ကျောင်းတော်ကအပြန်

 

---------------

ခရမ်းပြာထက်လူ


အိပ်မပျော်ဖြစ်တိုင်း

တိတ်တဆိတ် သစ်ပင်တွေဆီထွက်သွား

စကားစမြည်ပြောနေတတ်တယ်

( ရှင်သန်ပုံကိုသင်ယူလို့ )


အိပ်မပျော်ဖြစ်တိုင်း

တောင်ကုန်းတခုပေါ်တက်ပြီး

အိမ်တွေကိုဆီးကြည့် သွေးပူလေ့ကျင်ခန်းယူနေတတ်တယ်

( နေထိုင်ပုံကိုသင်ယူလို့ )


လရောင်ရိုက်ဖွင့်လို့

ပြတင်းတံခါးပွင့် လွင့်စင်သွားတိုင်း

သူ့ဆံပင်ကိုဆွဲနှုတ် 

ကြယ်တွေကိုကြိုးကွင်းလုပ်ပစ်ဖမ်းနေတတ်တယ်

( မြင့်မြတ်ပုံကိုသင်ယူလို့ )


တညမှာတော့

သူဟာ

ဒဏ်ရာတွေကို ဟိုစပ် ဒီစပ် ဆက်စပ်ရင်းဖြန့်ခင်း

( သီချင်းကလေးညည်းလို့ )

အလွယ်တကူ ပဲ

မြို့ကြီးကိုထည့်ထုပ် ထွက်သွားတော့လေရဲ့။


ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ 

အောက်တိုဘာလ၊ ၁၉၉၅ ခုနှစ်

Comments

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------