သင္ ဘယ္ကလာ
1
ကၽြန္ေတာ္တို႕ ဘယ္ကလာသလဲဆိုတာ
မသိပါဘူးတဲ့။ အတိတ္ဘ၀ဘ၀ေတြ။ ကၽြန္ေတာ္တို႕
မမွတ္မိႏိုင္ဘူးေပါ့။ လူ႕ဦးေႏွာက္က ငယ္တုန္းမွာ
ကစားရင္း ေလ့လာရင္းနဲ႕ အသစ္အသစ္ေတြ မွတ္ရင္း အတိတ္ေတြကို ဖ်က္ပစ္ရင္း ေမ့ေပ်ာက္ရင္းဆိုေတာ့
ဒီဘ၀ထဲက အတိတ္ျဖစ္စဥ္ေတြေတာင္မွ အားလုံးကို မမွတ္မိႏိုင္ဘူးေလ့။
အေရးႀကီးတယ္လို႕ ထင္တာအခ်ိဳ႕ကို
မွတ္မိတယ္။ မွတ္မိခ်င္တာတခ်ိဳ႕ကိုလည္း သူမွတ္မိသေလာက္ မွတ္မိတယ္။ ထပ္ခါတလဲလဲေတြ႕ေနတာေတြကိုလည္း
မွတ္မိတတ္တယ္။ ဦးေႏွာက္က အဲသလို အလုပ္လုပ္ပါတယ္။ တစ္ခါတစ္ခါ ဦးေႏွာက္ထိခိုက္သြားရင္
မွတ္မိထားတာေတြ ေမ့သြားတတ္ျပန္ေရာ။ ငယ္တုန္းကအျဖစ္အပ်က္ေတြ ေတာင္မွ ကၽြန္ေတာ္တို႕ အားလုံး
မမွတ္မိဘူးဆိုေတာ့ အတိတ္ဘ၀ကိုေတာ့ ဘယ္မွတ္မိႏိုင္မလဲေပါ့။ ဘယ္ကလာမွန္း မသိ။ ဘယ္ကို သြားမယ္မသိ။ ဒါေပမယ့္ ေလွ်ာက္ေနတဲ့ ေျခလွမ္းေတြကိုသာ ၾကည့္ၿပီး
သူဘယ္ကို သြားေလာက္တယ္ဆိုတာကိုေတာ့ ေဘးကေန မွန္းၾကည့္လို႕ ရေကာင္းရႏိုင္တာေပါ့။ ဒါေပမယ့္ ဒါကလည္း မေသခ်ာျပန္ဘူး။ ကိုယ့္ကိုကိုယ္ေတာင္ မသိရင္ ေဘးကလူကို ဘယ္လိုလုပ္
ခန္႕မွန္းလို႕ မွန္ႏိုင္မလဲေပါ့။ အဲဒီေတာ့
ဘယ္ကလာသလဲဆိုတာကို ကၽြန္ေတာ္တို႕ မသိဘူးေပါ့။
ဒါေပမယ့္ ကၽြန္ေတာ္တို႕
မွတ္မိသေလာက္ကစၿပီး ဘယ္ကလာတယ္ဆိုတာကိုေတာ့ သိႏိုင္ပါတယ္။ ကၽြန္ေတာ္ဆိုလွ်င္ေတာ့ ေတာေျခဇနပုဒ္ရြာေလးတစ္ရြာက
လာပါတယ္။ ဘုတလင္ၿမိဳ႕နယ္က ကူေတာ္ဆိုတဲ့ ရြာကေလးပါ။ အိမ္ေျခ ၂၀၀ ေက်ာ္ရွိတဲ့အတြက္ ရြာႀကီးလို႕လဲ ေျပာလို႕ရပါတယ္။ ကၽြန္ေတာ္တို႕ရြာဦး ဘုရားက ေဂါပကအဖြဲ႕ကေတာ့ ကူေတာ္ေရႊၿမိဳ႕ေတာ္အတြင္းမွာ
ရွိၾကတဲ့ သဗၺဴရိသႏြယ္၀င္ သူေတာ္ေကာင္းအေပါင္းတို႕ ခင္ဗ်ားလို႕ ေလာ္စပီကာနဲ႕ ေအာ္တတ္ပါတယ္။ သူတို႕စကားအရ ကၽြန္ေတာ့္ဇာတိရြာကေလးဟာ ေရႊၿမိဳ႕ေတာ္ႀကီး
ျဖစ္ပါတယ္။ အင္မတန္မွ သာယာလွပၿပီး ဘာသာတရားကိုင္းရိႈ္င္းတဲ့ ေရႊၿမိဳ႕ေတာ္ႀကီးေပါ့။
ငယ္တုန္းက ေရးတဲ့ အက္ေဆးေတြထဲမွာေတာ့ ရြာေလးဟာ သိပ္သာယာလွပေပမယ့္ အမွန္တကယ္ေတာ့လည္း
မဟုတ္လွျပန္ဘူး။ ဘာျဖစ္လို႕လည္းဆိုေတာ့ အဲသည္ ေက်ာင္းသားဘ၀ စာစီကုံးေတြက အမွန္ဆိုတာထက္
အဖြဲ႕အႏြဲ႕က မ်ားေနတယ္ထင္တယ္။ ဆိုပါေတာ့ ကၽြန္ေတာ္ ရြာကေလးတစ္ရြာက လာပါတယ္။ သူတို႕အေခၚ ေရႊၿမိဳ႕ဆိုတဲ့ ရြာေလးကလာတာေပါ့။
ကၽြန္ေတာ္တို႕ ငယ္ငယ္က အထက္တန္းေက်ာင္းမွာ The
Brook ဆိုတဲ့ ကဗ်ာကို ရြတ္ခဲ့ရပါတယ္။
I
come from haunts of coot and hern,
I
make a sudden sally
And
sparkle out among the fern,
To
bicker down a valley.
