မားမို့ ဒါ၀စ်ရှ်


ဒို့ တိုင်းပြည်

သို့ ဒို့တိုင်းပြည်
ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်နဲ့ နီးကပ်တဲ့ တိုင်းပြည်
တိမ်တောင်မျက်နှကျက်များနဲ့
သို့ ဒို့တိုင်းပြည်
နာမ်တွေရဲ့ ၀ိသေသနတွေ အမွှန်းပြုလို့ မမီနိုင်
ပျက်ကွက် မြေပုံ
သို့ ဒို့တိုင်းပြည်
နှမ်းစေ့လေးလောက် သေးငယ်တဲ့ တိုင်းပြည်
ကြီးမြတ်တဲ့ မိုးကုတ်စက်ဝိုင်း၊ ပုန်းလျှိုးနေတဲ့ အက်ကွဲကြောင်း
သို့ ဒို့တိုင်းပြည်
ခါဘုတ်တောင်ပံလောက် မွဲတဲ့ နိုင်ငံ
မြင့်မြတ်တဲ့ စာအုပ်များ……..  ၊  ကိုယ်ရေးဒါဏ်ရာ
သို့ ဒို့တိုင်းပြည်
စုတ်ပြတ်နေတဲ့ တောင်တန်းများနဲ့ ၀န်းရံထားတဲ့ တိုင်းပြည်
မဝေးသောအတိတ်ရဲ့ ရုတ်တရက် တိုက်ခိုက်မှု
သို့ ဒို့တိုင်းပြည်
စစ်ပွဲရဲ့ ဆုလဒ်တစ်ခု
မျှော်ရည်တမ်းတခြင်းနှင့် ပူလောင်မှုတို့ကြား သေဆုံးဖို့အတွက် လွတ်လပ်ခြင်း။
ငါတို့ ပြည်ဟာ သွေးစွန်းတဲ့ ညတွေမှာ
အဝေးအတွက် အဝေးကနေ တောက်ပနေတဲ့ ရတနာတစ်ပါးပေါ့
သူဟာ အပြင်ဘက်မှာ အလင်းတွေ တောက်ပနေပေါ့
ငါတို့အတွက်တော့ အတွင်းထဲမှာ
ငါတို့ဟာ ပိုပိုမိုမို မွန်းကျပ်နေရပေါ့။


                                     မားမို့ ဒါ၀စ်ရှ်




ဒို႕ တိုင္းျပည္

သို႕ ဒို႕တိုင္းျပည္
ဘုရားသခင္ရဲ့ ႏႈတ္ကပါတ္ေတာ္နဲ႕ နီးကပ္တဲ့ တိုင္းျပည္
တိမ္ေတာင္မ်က္ႏွက်က္မ်ားနဲ႕
သို႕ ဒို႕တိုင္းျပည္
နာမ္ေတြရဲ့ ၀ိေသသနေတြ အမႊန္းျပဳလို႕ မမီႏိုင္
ပ်က္ကြက္ ေျမပုံ
သို႕ ဒို႕တိုင္းျပည္
ႏွမ္းေစ့ေလးေလာက္ ေသးငယ္တဲ့ တိုင္းျပည္
ႀကီးျမတ္တဲ့ မိုးကုတ္စက္၀ုိင္း၊ ပုန္းလွ်ဳိးေနတဲ့ အက္ကြဲေၾကာင္း
သို႕ ဒို႕တိုင္းျပည္
ခါဘုတ္ေတာင္ပံေလာက္ မြဲတဲ့ ႏိုင္ငံ
ျမင့္ျမတ္တဲ့ စာအုပ္မ်ား……..    ကိုယ္ေရးဒါဏ္ရာ
သို႕ ဒို႕တိုင္းျပည္
စုတ္ျပတ္ေနတဲ့ ေတာင္တန္းမ်ားနဲ႕ ၀န္းရံထားတဲ့ တိုင္းျပည္
မေ၀းေသာအတိတ္ရဲ့ ရုတ္တရက္ တိုက္ခိုက္မႈ
သို႕ ဒို႕တိုင္းျပည္
စစ္ပြဲရဲ့ ဆုလဒ္တစ္ခု
ေမွ်ာ္ရည္တမ္းတျခင္းႏွင့္ ပူေလာင္မႈတို႕ၾကား ေသဆုံးဖို႕အတြက္ လြတ္လပ္ျခင္း။
ငါတို႕ ျပည္ဟာ ေသြးစြန္းတဲ့ ညေတြမွာ
အေ၀းအတြက္ အေ၀းကေန ေတာက္ပေနတဲ့ ရတနာတစ္ပါးေပါ့
သူဟာ အျပင္ဘက္မွာ အလင္းေတြ ေတာက္ပေနေပါ့
ငါတို႕အတြက္ေတာ့ အတြင္းထဲမွာ
ငါတို႕ဟာ ပိုပိုမိုမုိ မြန္းက်ပ္ေနရေပါ့။

                                     မားမို႕ ဒါ၀စ္ရွ္

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------