲဒီမှာ အိပ်မက်တစ်ခု ဟာ

အထပ်ထပ် မက်လို့

ငါးတစ်ကောင်မှသာ မရတာ

ရေစီးသံ ကြားရ

ပန်းတွေ မပွင့်ရတဲ့ အခါ

မြို့ကလေး လန့်နို့း ခဲ့

စွတ် စွတ် စိုစို မျက်ရည်စတွေနဲ့ ပေါ့ ။


ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

၁၉၉၉

Comments

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ကျနော်က တော့ဖြင့် ------