ေခ်ာင္းကေလးဟာ ေရၾကက္ေတြ
ဗ်ိဳင္းေတြ က်င္လည္က်က္စားရာေနရာေတြကေန လာခဲ့
ဒေရာေသာပါး ျဖန္႕ဆင္းလာတယ္။
ဒရင္ေကာက္ပင္ေတြၾကား
တဖြားဖြားတလက္လက္နဲ႕
လွ်ိဳေျမာင္ၾကား လိမ့္ဆင္းဖို႕ကြယ္။
ေခ်ာင္းေလးဟာ ေတာအရပ္မွာ
စတင္လားၿပီး ဒရင္ေကာက္ပင္ေတြၾကားမွာ တလက္လက္နဲ႕ စီးဆင္းကာ လွ်ိဳေျမာင္ၾကား စီးက်သြားသတဲ့။ ကဗ်ာက အရွည္ႀကီးပါ။ လူ႕ဘ၀ကို တင္စားၿပီး ေရးတယ္လို႕လဲ အခ်ိဳ႕က ခန္႕မွန္းေျပာဆိုၾကပါတယ္။ ကဗ်ာေရးစဥ္က ကဗ်ာဆရာႀကီး ေလာ့ တင္နီဆန္ က ဘယ္လို
ေရးခဲ့တယ္ဆိုတာကို မွန္းဆရခက္တဲ့အတြက္ မမွန္းဆေတာ့ပါဘူး။ မွန္းဆခ်င္လည္း မွန္ခ်င္မွ
မွန္မယ္။ မေသခ်ာဘူး။ စာေပဆိုတာ ေသခ်ာဒိဌေျပာလို႕ရတဲ့ အရာလို႕ေတာ့ျဖင့္ မထင္ပါဘူး။ အဲဒီေခတ္ကို
မွီလည္း မမွီခဲ့တဲ့အတြက္ ျပန္လည္မွန္းဆတာမ်ိဴး မလုပ္ေတာ့ပါဘူး။ “ဒါ့ေၾကာင့္ ဆိုခေရးတီးက
ေျပာတာေနမွာ။ ဒါေပမယ့္ အဲဒီေခတ္ကို မမီလိုက္တဲ့အတြက္
အေတြးအေခၚပညာရွင္ႀကီးက ဘာေျပာခဲ့တယ္ဆိုတာကို ကၽြန္ေတာ့္အေနနဲ႕ ဘယ္သိႏိုင္ပါ့မလဲ။” ဆိုတဲ့
ဟာသစကားလိုေပါ့။
လူေတြက ၀င္လာေကာင္း၀င္လာၾကမယ္။
လူေတြက ထြက္သြားေကာင္း
ထြက္သြားၾကမယ္။
ငါကေတာ့ အစဥ္ထာ၀ရ
စီးဆင္းဆဲ။
ကဗ်ာထဲက ကၽြန္ေတာ္တို႕ကို
ခဏခဏ ျပန္လည္ ရြတ္မိေစတဲ့ စာသားျဖစ္ပါတယ္။ ကမၻာ.ႀကီးဆီကို လူေတြ ေရာက္လာပါတယ္။ စိတ္ေတြ
ေရာက္လာပါတယ္။ ကို္ယ္ေတြေရာက္လာပါတယ္။ ၿပီးေတာ့ ကမၻာႀကီးကေန ျပန္လည္ ထြက္ခြာသြားၾကပါတယ္။ သည္ၾကားထဲမွာ ဆူညံသံေတြ။ ဆဲဆိုသံေတြ။ ပစ္ခတ္သံေတြ။
လက္နက္ေတြ။ မာနေတြ။ အာဃာတေတြ။ မစၦရိယစိတ္ေတြ။
မျပည့္၀ျခင္းေတြနဲ႕ ျပည့္၀ေနတဲ့ ဆဲသံဆိုသံေတြ။ ျပည့္၀ျခင္းနဲ႕ မျပည့္၀ႏိုင္တဲ့ အသံဗလံေတြ။
အတင္းအဖ်င္းေတြ။ ျပည္တြင္းစစ္ေတြ။ ပဋိပကၡေတြကို လူေတြက အမ်ားႀကီး ျပဳလုပ္တတ္ၾကျပန္ပါတယ္။
ၿငိမ္းခ်မ္းေရးကိုလည္း ေမွ်ာ္ၾကရပါတယ္။ ၿငိမ္းခ်မ္းေရးကိုလည္း ျပန္လည္ျပဳလုပ္ရပါတယ္။ ၿငိမ္းခ်မ္းေရးတည္ေဆာက္တယ္ လို႕ ေခၚၾကပါတယ္။ မေကာင္းတာေတြ ျပဳလုပ္ေနတဲ့သူေတြရွိေနခ်ိန္ ေကာင္းတာလုပ္ေနသူေတြလည္း
ရွိရမယ္လို႕ေတာ့ ယံုၾကည္ပါတယ္။
မိုက္ရိုင္းမႈမွာေတာ့ လူေတြနဲ႕ တရိစၦာန္ေတြဟာ တူပါတယ္။ လူနဲ႕ တရိစၦာန္ မတူတာက စဥ္းစားေတြးေခၚမႈနဲ႕ ပညာပဲ
ျဖစ္ပါတယ္။ ယဥ္ေက်းမႈပဲ ျဖစ္ပါတယ္။ သီလ၊ သမာဓိ ပညာ တရားသုံးပါးဟာ ကမၻာေလာကမွာ လူသားေတြဟာ
ၾသဇာႀကီးေနရတဲ့ အေၾကာင္းအရင္းျဖစ္ပါတယ္။ ၾသဇာႀကီးတယ္ဆိုတာထက္
ဂုဏ္သိကၡာႀကီးမားတယ္လို႕ သုံးႏႈန္းရင္ေတာ့ ပိုေကာင္းမယ္ ထင္ပါတယ္။ ဒါေပမယ့္ အသုံးအႏႈန္းေတြဟာ အျငင္းပြားေနရမယ့္ ကိစၥေတြေတာ့
မဟုတ္ျပန္ပါဘူး။ ၏၊သည္ အသုံးအႏႈန္းေတြဟာ အျငင္းပြားၿပီး ခိုက္ရန္စစ္မက္ျဖစ္ရေလာက္ေအာင္
မထိုက္တန္ပါဘူး။ လူေတြ အသက္ေတြေလာက္ ဘာေတြက
တန္ဖိုးရွိမွာလဲ။
ေနာက္ထပ္ အေရးႀကီးတာတစ္ခုကေတာ့
ရသခံစားမႈ လို႕ထင္ပါတယ္။ အႏုပညာကို ခံစားတတ္မႈျဖစ္ပါတယ္။ အႏုပညာက ေနနည္းထိုင္နည္းကို ႏူးညံ့သိမ္ေမြ႕တဲ့ နည္းလမ္းနဲ႕
သင္ေပးတယ္လို႕ ထင္ပါတယ္။ အလြန္တရာမွ မြန္းက်ပ္တဲ့အခါ
စိတ္ဟာ ထြက္ေပါက္လိုအပ္ပါတယ္။ ထၿပီးကခုန္ၾကည့္ပါ။
ဒါမွမဟုတ္ သီခ်င္းေကာင္းေကာင္းေလးဖြင့္ၿပီး
အသာထိုင္ေနၾကည့္ပါ။ ဒါမွမဟုတ္ ကဗ်ာဖတ္ စာဖတ္ၿပီးေတာ့လည္း
စိတ္အပန္းေျဖႏိုင္ပါတယ္။ တရားထိုင္တာကေတာ့
ပိုေကာင္းတယ္ ထင္ပါတယ္။ စိတ္ကို စူးစိုက္အားေကာင္းေစတယ္။ ၿငိမ္းခ်မ္းေစတယ္လို႕ ေဟာၾကေျပာၾကပါတယ္။
