Posts

Showing posts from September, 2024

ကျောင်းတော်ကအပြန်

  --------------- ခရမ်းပြာထက်လူ အိပ်မပျော်ဖြစ်တိုင်း တိတ်တဆိတ် သစ်ပင်တွေဆီထွက်သွား စကားစမြည်ပြောနေတတ်တယ် ( ရှင်သန်ပုံကိုသင်ယူလို့ ) အိပ်မပျော်ဖြစ်တိုင်း တောင်ကုန်းတခုပေါ်တက်ပြီး အိမ်တွေကိုဆီးကြည့် သွေးပူလေ့ကျင်ခန်းယူနေတတ်တယ် ( နေထိုင်ပုံကိုသင်ယူလို့ ) လရောင်ရိုက်ဖွင့်လို့ ပြတင်းတံခါးပွင့် လွင့်စင်သွားတိုင်း သူ့ဆံပင်ကိုဆွဲနှုတ်  ကြယ်တွေကိုကြိုးကွင်းလုပ်ပစ်ဖမ်းနေတတ်တယ် ( မြင့်မြတ်ပုံကိုသင်ယူလို့ ) တညမှာတော့ သူဟာ ဒဏ်ရာတွေကို ဟိုစပ် ဒီစပ် ဆက်စပ်ရင်းဖြန့်ခင်း ( သီချင်းကလေးညည်းလို့ ) အလွယ်တကူ ပဲ မြို့ကြီးကိုထည့်ထုပ် ထွက်သွားတော့လေရဲ့။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊  အောက်တိုဘာလ၊ ၁၉၉၅ ခုနှစ်

ဥတုမဲ့

                                  သက်ငြိမ်သစ်   တစ်ယောက်က အဆက်အဟက်မရှိတဲ့ လွင်ပြင်ဆီအလည်သွားမယ်လုပ်တော့ တစ်ယောက်က ရေခန်းနေတဲ့ အိုင်လေးကိုပဲအမြစ်တွယ်  ချစ်တယ်လို့ ကမ္ဘာတစ်ခွန်းစာပြောကြည့်ရမလား ကြယ်တွေပန်ထားတယ်လို့ပြောတဲ့ အနမ်းနဲ့ အခန်းဖွဲ့လို့မရတဲ့ အိပ်ယာလေးကို ဘယ်အာကာသဆီတိုင်တည် ဆွဲငင်အားမဲ့ပစ်ရမလဲ တစ်ယောက်က လမင်းပိန်ပိန်လေးဆီက အလင်းကို မျှော်တယ် တစ်ယောက်က နေခုနစ်ဆင်းတစ်ပြိုင်တည်းလင်းနေခဲ့တယ်  တိုက်ခတ်နေဆဲ လေတွေလို တို့တွေ တစ်ဘ၀စာအေးအောင် ဖမ်းဆုပ်ထားလို့ရနိုင်မလား  တစ်ယောက် နာမ်တရားထဲ တစ်ယောက်ဟာငေးစိုက်တွေဝေလို့ ဒီလိုမေးမိကြပေါ့  တကယ်ဆို သွပ်ဆူးကြိုးရနံ့တွေ မွှေးမြခဲ့တယ်လို့ တို့တွေရဲ့ အာရုံငါးပါးကို အလျှော့မပေးကြကြေး  ဆွေးတယ်ဆိုတာ သစ်တုံးလိုအသက်မဲ့သွားတာ ကျောက်တုံးလို သွေးဆုံးသွားတာ  ဒီလို တစ်ယောက်နဲ့ တစ်ယောက် ဆွဲခွာပစ်လို့မရတဲ့မေတ္တာဟာ ရွက်လှေတစ်စင်းလို ကမ်းကကြိုးကို ရုတ်လိုက်တာနဲ့ ရွက်လွှင့်လိုက်ရပြီးသား အဖြစ်နဲ့လား  တစ်ယောက်က ကမ်းမရှိတဲ့ကျွန်းမှာ သောင်လိုထွန်း...

