Posts

လူ့ဘဝဟာ ကမ်းစပ်မှာ.

----------------- သက်ငြိမ်သစ် တေစၦဟာ  သဘေ်ာပေါ်မှာ မဟုတ်တော့ဘူး မီးရောင်နဲ့ ကမ်းပါးပေါ် တွားတက်လို့ ယမ်းငွေ့တွေကို  မသုံး နဲ့ အိပ်မောကျနေတဲ့ ကိုယ်ချင်းစာမှု နဲ့ ချိန်ပစ်ပါ ကြောက်စရာမကောင်းဘူး လို့ အော်ပြီး တုန်လှုပ်မိတယ် လူဟာ  လူ အသံမထွက်တော့ ဘူးတဲ့ လား ခေါက်ရိုးကျိုး အရုပ်ကလေးတွေ တစ်စစီ ကွဲရှ ယမင်းရုပ်ကလေးဟာ မျက်လုံးတစ်ဖက် ဟ လို့ ငယ်ငယ်ကလို ထွက်ခါစ နေဝန်းကို လှိုင်းက ပုတ်ချလိုက်ပြန်ပြီ ကမ်းစပ်မှာ လူ့ဘဝ ဟာ ရေစီးရေဆန် ပုစ္စာဆိုတဲ့ သီချင်း နဲ့ လှေ ကလေး တွေ မာယာ ကို မတွေးပဲ လှော်ခတ် လို့ ။ ကဗျာ့ အသံ အမှတ် ၅ ၂၀၁၅

ကျောင်းတော်ကအပြန်

  --------------- ခရမ်းပြာထက်လူ အိပ်မပျော်ဖြစ်တိုင်း တိတ်တဆိတ် သစ်ပင်တွေဆီထွက်သွား စကားစမြည်ပြောနေတတ်တယ် ( ရှင်သန်ပုံကိုသင်ယူလို့ ) အိပ်မပျော်ဖြစ်တိုင်း တောင်ကုန်းတခုပေါ်တက်ပြီး အိမ်တွေကိုဆီးကြည့် သွေးပူလေ့ကျင်ခန်းယူနေတတ်တယ် ( နေထိုင်ပုံကိုသင်ယူလို့ ) လရောင်ရိုက်ဖွင့်လို့ ပြတင်းတံခါးပွင့် လွင့်စင်သွားတိုင်း သူ့ဆံပင်ကိုဆွဲနှုတ်  ကြယ်တွေကိုကြိုးကွင်းလုပ်ပစ်ဖမ်းနေတတ်တယ် ( မြင့်မြတ်ပုံကိုသင်ယူလို့ ) တညမှာတော့ သူဟာ ဒဏ်ရာတွေကို ဟိုစပ် ဒီစပ် ဆက်စပ်ရင်းဖြန့်ခင်း ( သီချင်းကလေးညည်းလို့ ) အလွယ်တကူ ပဲ မြို့ကြီးကိုထည့်ထုပ် ထွက်သွားတော့လေရဲ့။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊  အောက်တိုဘာလ၊ ၁၉၉၅ ခုနှစ်

ဥတုမဲ့

                                  သက်ငြိမ်သစ်   တစ်ယောက်က အဆက်အဟက်မရှိတဲ့ လွင်ပြင်ဆီအလည်သွားမယ်လုပ်တော့ တစ်ယောက်က ရေခန်းနေတဲ့ အိုင်လေးကိုပဲအမြစ်တွယ်  ချစ်တယ်လို့ ကမ္ဘာတစ်ခွန်းစာပြောကြည့်ရမလား ကြယ်တွေပန်ထားတယ်လို့ပြောတဲ့ အနမ်းနဲ့ အခန်းဖွဲ့လို့မရတဲ့ အိပ်ယာလေးကို ဘယ်အာကာသဆီတိုင်တည် ဆွဲငင်အားမဲ့ပစ်ရမလဲ တစ်ယောက်က လမင်းပိန်ပိန်လေးဆီက အလင်းကို မျှော်တယ် တစ်ယောက်က နေခုနစ်ဆင်းတစ်ပြိုင်တည်းလင်းနေခဲ့တယ်  တိုက်ခတ်နေဆဲ လေတွေလို တို့တွေ တစ်ဘ၀စာအေးအောင် ဖမ်းဆုပ်ထားလို့ရနိုင်မလား  တစ်ယောက် နာမ်တရားထဲ တစ်ယောက်ဟာငေးစိုက်တွေဝေလို့ ဒီလိုမေးမိကြပေါ့  တကယ်ဆို သွပ်ဆူးကြိုးရနံ့တွေ မွှေးမြခဲ့တယ်လို့ တို့တွေရဲ့ အာရုံငါးပါးကို အလျှော့မပေးကြကြေး  ဆွေးတယ်ဆိုတာ သစ်တုံးလိုအသက်မဲ့သွားတာ ကျောက်တုံးလို သွေးဆုံးသွားတာ  ဒီလို တစ်ယောက်နဲ့ တစ်ယောက် ဆွဲခွာပစ်လို့မရတဲ့မေတ္တာဟာ ရွက်လှေတစ်စင်းလို ကမ်းကကြိုးကို ရုတ်လိုက်တာနဲ့ ရွက်လွှင့်လိုက်ရပြီးသား အဖြစ်နဲ့လား  တစ်ယောက်က ကမ်းမရှိတဲ့ကျွန်းမှာ သောင်လိုထွန်း...