ဒါမွမဟုတ္ ဘာလုပ္ပါ ညာလုပ္ပါဆိုတာေတြကို ခဏ ေမ့ထားၾကည့္ေပါ့။ ဒါဟာ ၿငိမ္းခ်မ္းတဲ့ နည္းလမ္းျဖစ္ပါတယ္။ တကယ္ေတာ့ ဘာလုပ္ပါ ညာလုပ္ပါဆိုတဲ့ အမိန္႕အာဏာေတြဟာ
မေကာင္းပါဘူး။ အာဏာဟာ အလြန္အကြ်ံသုံးရင္ သံုးသူေရာ အသုံးခံရသူပါ ထိခိုက္နစ္နာေစပါတယ္။
လက္မတစ္ေထာင္ေထာင္လုပ္ေနတတ္သူေတြရဲ့ ဂုဏ္သိကၡာဟာ အခ်ိန္နဲ႕အမွ် က်ဆင္းေနတတ္ပါတယ္။ အဓိကကေတာ့
သူမ်ားကို အာဏာမျပဖို႕ လိုအပ္သလို အာဏာပါ၀ါႀကီးခ်င္တဲ့ စိတ္မထားဖို႕ပါ။ ဒါမွသာ လူဟာ ေပါ့ပါးလန္းဆန္းေနမယ္လို႕ ယုံၾကည္ရပါတယ္။
ကၽြန္ေတာ္တို႕ဟာ လာလမ္းကို
ခဏခဏ ျပန္ေရာက္တတ္ပါတယ္။
“ဘာျဖစ္လို႕လဲမသိဘူးဗ်။
ကၽြန္ေတာ္ဟာ ရန္ကုန္ကို ေရာက္လိုက္ အညာျပန္ေရာက္သြားလိုက္နဲ႕ ႏွစ္ေတြကို ျဖတ္သန္းလာတာ
ၾကာၿပီဗ်၊ ေနာက္ေတာ့လည္း ကိုယ့္ကိုကို္ယ္ လွည္းတမ္းလမ္းမေပၚမွာ ေလွ်ာက္လ်က္သား ျပန္ေတြ႕ရတယ္”
လို႕ မိတ္ေဆြတစ္ေယာက္က ေျပာပါတယ္။ ဟုတ္ပါတယ္။ လူ႕စိတ္ဟာ ေရာက္ဖူးတဲ့ ေနရာကို အဖန္ဖန္ ျပန္ေရာက္တတ္တဲ့
သေဘာရွိပါတယ္။ စြဲလမ္းမႈ သေဘာေပါ့။ စြဲလမ္းတယ္ဆိုတာက အနည္းနဲ႕ အမ်ား တစ္မ်ိဳးမ်ိဳးျဖစ္ႏိုင္ပါတယ္။
ကၽြန္ေတာ္ ပခုကၠဴမွာ
ေျခာက္လေလာက္ ေနဖူးပါတယ္။ ေနာက္ ပုဂံသြားတဲ့အခါ
ပခုကၠဴကို ျဖတ္သြားရင္ ဟုိတုန္းက ေနခဲ့တဲ့ ေနရာေရာက္ရင္ ကြက္ၾကည့္ကြက္ၾကည့္ လုပ္ျဖစ္ပါတယ္။ အရင္က အဲဒီေနရာမွာ ည ႏွစ္နာရီေက်ာ္ရင္ မိုးလင္းဆိုင္ေလးေတြႏွင့္
ၿမိဳ႕ဟာ တစ္ေရးႏိုးပါတယ္။ ညသန္းေခါင္မွာ ထၿပီး ရွင္သန္တာပါ။ ၿမိဳဳင္လမ္းစုံးမွာ ည
(၂) ရီေလာက္ဆိုရင္ ထမင္းေၾကာ္ဆိုင္ေလးေတြ၊ ထမင္းသုပ္ အစုံသုပ္ဆိုင္ေလးေတြ ရွိပါတယ္။
ေဘးဘက္မွာ လက္ဖက္ရည္ဆိုင္ေလးရွိပါတယ္။ နယ္သာလဖက္ရည္ဆိုင္လို႕ နာမည္ရပါတယ္။ ၂၀၀၇ စက္တင္ဘာအေရးခင္း
ေနာက္ပိုင္း တစ္ခ်ိဳ႕ဓေလ့ေတြ ပ်က္ဆီးရပါတယ္။
ည ထမင္းေၾကာ္ဆိုင္ေလးေတြ မရွိေတာ့ပါ။ ထမင္းေၾကာ္ဆိုင္ေလးေတြဟာ အတန္ၾကာ ပိတ္ပင္ခံခဲ့ရပါတယ္။
၂၀၀၇ ေရႊ၀ါေရာင္လႈပ္ရွားမႈေတြဟာ ပခုကၠဴမွာ သေႏၶတည္ခဲ့တာကိုး။ ေနာက္ေတာ့လည္း ညသန္းေခါင္ေက်ာ္မွ
စတင္ဖြင့္တဲ့ ဆိုင္ေလးေတြ ျပန္ရွိလာတယ္လို႕ သိရပါတယ္။ ကၽြန္ေတာ္ကေတာ့ အဲသည္နားကို ေရာက္တုိင္း
အရင္က ေနရာေလးေတြကို ကြက္ၾကည့္ကြက္ၾကည့္ ၾကည့္ျဖစ္ပါတယ္။
ဆယ္တန္းေအာင္ေတာ့
မုံရြာကို ေနဖူးပါတယ္။ ခဏခဏ မုံရြာကို ျပန္ေရာက္တာကိုလည္း သတိထားမိပါတယ္။ ရန္ကုန္ကို တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္ ေနဖူးၿပီး ရန္ကုန္ကိုလည္း
ခဏခဏ ျပန္ေနရတာကို သတိထားမိပါတယ္။ ကၽြန္ေတာ္တို႕ဟာ
ခရီးသြားေတြျဖစ္တဲ့အတြက္ တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္မွာ တစ္ေနရာရာကို ျပန္ျပန္ ေရာက္တတ္တဲ့သေဘာ
ရွိပါတယ္။ ဒါကို သံသရာလည္တယ္လို႕ ဆိုႏိုင္သလား။ ေလာကသံသရာေပါ့။ သံသရာဆိုတာ ထပ္ျပန္တလဲလဲ ျဖစ္တတ္၊
ပ်က္တတ္တဲ့ သေဘာလို႕ သိရပါတယ္။
“ခႏၶာရထား၊ သံသရာသြား
ေလးပါးဘူုတာ၊ စိုက္ရရွာ
ဇာတိမွ ထြက္၊ ဇရာတက္
နာခ်က္ မရဏာ၊ ေလးဘူတာ”
ရြာမွာ ေနတုန္းမွာ
ေလာစပီကာကတဆင့္ နာၾကားရတတ္တဲ့ တရားျဖစ္ပါတယ္။
နာေရးေတြမွာ ဖြင့္တတ္ပါတယ္။ သက္ရွိေတြမို႕ တစ္ေန႕ ေသေၾကၾကရမွာပါဘဲ။ အျဖစ္ေတြဟာ တစ္ေန႕ အပ်က္နဲ႕သာ အဆုံးသတ္ရတယ္ လို႕
မွတ္သားဖူးပါတယ္။ အဲသလို အပ်က္ဟာလည္း အသစ္ရဲ့
အစတစ္ခုလို ျဖစ္တတ္ျပန္ပါတယ္။ ဒီလိုနဲ႕ သံသရာဟာ မၿပီးႏိုင္ေအာင္ လည္ပါတယ္။
လူုဟာ ေမြးစဥ္ကာလက