သူ့အလှူ

 ဆရာ တင်ညွန့် သူ့အလှူ ---------- ကျွန်တော်တို့ ရပ်ကွက်ထဲတွင် ဦးဘအောင်ဆိုသည့် ရှေ့နေအိုကြီးတစ်ယောက်ရှိသည်။ ယခုတော့ ရှေ့နေ မလိုက်တော့ပါ။ သို့သော် သူ့အိမ်ရှေ့တွင် ဦးဘအောင်၊ အထက်တန်းရှေ့နေဆိုသည့် ဆိုင်းဘုတ်ကိုကား ချိတ်ဆွဲထားမြဲဖြစ်သည်။ သူသည် တစ်ချိန်က အလွန်အောင်မြင်သော ရှေ့နေကြီးတစ်ယောက်ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ လူပျိုကြီး ဖြစ်ပြီး တစ်ယောက်တည်း နေသည်။ သူ့အိမ်ကို တပည့်ဖြစ်သူ ရှေ့နေပေါက်စများက မကြာခဏ ရောက်လာ ကြပြီး အကြံဉာဏ် ယူကြသည်များကိုလည်း တွေ့ရသည်။ ဦးဘအောင် အိမ်ခြံစည်းရိုးတွင် ဆိုင်းဘုတ်တစ်ခုကိုလည်း ချိတ်ဆွဲထားသေးသည်။ “အလှူခံခြင်း သည်းခံပါ” ဆိုသည့် ဆိုင်းဘုတ်ဖြစ်သည်။ သူသည် ဘယ်သောအခါမျှ အလှူခံ၊ သူတောင်းစားများကို ပိုက်ဆံထည့်လေ့မရှိ။ သူတောင်းစားတွေကို အော်လွှတ်သည်။ အခြားအလှူခံတွေဆိုလျှင် “ကန်တော့ပါသေးရဲ့” ဟု ပြောထုတ်သည်။ ရဟန်း၊ သီလရှင်များ ဆိုလျှင်လည်း “ကန်တော့ဆွမ်းပါ” ဟု ဆိုလိုက်သည်သာ ဖြစ်သည်။ ထိုထူးဆန်းသော ရှေ့နေကြီး ဦးဘအောင်သည် တစ်ရပ်ကွက်လုံးနှင့် တစ်ယောက်ဖြစ်သည်။ မည်သူနှင့် မျှလည်း စကားပြောဆက်ဆံခြင်းမရှိ။ ပညာတတ်တစ်ယောက်ဖြစ်ရုံမက မာန်ကြီးလှသည်ဟု ကျွန်တော်က အစပိုင်းတွင် သတ်မှတ်ပြီး ...

ကျနော်က တော့ဖြင့် ------

 ကျနော်က တော့ဖြင့် -------------- မိုးသက် ညနေဆို ဘုရားပန်းလဲ ရေချမ်းကပ် သတ္တဝါ အပေါင်း ဘေးကင်းငြိမ်းချမ်းစေကြောင်း ဆုတောင်းပြီး လမ်းလျှောက် တယ် တစ်နေ့ကို ၂၄ နာရီထက် ပိုမလာတာက အစ တစ်ညက နေ နောက်တစ်နေ့ နေဝင်သည် အထိ မေ တ္တာ တရားကလွဲ ဘာမှ မရှိဟု ဝန်ခံခဲ့ တစ်ခါ တစ်ခါ ကျနော် ခရီးထွက်တယ် ပြန်လာ တယ် ကျနော် ကြည့်မိတိုင်း ငှက်တို့ ပျံမြဲ ပျံနေကြတယ် လူ အဖြစ်က ခရီး နဲ့ ဆုံးပုံရတယ် သေချင်လည်း မသေ ၊မသေချင်လည်း သေ ထိုကဲ့သို့ ဘာမှ မခြား  ကျနော် ဆင်ခြင်ခဲ့ ကျနော် ရိုးသားခဲ့ပါတယ် လို့ ဝန်ခံတာ ဗင်းဆင့် အမှား ပါ လူတွေ ဝိုင်းရယ်ကြ ခဲနဲ့ ပစ်ပေါက်ခံရ အရူး လို့ အပြောခံ ရရုံမှ တစ်ပါး မရှိ အခုတော့  နေကြာပန်း နီနီ ဝါဝါ ကျင်ကျင်  အို ဘုရားမှ တစ်ပါး အခြား မရှိသကဲ့ သို့ ကျနော်ကတော့ ဖြင့် ရီတတ်နေခဲ့ ပါပြီ ။ ခေတ်ပေါ်/ ခေတ်ပြိုင် ကဗျာစုစည်းမှု အချို့ ၂၀၁၉