သူ့အလှူ

 ဆရာ တင်ညွန့် သူ့အလှူ ---------- ကျွန်တော်တို့ ရပ်ကွက်ထဲတွင် ဦးဘအောင်ဆိုသည့် ရှေ့နေအိုကြီးတစ်ယောက်ရှိသည်။ ယခုတော့ ရှေ့နေ မလိုက်တော့ပါ။ သို့သော် သူ့အိမ်ရှေ့တွင် ဦးဘအောင်၊ အထက်တန်းရှေ့နေဆိုသည့် ဆိုင်းဘုတ်ကိုကား ချိတ်ဆွဲထားမြဲဖြစ်သည်။ သူသည် တစ်ချိန်က အလွန်အောင်မြင်သော ရှေ့နေကြီးတစ်ယောက်ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ လူပျိုကြီး ဖြစ်ပြီး တစ်ယောက်တည်း နေသည်။ သူ့အိမ်ကို တပည့်ဖြစ်သူ ရှေ့နေပေါက်စများက မကြာခဏ ရောက်လာ ကြပြီး အကြံဉာဏ် ယူကြသည်များကိုလည်း တွေ့ရသည်။ ဦးဘအောင် အိမ်ခြံစည်းရိုးတွင် ဆိုင်းဘုတ်တစ်ခုကိုလည်း ချိတ်ဆွဲထားသေးသည်။ “အလှူခံခြင်း သည်းခံပါ” ဆိုသည့် ဆိုင်းဘုတ်ဖြစ်သည်။ သူသည် ဘယ်သောအခါမျှ အလှူခံ၊ သူတောင်းစားများကို ပိုက်ဆံထည့်လေ့မရှိ။ သူတောင်းစားတွေကို အော်လွှတ်သည်။ အခြားအလှူခံတွေဆိုလျှင် “ကန်တော့ပါသေးရဲ့” ဟု ပြောထုတ်သည်။ ရဟန်း၊ သီလရှင်များ ဆိုလျှင်လည်း “ကန်တော့ဆွမ်းပါ” ဟု ဆိုလိုက်သည်သာ ဖြစ်သည်။ ထိုထူးဆန်းသော ရှေ့နေကြီး ဦးဘအောင်သည် တစ်ရပ်ကွက်လုံးနှင့် တစ်ယောက်ဖြစ်သည်။ မည်သူနှင့် မျှလည်း စကားပြောဆက်ဆံခြင်းမရှိ။ ပညာတတ်တစ်ယောက်ဖြစ်ရုံမက မာန်ကြီးလှသည်ဟု ကျွန်တော်က အစပိုင်းတွင် သတ်မှတ်ပြီး ...