ပ်မ္းမွ် ၇-ေပါင္နဲ႕ ဆယ္ေပါင္ၾကားမွာ ရွိတတ္ပါတယ္။ လက္ႏွစ္ဖက္ထဲမွာ အသာေပြ႕ထားႏိုင္တဲ့ အေလးခ်ိန္ေပါ့။
ကံ၊ စိတ္၊ ဥတု၊ အဟာရ အေပၚမူတည္ၿပီး တစ္ေျဖးေျဖး အေလးခ်ိန္ေတြ ရလာပါတယ္။ ကံဆိုတာကေတာ့ အတိတ္က လုပ္ခဲ့တဲ့ အလုပ္၊ အခု လုပ္ေနဆဲအလုပ္ကို
ေခၚတယ္ လို႕ မွတ္သားဖူးပါတယ္။ အနာဂါတ္မွာ ခိုင္မာတဲ့
ဆုံးျဖတ္ခ်က္ နဲ႕ လုပ္မယ့္အလုပ္ဟာလည္း ေစတနာထဲမွာ အက်ဳံး၀င္တယ္ ထင္ပါတယ္။ စိတ္ကလည္း အေရးႀကီးပါတယ္။ စိတ္ဖိစီးရင္ အခ်ိဳပိုစားၿပီး
အေလးခ်ိန္ပိုရတယ္လို႕ ဆိုပါတယ္။ အ၀လြန္တာေတြဟာ
ဖိစီးတဲ့ လူေနမႈဘ၀စတိုင္နဲ႕ ဆက္စပ္တယ္လို႕ ဆိုပါတယ္။ ဥတုဆိုတာကေတာ့ ကိုယ္မွတပါး ေဘးပေယာဂအားလုံးကို ေခၚတာလို႕
အၾကမ္းဖ်င္း မွတ္သားဖူးပါတယ္။ အဟာရဆိုတာကေတာ့
စားေသာက္တဲ့ အစားအေသာက္ရဲ့ အဟာရတန္ဖိုးျဖစ္လိမ့္မယ္လို႕ ထင္ပါတယ္။ သာမာန္အလုပ္နဲ႕ ပ်မ္းမွ် လူတစ္ေယာက္ဟာ
က်ားဆိုရင္ ကယ္လိုရီ ၂၀၀၀ ထက္ေက်ာ္ လိုအပ္ပါတယ္၊
မဆိုရင္ ၂၀၀၀ ကယ္လိုရီ၀န္းက်င္ေပါ့။ အၾကမ္းဖ်င္းအားျဖင့္ ထမင္းတစ္ပန္းကန္စားရင္ ကယ္လိုရီ
၄၀၀ ေလာက္ ရပါတယ္။ ဆီတစ္ဇြန္း ကယ္လိုရီ ၁၅၀ ခန္႕ ။ ႏြားႏို႕တစ္ခြက္ ၂၀၀ ေလာက္။ ၾကက္သားတစ္တုံး ၁၀၀ ေလာက္ ။
ကယ္လိုရီခ်ည္းပဲဆိုလည္း အလုပ္မျဖစ္ေသးပါဘူး။ သက္ေစာင့္ဓာတ္လို႕ေခၚတဲ့ ဗီတာမင္ေတြ လိုအပ္ပါေသးတယ္။
ကၽြန္ေတာ္တို႕ ျမန္မာေတြ စားတဲ့ အသီးအရြက္ေတြ ၊ အသားငါးေတြ၊ ဆန္လုံးညိဳေတြထဲမွာ ဗီတာမင္ေတြ
ပါတဲ့အတြက္ အစုံစားမယ္ဆိုရင္ အဆင္ေျပတယ္လို႕ တိုင္းက်န္းမာ တာ၀န္ရွိပုဂိၢဳလ္က ဆိုပါတယ္။
က်န္းမာေရးအတြက္ ဆန္အျဖဴအႏုထက္
အညိဳအၾကမ္းက ပိုေကာင္းပါတယ္။ အမွ်င္ဓာတ္ေတြ ပိုပါတဲ့အျပင္ ဗီတာမင္ ဘီ၀မ္းပိုပါပါတယ္။
ဒါေပမယ့္ ဆန္အျဖဴႏုက ပိုေစ်းေကာင္းပါတယ္။ ပိုလူႀကိဳက္မ်ားပါတယ္။ တခါတခါ လူေတြက အက်ိဳးျဖစ္ထြန္းမႈဆီကို
မလိုက္ပါဘူး။ ျဖစ္ခ်င္တာဆီကိုပဲ လိုက္ၾကပါတယ္။
ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို လိုက္တဲ့သူေတြလည္း ရွိပါတယ္။ ဒါေပမယ့္ သူတို႕ကို ဆန္အညိဳၾကမ္းကို စားပါလား၊ အဟာရပိုျပည့္စုံတယ္
လို႕ သြားေျပာရင္ေတာ့ အဆင္မေျပပါဘူး။ အိမ္နီးခ်င္းႏိုင္ငံအပါအ၀င္ အခ်ိဳ႕ႏိုင္ငံေတြမွာေတာ့
ဆန္လုံးညိဳကို ျဖဴေအာင္နည္းပညာေပါင္းစပ္ကူညီၿပီး ဖန္တီးယူပါတယ္။ ဆန္လုံးညိဳရဲ့ အဟာရတန္ဖိုးလည္း
ရရွိေစပါတယ္။ အခ်ိဳ႕တတ္ႏိုင္တဲ့ ႏိုင္ငံေတြမွာေတာ့ fortified rice လို႕ ေခၚပါတယ္။ လိုအပ္တဲ့
အဟာရဓာတ္ေတြ ျဖည့္စြက္ထားပါတယ္။ အဟာရျဖည့္စြက္ဆန္လို႕ ဘာသာျပန္ၾကပါတယ္။ အဲဒီဆန္ေတြကေတာ့
ျဖဴၿပီးေကာ့ျပန္လွပတဲ့အျပင္ အာဟာရတန္ဖိုးျဖည့္စြက္ထားတဲ့သေဘာေပါ့။ ဘာပဲျဖစ္ျဖစ္ ဆန္လုံးညိဳတို႕၊ ေကာက္လ်င္ႀကီးဆန္ နီတာလန္တို႕ဟာ
ျဖဴေအာင္ဖြတ္ထားတဲ့ ဆန္ျဖဴႏုထက္ ပိုေကာင္းတယ္လို႕ ဆိုႏိုင္ပါတယ္။
လူေတြဟာ သူ႕အသိတရားနဲ႕ သူေနၾက။ သူ႕ သေဘာသူေဆာင္ၾက။
တေျဖးေျဖး အဟာရေတြ
ထပ္ျဖည့္လာရင္း ေျပးလႊားေဆာ့ကစားရင္း သင့္ရဲ့ အခ်ိန္ေတြကို အသက္ႀကီးရင့္ျခင္းနဲ႕ လဲလွယ္ခဲ့ရပါတယ္၊ ဒါေၾကာင့္ အခ်ိန္ေတြဟာ တန္ဖိုးႀကီးပါတယ္၊ တန္ဖိုးးႀကီးတဲ့ အခ်ိန္ေတြကို သိသလိုတမ်ိဳး၊ မသိလိုက္သလို
တစ္ဖုံ ျဖတ္သန္းရင္း လူဟာ ကိုယ္အေလးခ်ိန္ေတြ ရလာ၊ အရြယ္ေရာက္လာ၊ လူမႈဆက္ဆံေရးနယ္ပယ္ထဲ
ေရာက္လာ ၊ အိမ္ေထာင္ရက္သားက်လာ၊ သားသမီးေတြ
ရလာ၊ ရင့္ေရာ္လာ၊ အိုမင္းလာ။ ေျပာင္းလဲလာရပါတယ္။
