ကျနော်က တော့ဖြင့် ------
ကျနော်က တော့ဖြင့်
--------------
မိုးသက်
ညနေဆို ဘုရားပန်းလဲ ရေချမ်းကပ်
သတ္တဝါ အပေါင်း ဘေးကင်းငြိမ်းချမ်းစေကြောင်း
ဆုတောင်းပြီး လမ်းလျှောက် တယ်
တစ်နေ့ကို ၂၄ နာရီထက် ပိုမလာတာက အစ
တစ်ညက နေ နောက်တစ်နေ့ နေဝင်သည် အထိ
မေ တ္တာ တရားကလွဲ ဘာမှ မရှိဟု ဝန်ခံခဲ့
တစ်ခါ တစ်ခါ ကျနော် ခရီးထွက်တယ်
ပြန်လာ တယ်
ကျနော် ကြည့်မိတိုင်း ငှက်တို့ ပျံမြဲ ပျံနေကြတယ်
လူ အဖြစ်က ခရီး နဲ့ ဆုံးပုံရတယ်
သေချင်လည်း မသေ ၊မသေချင်လည်း သေ
ထိုကဲ့သို့ ဘာမှ မခြား
ကျနော် ဆင်ခြင်ခဲ့
ကျနော် ရိုးသားခဲ့ပါတယ် လို့
ဝန်ခံတာ ဗင်းဆင့် အမှား ပါ
လူတွေ ဝိုင်းရယ်ကြ
ခဲနဲ့ ပစ်ပေါက်ခံရ
အရူး လို့ အပြောခံ ရရုံမှ တစ်ပါး မရှိ
အခုတော့
နေကြာပန်း နီနီ ဝါဝါ ကျင်ကျင်
အို ဘုရားမှ တစ်ပါး အခြား မရှိသကဲ့ သို့
ကျနော်ကတော့ ဖြင့်
ရီတတ်နေခဲ့ ပါပြီ ။
ခေတ်ပေါ်/ ခေတ်ပြိုင် ကဗျာစုစည်းမှု အချို့
၂၀၁၉
Comments
Post a Comment