ကျနော်က တော့ဖြင့် ------

 ကျနော်က တော့ဖြင့် -------------- မိုးသက် ညနေဆို ဘုရားပန်းလဲ ရေချမ်းကပ် သတ္တဝါ အပေါင်း ဘေးကင်းငြိမ်းချမ်းစေကြောင်း ဆုတောင်းပြီး လမ်းလျှောက် တယ် တစ်နေ့ကို ၂၄ နာရီထက် ပိုမလာတာက အစ တစ်ညက နေ နောက်တစ်နေ့ နေဝင်သည် အထိ မေ တ္တာ တရားကလွဲ ဘာမှ မရှိဟု ဝန်ခံခဲ့ တစ်ခါ တစ်ခါ ကျနော် ခရီးထွက်တယ် ပြန်လာ တယ် ကျနော် ကြည့်မိတိုင်း ငှက်တို့ ပျံမြဲ ပျံနေကြတယ် လူ အဖြစ်က ခရီး နဲ့ ဆုံးပုံရတယ် သေချင်လည်း မသေ ၊မသေချင်လည်း သေ ထိုကဲ့သို့ ဘာမှ မခြား  ကျနော် ဆင်ခြင်ခဲ့ ကျနော် ရိုးသားခဲ့ပါတယ် လို့ ဝန်ခံတာ ဗင်းဆင့် အမှား ပါ လူတွေ ဝိုင်းရယ်ကြ ခဲနဲ့ ပစ်ပေါက်ခံရ အရူး လို့ အပြောခံ ရရုံမှ တစ်ပါး မရှိ အခုတော့  နေကြာပန်း နီနီ ဝါဝါ ကျင်ကျင်  အို ဘုရားမှ တစ်ပါး အခြား မရှိသကဲ့ သို့ ကျနော်ကတော့ ဖြင့် ရီတတ်နေခဲ့ ပါပြီ ။ ခေတ်ပေါ်/ ခေတ်ပြိုင် ကဗျာစုစည်းမှု အချို့ ၂၀၁၉

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

  #စစ်သွေးငယ် မိုးခိုလာတဲ့ငှက်ကလေးတွေအကြောင်းကို  မိုးစိုလာပုံကနေ စပြီးပြောရမယ်၊ မိုးစိုလာတဲ့ ငှက်ကလေးတွေအကြောင်းကို မိုးရွာလာပုံကနေ စပြီးပြောရမယ်၊ မိုးရွာလာပုံကနေ စပြီး ပြောဖို့ တိမ်ညိုလာပုံလည်း ပြောရဦးမယ် တိမ်ညိုလာပုံအကြောင်း ကိုပြောရင်း လေညှင်းလေးအကြောင်းလည်းပါလာမယ် လေးညှင်းလေး အကြောင်းကို ဆို နေသာတဲ့ နေ့က စရတာပဲ နေသာတဲ့ အကြောင်းကို  စလိုက်တာနဲ့ ပျော်ရွှင်နေတဲ့ ငှက်ကလေးကနေ အစပြုရတယ်.. ပျော်ရွှင်နေတဲ့ ငှက်ကလေးအကြောင်းပြောတော့ အရိပ်ကောင်းကောင်း သစ်ပင်က ပါလာရတာပဲ အရိပ်ကောင်းကောင်း  သစ်ပင်ကောင်းကြောင်းပြောတဲ့အခါ မိုးခိုလာတဲ့ငှက်ကလေးအကြောင်း ပြောဖြစ်သွားပြန်တယ်။ စစ်သွေးငယ်

ငို ပြီးစ မြို့

--------- ညီသွေး အရင်ကတော့ အဲဒီမှာ ဘဝက မြူးမြူးကြွကြွ ဂီတ အကြောင်း တောတောင် အကြောင်း ဘုရား သခင်အကြောင်း ပြောကြ ။ ပုံပြင် တွေ ပြီးတော့ မြို့ကလေး နဲ့ စမ်းတဝါးဝါး အယုံလွယ်ခဲ့ တဲ့ အနမ်းစိမ်စိမ်း များနဲ့ လောက ကို မကျေနပ်သူ နောက်တစ်ယောက် ပြီး နောက်တစ်ယောက် အကြောင်း ပြောကြ အိမ်များထဲက ဘဝများ မှာ  (ဝါ) အမှား အမှန် ငြင်းဆိုရခြင်း များ  ပြုန်းတီးနေရင် ဟို တစ်နေရာ ဒီ တစ်နေရာ မီးရောင်လက်လက် ညဉ့်နက်သန်းခေါင်မြင် ရ နောက်ည မှာ တော့ မြို့ဟာ ပိန်းပိတ်အောင် မှောင်လျက် အဲဒီမှာ အိပ်မက်တစ်ခု ဟာ အထပ်ထပ် မက်လို့ ငါးတစ်ကောင်မှသာ မရတာ ရေစီးသံ ကြားရ ပန်းတွေ မပွင့်ရတဲ့ အခါ မြို့ကလေး လန့်နို့း ခဲ့ စွတ် စွတ် စိုစို မျက်ရည်စတွေနဲ့ ပေါ့ ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း ၁၉၉၉