အခု ခင္ဗ်ား ဘယ္က
လာသလဲလို႕ ေမးရင္ မေန႕က ရန္ကုန္က ျပန္လာတယ္လို႕ ေျဖရမလား။ ရြာကေန လာတယ္လို႕ ေျဖရမလား။ ဘယ္က လာမွန္း မသိ လို႕ ေျဖရမလား။ ေမးမေနပါနဲ႕ ဗ်ာ။ ဒီလိုပါပဲ လို႕ ေျဖရမလား။ အမွန္အတိုင္းေျဖတာကေတာ့
ေကာင္းပါတယ္။ မွန္တာေျပာတာကို သူေတာ္ေကာင္းေတြက ခ်ီၽးမႊမ္းပါတယ္။ ကဲ ဘယ္က လာသလဲဗ်ား။
အေျဖက ကာယကံရွင္ရဲ့ သေဘာဆႏၵအတိုင္းေပါ့။
ကၽြန္ေတာ္တို႕ႏိုင္ငံက
ဆင္းရဲတဲ့ ႏိုင္ငံပါ။ ႏိုင္ငံေရးအရေရာ စီးပြားေရးအရပါ အပိတ္စနစ္ကို သုံးလာတာလည္း ၾကာခဲ့တယ္။
အေနာက္ဥေရာပက အေျခခံျပည္သူေတာ္ေတာ္မ်ားမ်ားက ကၽြန္ေတာ္တို႕ႏိုင္ငံကို ကမၻာ့ေျမပုံမွာ
ေထာက္ျပပါဆိုရင္ မွားၾကတယ္လို႕ ဆိုပါတယ္။ ဒါေပမယ့္
ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ သိၾကပါတယ္။ ကၽြန္ေတာ္တို႕ဘယ္ကလာသလဲလို႕႔ ေမးရင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့
ႏိုင္ငံကလာပါတယ္ လို႕ ေျဖႏိုင္ပါတယ္။ ကံေကာင္းတာကေတာ့
ကၽြန္ေတာ္တို႕မွာ လက္ညိႈးထိုးျပစရာ ပုံရိပ္ရွိပါတယ္။ ေအာင္ဆန္းစုၾကည္ကို အခ်ိဳ႕က အသံမထြက္တတ္ပါဘူး။
ေအာင္ဆန္းစုကယီ လို႕ ထြက္ေတာ့ အသံထြက္တတ္တဲ့ ႏိုင္ငံျခားသာတစ္ေယာက္က အဲသလို အသံမထြက္ဘူး။
ၾကည္လို႕ အသံထြက္တယ္။ ျမန္မာမွာ အလားတူ ၾကည္ေအး။
ၾကည္တင့္၊ ၾကည္ျမင့္၊ ဦးၾကည္၊ ေက်ာ္စိန္၊ ေက်ာ္ေသာင္း စသျဖင့္ နာမည္ေပးတဲ့ ဓေလ့ရွိတယ္လို႕
ေျဖတယ္။ ျမန္မာ့ယဥ္ေက်းမႈကို အထိုက္အေလ်ာ္တီးမိေခါက္မိတဲ့ ႏိုင္ငံျခားသားတစ္ေယာက္က
အျခားႏိုင္ငံျခားသားတစ္ေယာက္ကို အဲသလို ရွင္းျပတာ ေတြ႕ဖူးလို႕ ၿပဳံးခဲ့ရဖူးပါတယ္။ သူက
ျမန္မာႏိုင္ငံကို သေဘာက်တယ္တဲ့။ ရန္ကုန္မွာ
ႏွစ္လသုံးလေလာက္ ေနဖူးတယ္တဲ့။ ျမန္မာစကားနည္းနည္းတတ္တယ္ဆိုပဲ။ ေကာင္းေလစြ။ ကိုယ့္ဘာသာစကားကို
တျခားတစ္ေယာက္ေယာက္က ေျပာေနရင္ အသံ၀ဲ၀ဲနဲ႕ သေဘာက်စရာ ေကာင္းပါတယ္။ ကမၻာမွာ ျမန္မာယဥ္ေက်းမႈ
ကၽြမ္းက်င္တဲ့ ႏိုင္ငံျခားသားလည္း ရွိႏိုင္ပါတယ္။
အဲသလိုဆို ဟုတ္တယ္။ အဲဒီႏိုင္ငံက လာတာ လို႕ ၿပဳံၿဖီးၿပီး ေျဖႏိုင္ပါတယ္။ အဲသလိုမွမဟုတ္ရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရွိတဲ့
ႏိုင္ငံကလာတယ္ကြလို႕ ခပ္ၾကြားၾကြားေျပာႏိုင္ပါတယ္။
2
ကမၻာမွာ စီးပြားေရးႏွင့္ ေစ်းကြက္အေျခအေနမညီမွ်မႈနဲ႕အတူ
ႏိုင္ငံငယ္ေတြက ပညာတတ္ေတြဟာ လူ႕စြမ္းအားအရင္းအျမစ္တန္ဖိုးႀကီးမားတဲ့ ႏိုင္ငံေတြဆီကို
ထြက္ခြာၾကပါတယ္။ ဒီႏိုင္ငံမွာ ဆရာ၀န္လုပ္လို႕
ရတဲ့ေငြက အခ်ိဳ႕ႏိုင္ငံမွာ စားပြဲထိုးလုပ္တာေလာက္ အဆင္မေျပတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္
ပညာဆိုတာက ေငြေၾကးနဲ႕ ဆုံးျဖတ္လို႕ရတဲ့ ကိစၥ မဟုတ္ျပန္ပါဘူး။ ပညာရွင္ဆိုတာက ပညာေနာက္လိုက္တဲ့သူေတြကို ေခၚတာ။
ေငြေနာက္လိုက္တဲ့သူေတြကိုေခၚတာမဟုတ္ဘူး လို႕
ထင္ပါတယ္။ အေရးႀကဳံလာရင္ သူ႕ပညာဘက္ကေန မားမားရပ္မယ့္သူမ်ိဳးလို႕ ထင္ပါတယ္။ ပညာဘက္က
မားမားမတ္မတ္ရပ္ဖို႕၊ အမွန္တရားဘက္မွာေနဖို႕ကလည္း တစ္ဘက္က လုံေလာက္တဲ့ အေထာက္အပံ့ေတြ
ရွိေနရျပန္ပါတယ္။ မလုံေလာက္ဘူးဆိုရင္ ပညာထပ္တိုးရွာဖို႕
လိုအပ္တဲ့ ေက်ာင္းေတြ ဘယ္လိုလုပ္ ထပ္ၿပီးတက္ႏိုင္ေတာ့မွာလဲ။
အခ်ိဳ႕ပညာတတ္ေတြလည္း ႏိုင္ငံျခားက စာေမးပြဲေတြ ေျဖၿပီး
ႏိုင္ငံျခားမွာပဲ ေနၾကေတာ့တယ္။ လူေတြပဲ ျဖစ္ျဖစ္
ငွက္ေတြပဲျဖစ္ျဖစ္ သမင္ေတြပဲျဖစ္ျဖစ္ ေဘးကင္းလုံၿခဳံရာ၊ ေရၾကည္ရာ ျမက္ႏုရာကို ေျပာင္းေရႊ႕ၾကတာကို
ေတြ႕ႏိုင္ပါတယ္။ သူတို႕ကို ကၽြန္ေတာ္တို႕ အျပစ္ေျပာလို႕ မရပါဘူး။ ကမၻာသူကမၻာသားေတြဟာ ကမၻာႀကီးရဲ့ ေကာင္းေမြဆိုးေမြေတြကို
အတူတကြ မွ်ေ၀ခံစားခြင့္ ရွိတယ္မဟုတ္လား။ လူသားတစ္ေယာက္ဟာ ကမၻာ့ႀကီးရဲ့ အဆင္ေျပတဲ့ေနရာမွာ
ရွင္သန္ႀကီးျပင္းခြင့္ ရွိတယ္မဟုတ္လား။ အဲဒီေတာ့ ႏိုင္ငံျခားထြက္ခြာခ်င္သူေတြလည္း ထြက္ခြာၾကတယ္ေပါ့။
၀င္လာသူလည္း ၀င္လာၾကတယ္ေပါ့။ ဒီလိုပါပဲ။ စကၤာပူတို႕
ၾသစေတ်းလ်တို႕ရဲ့ ေျပာင္းေရႊ႕တာလက္ခံတဲ့စနစ္ကို သေဘာက်ပါတယ္။ သူတို႕က လူ႕စြမ္းအားအရင္းအျမစ္ေတြကို ႀကိဳဆိုပါတယ္။ ပညာတတ္လူသားေတြကို ထိုက္ထိုက္တန္တန္ ေမြးျမဴပါတယ္။ ဖိတ္ေခၚပါတယ္။
ျပန္မထြက္ခ်င္ေအာင္ ထားပါတယ္။ ၿပီးေတာ့
အဲသလိုႏိုင္ငံက လုပ္ငန္းရွင္ႀကီးေတြက ပညာတတ္ေတြကို ေျပာတတ္ပါေသးတယ္။ ေအးရွန္းပစိဖိတ္ေဒသမွာ
ေနထိုင္ပါ။ မဲေခါင္ေဒသမွာ တာ၀န္ထမ္းပါ။ စသျဖင့္ ေျပာတတ္ပါတယ္။ ပညာတတ္ေတြဟာ မဖြံ႕ၿဖိဳးတဲ့ အရပ္ေတြမွာ ေနပါ။ ဖြံ႕ၿဖိဳးေအာင္ ၀ိုင္း၀န္းကူညီပါ။ စသျဖင့္ ေျပာတာမ်ိဳးလည္း ၾကားဖူးပါတယ္။
လူေတြဟာ ေရႊ႕ေျပာင္းပ်ားေမြးတဲ့
အေမရိကန္က ပ်ားလုပ္သားေတြလိုပါပဲ။ ပ်ားလုပ္သားေတြဟာ
ရာသီအလိုက္ ပန္းေတြပြင့္တဲ့ ပ်ားေမြးလို႕ရတဲ့ ေနရာေတြဆီကို ပ်ားအသိုက္အၿမဳံေတြေရာ လူအသိုက္အၿမဳံေတြပါ
ေရႊ႕ေျပာင္းၾကတယ္လို႕ သိရပါတယ္။ သူတို႕ဟာ ဘယ္ေဒသက
ဘယ္ဇာတိသားေတြလို႕ ဆိုလို႕ရေပမယ့္ သူတို႕ရဲ့ ေနရပ္ဟာ ဘယ္ေနရာရယ္လို႕ ျပသဖို႕ရာ ခက္ပါတယ္။ ရာသီအလိုက္ ေရႊ႕ေျပာင္းၾကရတာကိုး။ တစ္ခါတစ္ခါ ဘယ္ၿမိဳ႕သားဆိုတာေတာင္ ေမ့ေနႏိုင္ပါတယ္။
ပ်ားလုပ္သားေတြဟာ
ျမန္မာႏိုင္ငံမွာလည္း ရွိပါတယ္။ ပ်ားေမြးျမဴတဲ့
ပ်ားသူေဌးေတြဟာ မိုးရာသီမွာ ပန္းႏွမ္းေတြ၊ ဒါမွမဟုတ္ ပန္းေတြ ေပါရာ၊ စိုက္ပ်ိဳးတဲ့ေနရာမွာ
ေနထိုင္ၿပီး၊ ေဆာင္းရာသီမွာ ဇီးပန္းေတြ လိႈင္တဲ့ ေနရာ၊ ေဆာင္းရာသီမွာ ေနၾကာေတြ စိုက္တဲ့ေနရာ၊
ေႏြရာသီမွာ ေသာက္သုံးေရ ေပါးၿပီး စိမ္းလန္းတဲ့ ေတာင္တန္းေတြၾကား။ ပန္းနည္းနည္းပြင့္ၿပီး
အစာေရစာ မျပတ္လပ္တဲ့ေနရာ စသျဖင့္ ႏိုင္ငံအႏွံ႕လွည့္လည္ ေျပာင္းေရႊ႕ေမြးျမဴၾကပါတယ္။ ဘုတလင္က ပ်ားေမြးျမဴေရးသမားကို ဘယ္ကလာသလဲလို႕ ေမးေတာ့
ျပင္ဦးလြင္က လာတာပါ၊ လားရိႈးက လာတာပါ စသျဖင့္ ေျဖတာကို ေတြ႕ေတာ့ ေအာ္ ဘယ္ကလာတယ္ဆိုတာ
သည္လိုကိုး လို႕ အံ့ၾသရပါတယ္။
ကိုယ့္ဇာတိကိုေတာ့
မေမ့စေကာင္းဘူးလို႕ ေရွးလူႀကီးသူမမ်ားက ဆိုပါတယ္။
ေမြးရပ္ေျမကို လူ႕ အေျခခံစိတ္အရ ခ်စ္ၾကတယ္လို႕ ဆိုပါတယ္။ ဒါေပမယ့္ မ်ိဳးခ်စ္စိတ္ဆိုၿပီး ကိုယ့္ရြာကသာ ျမင့္ျမတ္တယ္၊
အျခားရြာက နိမ့္က်တယ္ စသျဖင့္ ထင္တစ္လုံး ဘ၀င္တစ္လုံးျဖစ္ေနရင္ေတာ့ အဲဒါက မ်က္ကန္းမ်ိဳးခ်စ္စိတ္လို႕
ဆိုရမွာပါ။ အဲဒီမ်ိဳးခ်စ္စိတ္ဟာ ဘုရားတရားေတာ္နဲ႕ အေတာ္ေ၀းတဲ့ မ်ိဳးခ်စ္စိတ္လို႕ ဆိုရမွာ
ျဖစ္ပါတယ္။
ပန္းခ်ီဆရာဆိုလည္း တစ္ေယာက္တည္း ပန္းခ်ီဆြဲေနမွာေပါ့။ စာေရးဆရာဆိုလည္း တစ္ေယာက္တည္း စာဖတ္ေနတာျဖစ္ျဖစ္၊ စာေရးေနတာျဖစ္ျဖစ္။ ဘာသာေရးသမားေတြဟာ အလာတုန္းကလည္း တစ္ေယာက္တည္း လာတာမို႕ အျပန္မွာလည္း တစ္ေယာက္တည္းမို႕ ခရီးလမ္းမွာလည္း တစ္ေယာက္တည္း မေလွ်ာ့ေသာဇြဲနဲ႕ မေလွ်ာ့ေသာ လုံ႕လနဲ႕ သမာဓိ စုေဆာင္းၿပီး တစ္ေယာက္တည္း မရပ္မနား တရားေတာ္နဲ႕အညီ ေနရမယ္ထင္ပါတယ္။

တစ္ေန႕က ရန္ကုန္က
ကဗ်ာဆရာတစ္ေယာက္နဲ႕ ေတြ႕တုန္း ကၽြန္ေတာ္က သူ႕ကို အဆင္ေျပရဲ့ လား လို႕ ႏႈတ္ဆက္ပါတယ္။