ငါ့ သူငယ်ချင်းများနှင့် ယန်းပေါဆတ် လက်ဖက်ရည်ဆိုင်

--------------------- ကြည်ဇော်အေး အဟာရအသံတွေ လွင့်ဝဲနေပုံက ကုန်ရှုံးလာတဲ့ သ ဘေ်ာ ရဲ့ ဥဩ သံလို ။ ပျင်းရိဖွယ်နေ့များ ညှော်ဝင်ခဲ့ အတောင့်လိုက် ပြာကျသွားတဲ့ နေ့လယ်ခင်းများ ငါတို့့ မော့သောက်လိုက်တဲ့  လက်ဖက်ရည် ဆိုင် နံမယ် ဟာ အတ္တ ဘဝ အမှန် ဝါဒဖြစ်တယ် တစ်ယောက်က ညှိယူ ဖွာရိုက်နေရ ။ "မိုးကလည်း ခေါင်လိုက်တာ " နော် ဟိုကောင်က ပိုက်ဆံကို ခုထိ ဘုရား ထင်နေတုန်းပဲ မွေးနေ့ကျော်ရင် ကံကောင်းပါပြီ တဲ့ သီချင်းသံကို နားစွင့်မိတော့ ငါတို့ အဖေ ခေတ်က ရေဒီယိုကြီး ဖြစ်နေခဲ့ ။ ရေနွေးပူ လောင်ခဲ့တယ် ကိုယ့်လက်ဖက်ရည် ခွက်ထဲ ပြုတ်ကျတဲ့ ယင်ကောင် ကို ရွံတတ်သလို ကိုယ့် ကိုကိုယ် မသောက်ပဲ ထပြန်လို့ ရပါသလား စီးကရက် တစ်လိပ်စာ အိပ်မက်ထဲမှာ မီးခိုးတလူလူ တွေရဲ့ လှုပ်နှိုးမှု ခံလိုက်ရချိန် ဘဝ ဟာ လက်ဖက်ရည်တစ်ခွက် ဖြစ်တယ် ဘဝဟာ ယင်ကောင်တစ်ကောင် ဖြစ်တယ် ဒီနား ခဏလေး ဆိုပြီး ထွက်သွားတဲ့ မိတ်ဆွေ တို့ကလည်း အခုထိ ပြန်မလာ ကြတော့..... ။ စတိုင်သစ် မဂ္ဂဇင်း ၂၀၀၀

မလွမ်းဆွတ်တဲ့ တေး

-------------- နွန်လတ် ဟိုး.....အဝေးကိုငေးရင်း ငါ ဘယ်မှမလွမ်းသေးဘူး အမှောင် တနက်နက် ထဲမှာ ရွှေရောင်တလက်လက် ထနေတဲ့ သူမဆီ တကယ်ဆို နှင်းဆီက ဘာလို့ နီရဲနေတာလဲ ။ ငါလည်း ငါ ရလိုက်တဲ့ ရနံ့နဲ့ ငါ အဝေးပြေးကားဂိတ်လေး မှာ  ဘယ်သူတွေ ထွက်သွားမှန်းမသိ နှုတ်ဆက်လိုက်ရ ဘယ်သူတွေ ဝင်လာမှန်းမသိ လာကြိုနေရ နောက်... အဲသလို ရုပ်ရှင်မျိုး မကြည့်ချင်ဘူး ရှိစုမဲ့စု လေး အိပ်ကပ်ထဲ ထည့်ပြီး လမ်းမဘက် ထွက်ခဲ့တယ် ငါဟာ ကမ္ဘာကို မဝယ်နိုင်သေး အခု လက်ရှိ ရှင်သန်ခြင်းပေါ့ ပျော်စရာ သီချင်းများကို မျက်ရည်လည်ရွှဲ သီဆိုနေရချိန် ။ ချယ်ရီ မဂ္ဂဇင်း ၂၀၀၃