သူက အဆင္ေျပပါတယ္။ ကဗ်ာဆရာဆိုတာက မေျပစရာ မရွိဘူးေလ။ တစ္ေယာက္တည္း ထိုင္လုပ္လို႕ ရတဲ့ အလုပ္ဥစၥာ။ ႏိုင္ငံေရးလို
အမ်ားနဲ႕ လုပ္ရတာ မဟုတ္ေတာ့ ဘာျပႆနာမွ မရွိပါဘူးတဲ့။ ႏိုင္ငံေရးလုပ္တဲ့သူအတြက္ေတာ့
ျပဳျပင္ေျပာင္းလဲေရးကာလမွာ ႏိုင္ငံေရးေတြ လုပ္ေနတာဆိုေတာ့ ျပႆနာေတြ အမ်ားႀကီးေတြ႕လိမ့္မယ္
ထင္တယ္တဲ့။ သူေျပာလိုက္ေတာ့ သတိထားမိလိုက္တယ္။ ကဗ်ာဆိုတာ ဧကစာအက်င့္ပဲေလ။ ဒါေပမယ့္
ကဗ်ာဆရာဟာ တစ္ခါတခါ ရုန္းစုရုန္းစု လုပ္ဖို႕လည္း လိုအပ္တာေပါ့။ လိုအပ္ခ်င္ လိုအပ္ႏိုင္တာပဲေလ။ ႏိုင္ငံေရးမွာက အမ်ားနဲ႕လုပ္ရတာခ်ည္း။ အရင္ကေတာ့ ငါးေယာက္တဲ့ ပိုရင္ ႏိုင္ငံေရးဆိုလား။ ငါးေယာက္ထက္ပိုၿပီး မစုေ၀းရဘူးတဲ့။ ဇာတ္ပြဲမွာက်ေတာ့လည္း လူေတြ စုၿပဳံေနျပန္ေရာ။ စုခ်င္ရင္ စုပါေစ။ ႏိုင္ငံေရးနဲ႕ လူမစုရဘူးဆိုေတာ့
ဇာတ္ပြဲက ႏိုင္ငံေရးမဟုတ္ဘူးလား။ အမ်ားနဲ႕
ပတ္သက္သမွ်ကိစၥေတြဟာ ႏိုင္ငံေရးပဲ။ လူတစ္ေယာက္ဆင္းရဲတာက
ႏိုင္ငံေရး ဟုတ္ခ်င္မွ ဟုတ္မယ္။ လူအမ်ား ဆင္းရဲ့ၾကရင္ေတာ့
ႏိုင္ငံေရး။ အမ်ားနဲ႕ ပတ္သက္တဲ့ ႏိုင္ငံေရးကိစၥေတြမွာ
ပါ၀င္လုပ္ေဆာင္ၾကဖို႕ တာ၀န္မရွိေပဘူးလား။
သီးသန္႕ေနခ်င္ရင္လည္း
ေနပါေစ။ လူေတြကို ေပ်ာ္ရႊင္ခ်မ္းေျမ႕သလို ေနတတ္ပါေစ။ ႀကိဳးစားခ်င္ ႀကိဳးစားၾကပါေစ။ ဘာလို႕ ပိတ္ပင္ေနစရာရွိေသးလဲ။ အျခားသူကို ဘာေျပာစရာလိုေသးလဲ။ အာဏာရွင္စနစ္မွာကေတာ့
လူေတြဟာ အစြမ္းကုန္ႀကိဳးစားခြင့္မရဘူး။ လူေတြဟာ လူနဲ႕ မတူဘူး။ ၿခံထဲက ဆိတ္ေတြ ႏြားေတြလို
ဖိႏွိပ္ခံရတယ္။ ဒီမိုကေရစီမွာကေတာ့ ေျပာင္းျပန္ပါ။
ဘ၀ဆိုတာ ႏွစ္ခါရမရ မေသခ်ာဘူးေလ။
ျပည္တြင္းစစ္ရွိတဲ့
ႏိုင္ငံေတြဟာ အၾကမ္းပတမ္းေတြ အၿမဲရွိတဲ့အတြက္ ဆင္းရဲျခင္းဒါဏ္ကို ခံၾကရတယ္။ ျပည္တြင္းစစ္ဆိုတာ ဘာေကာင္းတာမွတ္လို႕။ လူေတြဟာ ၿငိမ္းခ်မ္းေရးကို ေရွ႕ရႈၾကတယ္။ ေမွ်ာ္ၾကတယ္။ ကဗ်ာဆရာေရးတဲ့ ကဗ်ာဟာ ႏိုင္ငံေရးေပါ့။ အမ်ားဖတ္မဲ့ဟာကို။ အဲဒါက်ေတာ့ တစ္ေယာက္တည္း ဖတ္လည္း ႏိုင္ငံေရး ျဖစ္ခ်င္
ျဖစ္ႏိုင္တာပဲ။ ႏိုင္ငံေရးဟာ အမ်ားနဲ႕ ပတ္သက္သလို
တစ္ေယာက္ခ်င္ဆီနဲ႕လည္း ပတ္သက္ႏိုင္တာပဲေလ။
မားမို႕ဒါ၀ွစ္ရွ္ရဲ့ ကဗ်ာတစ္ပုဒ္ ကို ဘာသာျပန္ေပးလိုက္ပါတယ္။ ဖတ္ၾကည့္ေစခ်င္တယ္။
ငါ အဲဒီက လာတယ္
ငါ အဲဒီက လာတယ္။ ငါ့မွာ
သတိရစရာေတြ ရွိတယ္
အေသေတြလိုပဲ ငါ့ကုိ
ေမြးတယ္၊ ငါ့မွာ အေမတစ္ေယာက္ရွိတယ္
ျပတင္းေပါက္ေတြအမ်ားႀကီးနဲ႕
အိမ္တစ္လုံးေရာေပါ့
ငါ့မွာ ညီအကိုေတြ
ရွိတယ္ သူငယ္ခ်င္းေတြ
ေအးခဲတဲ့ ျပတင္းေပါက္နဲ႕
အက်ဥ္းေထာင္တစ္ခန္းေရာေပါ့
ပင္လယ္ဇင္ေယာ္ေတြ
၀ဲထိုးေနတဲ့ ေရလိႈင္းဟာ ငါ့ကိုယ္ပိုင္ေပါ့
ငါ့မွာ ကိုယ္ပိုင္အျမင္ေတြ
ရွိတယ္
ျမက္အသြားတစ္ခ်ပ္ေရာ
အပိုရွိတယ္
အဆုံးစြန္းေသာ စကားလုံးေတြနဲ႕ လမင္းႀကီးဟာ ငါ့ကိုယ္ပိုင္
ငွက္ေတြ ၀ိုင္းရံလို႕
ဘယ္ေတာ့မွ မေသေပ်ာက္ႏိုင္တဲ့
သံလြင္တစ္ပင္ေရာေပါ့
ဒီေျမမွာ ဓားေတြရဲ့
ေရွ႕က ငါလမ္းေလွ်ာက္ခဲ့တယ္
ဒီေျမရဲ့ ရွင္သန္တဲ့ကို္ယ္ထည္ကို
စားပြဲအျဖစ္ ေျပာင္းလဲခင္းက်င္းေစခဲ့တယ္
ငါ အဲဒီက လာတာပါ။
ေကာင္းကင္ႀကီးကို သူ႕မိခင္ႀကီးနဲ႕ ေရာျခယ္သခဲ့တယ္
ေကာင္းကင္က သူ႕မိခင္အတြက္
ငုိေၾကြးတဲ့အခါ
ငါလည္း ငိုေၾကြးတယ္
ျပန္လာမယ့္တိမ္ေတြက
ငါ့ကို သိရွိသြားေအာင္ေပါ့
ေသြးတရားနဲ႕ ထိုက္တန္တဲ့
စကားလုံးေတြအားလုံးကို ငါေလ့လာခဲ့တယ္