မောင်ချောနွယ် အတွက် မနေနိုင်လို့ရေးတဲ့ကဗျာ

------------------------------- အောင်ချိမ့်               မိုးတွေရွာပေါ့ အဲသလို မိုးတွေရွာတုန်းတစ်နေ့မှာ ဖော်ဝေးဟာ ထွက်ခွာသွားပါတယ် အဲသလို မိုးရွာတုန်းမှာပဲ ကိုလေးအောင်လည်း ထွက်ခွာသွားခဲ့ပါတယ် ခုတစ်ခါ မောင်ချောနွယ် သူငယ်ချင်း မောင်ချောနွယ် နှစ်ပေါင်း သုံးဆယ်ကျော် ငါတို့ ချီတက်ခဲ့ကြရာမှ မင်းထွက်ခွာသွားပေါ့ သူဟာ သူ့ကိုယ်သူ ရုပ်ရှင်မင်းသား ဖြစ်မယ်လို့ တကယ်ထင်ခဲ့တယ် အဲဒါကြောင့် ငါတို့ ရယ်ခဲ့ကြတယ် သူဟာ သူငယ်ချင်းတွေကို အမြဲမနာလိုရှိခဲ့တယ် အဲဒါကြောင်းလည်း ငါတို့ ရယ်ခဲ့ကြတယ် သူဟာ အများသိကဗျာဆရာပေါ့ ဒါပေမယ့် အဲဒီထက်မက သူဖြစ်ချင်ခဲ့လို့ ကဗျာတွေ အများကြီး ရေးခဲ့တယ် ငါတို့ ကဗျာတွေအများကြီး ဖတ်ခဲ့ရတယ် အဲသလို ရယ်စေ ကဗျာတွေ ဖတ်ရစေတဲ့ အဲဒီ့နေရာမှာ ငါ့ကဗျာ ဟာ ရပ်သွားတယ် ငါ ဘာဆက်ရေးရမလဲ ဟိုရှေးရှေးက စာဆိုတော်ကြီးတွေလို ငါ့ ကလောင်ကို ခဏ ချ ငေးတိငေးရာ ငေးရတယ် ဪမောင်ချောနွယ် သူဟာ အဆင်မပြေခဲ့ပါ မတည်ငြိမ်မှုထဲမှာ ဆောက် တည်ရာမရခဲ့ပါဘူး ဖန်ခွက်တစ်ခွက်နဲ့ အရက်တစ်ခွက်တစ်ခွက်နဲ့ သွေးတစ်စက်တစ်စက်နဲ့ ဘဝ တဆတ်ဆတ် ကတုန်ကယင်နဲ့ ငြင်းပယ်ခံရမှုနဲ့ လှည့်လည်တောင်းခံရမှုနဲ့ တစ်ကိုယ်လုံးထို...

စနိုက်ပါ

 # ဘာကိုမှဂရုမစိုက်ဘူး သွေးအေးအေးပဲ ကြည့်လိုက်တယ် အကွာအဝေး လေတိုက်နှုန်း  စိုစွတ်မှု ကြာမြင့်အချိန်စက္ကန့်အနည်းငယ် သေချာပြီဆို တချက်ပဲ အဲဒါကလဲ တသက်ပဲ          #ဝေးထက်

နောက်ကျော

  ---------- ရင်နီ ယုံကြည်ချက်ကို အချိန်ကာလ အပေါ် ပစ်တင်လိုက်မိတာ ကြည့်သူမ မြင်တဲ့ နံရံကပ် စွန်းထင်းမှု နဲ့ သိစိတ်ရဲ့အတွင်းသား နှလုံးသားကို စုတ်ချက်ကြမ်းစေခဲ့ အလျားအနံ ချုပ်နှောင်မှု နဲ့ ရှိခဲ့တဲ့ သစ္စာတရားကို ပင်ချုပ်အပ်ရာ အပြည့် မေ့လို့မရတဲ့ ဘဝရဲ့ မျက်နှာစာ ။ ပင်းယ မဂ္ဂဇင်း ၂၀၁၃

ထင်း

  **** အခြေအမြစ်မရှိတော့...။ ခြောက်သွေ့စွာလဲလျောင်းလို့။ အရွက်အခက်များ အဖူးအပွင့်များ အသီးများ တစ်ချိန်ကအိပ်မက်များ။ မီးခိုးမထွက်မီ ပြာမကျမီ ငါတို့.....။ မောင်နွေဦး(မြိုင်) 1672024

"အတ္တာဟိ အတ္တနော နာထော"

 Charles Bukowski ရဲ့ "Nobody But You" ကဗျာကို ဘာသာပြန်ထား "အတ္တာဟိ အတ္တနော နာထော" မင်းကလွဲလို့ မင်းကို ဘယ်သူမှ မကယ်နိုင်ပါဘူး။ အကြိမ်ကြိမ်အဖန်ဖန် မင်းကို ဖြေရှင်းလို့မရနိုင်လောက်တဲ့ အခက်အခဲတွေ ပေးကြဦးမယ်။ အကြိမ်ကြိမ်အဖန်ဖန် မင်းကို သူတို့ မာယာပရိယာယ် ဟန်ဆောင်မှုနှင့် အဓမ္မသုံးပြီး မင်း အညံ့ခံအောင်၊ လက်လျှော့သွားအောင်၊ စိတ်ဓာတ်သေသွားအောင် လုပ်ကြလိမ့်မယ်။ မင်းကလွဲလို့ မင်းကို ဘယ်သူမှ မကယ်နိုင်ပါဘူး။ ကျရှုံးချင်ရင် အလွယ်လေးပဲ တကယ်လွယ်ပါတယ် ဒါပေမဲ့ လုံးဝ လုံးဝ လုံးဝ မရှုံးစေနဲ့။ သူတို့ကို ကြည့်။ နားထောင်ကြည့်ပါ။ မင်းရော အဲဒီလို ဖြစ်ချင်လို့လား။ မျက်နှာဗလာ၊ အာရုံနတ္ထိ၊ နှလုံးသားမရှိကြသူတွေ။ မသေခင်ကပင် ပျက်နေသည့်ဘဝမျိုး မင်း ကြုံချင်လို့လား။ မင်းကလွဲလို့ မင်းကို ဘယ်သူမှ မကယ်နိုင်ပါဘူး။ မင်းဆိုတာက ကယ်တင်ထိုက်သူ။ လွယ်လွယ်နဲ့ နိုင်မယ့် တိုက်ပွဲမဟုတ်လည်း ဒီကိစ္စကတော့ နိုင်အောင် တိုက်ယူသင့်ပါတယ်။ စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ စဉ်းစားကြည့်ပါ။ "Nobody But You" nobody can save you but yourself. you will be put again and again into nearly impossible situat...

ကိုယ့်အသိထဲကသူစိမ်းတစ်ယောက်

----------------------- သားဦး တစ်ယောက်ယောက် ကိုယ့်လည်ပင်းကိုငှားပြီး ဖိနပ်ချုပ်ဆိုင်ဖွင့်နေတယ်လို့ ကိုယ်ထင်တယ် ညှပ်ရိုးနှစ်ချောင်းပေါ် ခုံရှည်ကိုကျကျနနလွှားတင်လို့ ကိုယ့်ဇလုတ်ကို အဖီစြဲလို့ အဲဒီမှာ  သူ့အတွက် ရေမီးအစုံအလင် သူလိုအပ်ရင်  ကိုယ့်အဆုပ်ရေတွင်းဆီ ရေသွားငင်လို့ရသလို သူ့အတွက်ရှုပ်ထွေးလာတဲ့အခါ ကိုယ့်အသဲအမှိုက်ပုံမှာ အရာရာစွန့်ပစ်လို့ရနေတာပဲ ကိုယ့်နှလုံးခုန်သံတွေကတော့သူတိုက်ထားတဲ့နာရီ သူ့ရည်မှန်းချက် အလုပ်တွေ အချိန်မှန်ပြီးစီးနိုင်ဖို့ဆိုပါတော့ ဒီတော့ သူပျော်တယ်ထင်တယ် လရှည်စာချုပ်နဲ့ ခန့်ခန့်ညားညား သူ့ဖိနပ်တွေ ကပ်ဖို့ကော်ကို ကိုယ့်နောက်ကျောဖက်ဆီ သွားကျိုလို့ သူရိုက်ခဲ့တဲ့ ဖိနပ်ရိုက်သံတွေကလည်း တစ်ချိန်က ကိုယ်စုဆောင်းထားမိတဲ့  သက်သေသယံဇာတတွေ့ ဒီတော့ သူပျော်တယ်ထင်ပါတယ် မေနမနား သူ့ဖိနပ်တွေကိုတရစပ်ချုပ်လုပ်ရင်း ကိုယ့်အသက်ကို ဖြည်းဖြည်းချင်းမျှားယူ တစ်ခါတစ်ခါတော့ သူလည်းစိတ်ပူတယ်ထင်ပါရဲ့ ကိုယ့်လည်ချောင်းတစ်လျှောက် ု သူ့ဖိနပ်သံတဂွတ်ဂွတ်နဲ့ ဖြတ်လျှောက်လို့ အင်း အဲဒါ ဘယ်လောက်ကြာမှာလဲ ခြောက်လလား ကိုးလလား ဒါမှမဟုတ် ကိုယ့်အသိလောင်စာတွေအကုန်မကြွမ်းခင်အထိလား ကြာတော့ ဆရာဝန်လေးက အား...