ဆိုေတာ့ကာ ငါ စည္းေဖါက္ႏိုင္ၿပီေပါ့
စကားလုံးေတြအားလုံးကို
ေလ့လာၿပီး ရိုက္ခ်ိဳးပစ္တယ္
စကားလုံးတစ္လုံး ထြက္က်လာတယ္
“အမိေျမ”။
မားမို႕ဒါ၀ွစ္ရွ္
အမိေျမကို ကၽြန္ေတာ္တို႕အားလုံး
ခ်စ္ၾကပါတယ္။ အမိေျမအတြက္လည္း ဂုဏ္ယူခ်င္ၾကပါတယ္။ အမိေျမက သူ႕ႏိုင္ငံသားေတြကို ရလိုက္တဲ့အတြက္လည္း
အမိေျမက ဂုဏ္ယူရင္ မေကာင္းေပဘူးလား။
အမိေျမဟာ တင့္တယ္ၿပီး
ကမၻာမွာ ဂုဏ္သိကၡာရွိစြာ ရပ္တည္ႏိုင္ရင္ ေကာင္းေလစြ။
အမိေျမမွာေရာ လူတစ္ေယာက္ဟာ
ကိုယ့္ေျခကိုယ္ ရပ္တည္ႏိုင္ရင္ ေကာင္းေလစြ။
စီးပြားေရး၊ လူမႈေရး၊
လူ႕အခြင့္အေရး အစစအရာရာေပါ့။
အခုေတာ့ ကၽြန္ေတာ္တို႕က
ဘယ္ကလာတာလဲလို႕ ေမးရင္ ေဒၚေအာင္ဆန္းစုၾကည္ရွိတဲ့ ႏိုင္ငံက လာတာပါလို႕ ေျပာႏိုင္ပါတယ္။
တစ္ေယာက္နဲ႕ တစ္ေယာက္ေတာ့
မတူဘူးေပါ့ေလ။ ခင္ဗ်ားေရာ ဘယ္က လာတာလဲ ။ ဘယ္က လတယ္လို႕ ေျပာမလဲ။
ၿပီးေတာ့
ဘယ္ကို သြားမွာ လဲ။
“လူေတြဟာ ၀င္လာၾကမယ္။
ထြက္သြားၾကမယ္
ငါကေတာ့ ထာ၀ရစီးဆင္းေနဆံေပါ့။”
Unicode
သင် ဘယ်ကလာ
၁
ကျွန်တော်တို့ ဘယ်ကလာသလဲဆိုတာ မသိပါဘူးတဲ့။ အတိတ်ဘဝဘ၀တွေ။ ကျွန်တော်တို့ မမှတ်မိနိုင်ဘူးပေါ့။ လူ့ဦးနှောက်က ငယ်တုန်းမှာ ကစားရင်း လေ့လာရင်းနဲ့ အသစ်အသစ်တွေ မှတ်ရင်း အတိတ်တွေကို ဖျက်ပစ်ရင်း မေ့ပျောက်ရင်းဆိုတော့ ဒီဘဝထဲက အတိတ်ဖြစ်စဉ်တွေတောင်မှ အားလုံးကို မမှတ်မိနိုင်ဘူးလေ့။
အရေးကြီးတယ်လို့ ထင်တာအချို့ကို မှတ်မိတယ်။ မှတ်မိချင်တာတချို့ကိုလည်း သူမှတ်မိသလောက် မှတ်မိတယ်။ ထပ်ခါတလဲလဲတွေ့နေတာတွေကိုလည်း မှတ်မိတတ်တယ်။ ဦးနှောက်က အဲသလို အလုပ်လုပ်ပါတယ်။ တစ်ခါတစ်ခါ ဦးနှောက်ထိခိုက်သွားရင် မှတ်မိထားတာတွေ မေ့သွားတတ်ပြန်ရော။ ငယ်တုန်းကအဖြစ်အပျက်တွေ တောင်မှ ကျွန်တော်တို့ အားလုံး မမှတ်မိဘူးဆိုတော့ အတိတ်ဘဝကိုတော့ ဘယ်မှတ်မိနိုင်မလဲပေါ့။ ဘယ်ကလာမှန်း မသိ။ ဘယ်ကို သွားမယ်မသိ။ ဒါပေမယ့် လျှောက်နေတဲ့ ခြေလှမ်းတွေကိုသာ ကြည့်ပြီး သူဘယ်ကို သွားလောက်တယ်ဆိုတာကိုတော့ ဘေးကနေ မှန်းကြည့်လို့ ရကောင်းရနိုင်တာပေါ့။ ဒါပေမယ့် ဒါကလည်း မသေချာပြန်ဘူး။ ကိုယ့်ကိုကိုယ်တောင် မသိရင် ဘေးကလူကို ဘယ်လိုလုပ် ခန့်မှန်းလို့ မှန်နိုင်မလဲပေါ့။ အဲဒီတော့ ဘယ်ကလာသလဲဆိုတာကို ကျွန်တော်တို့ မသိဘူးပေါ့။
ဒါပေမယ့် ကျွန်တော်တို့ မှတ်မိသလောက်ကစပြီး ဘယ်ကလာတယ်ဆိုတာကိုတော့ သိနိုင်ပါတယ်။ ကျွန်တော်ဆိုလျှင်တော့ တောခြေဇနပုဒ်ရွာလေးတစ်ရွာက လာပါတယ်။ ဘုတလင်မြို့နယ်က ကူတော်ဆိုတဲ့ ရွာကလေးပါ။ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့အတွက် ရွာကြီးလို့လဲ ပြောလို့ရပါတယ်။ ကျွန်တော်တို့ရွာဦး ဘုရားက ဂေါပကအဖွဲ့ကတော့ ကူတော်ရွှေမြို့တော်အတွင်းမှာ ရှိကြတဲ့ သဗ္ဗူရိသနွယ်ဝင် သူတော်ကောင်းအပေါင်းတို့ ခင်ဗျားလို့ လော်စပီကာနဲ့ အော်တတ်ပါတယ်။ သူတို့စကားအရ ကျွန်တော့်ဇာတိရွာကလေးဟာ ရွှေမြို့တော်ကြီး ဖြစ်ပါတယ်။ အင်မတန်မှ သာယာလှပပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ ရွှေမြို့တော်ကြီးပေါ့။ ငယ်တုန်းက ရေးတဲ့ အက်ဆေးတွေထဲမှာတော့ ရွာလေးဟာ သိပ်သာယာလှပပေမယ့် အမှန်တကယ်တော့လည်း မဟုတ်လှပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲသည် ကျောင်းသားဘ၀ စာစီကုံးတွေက အမှန်ဆိုတာထက် အဖွဲ့အနွဲ့က များနေတယ်ထင်တယ်။ ဆိုပါတော့ ကျွန်တော် ရွာကလေးတစ်ရွာက လာပါတယ်။ သူတို့အခေါ် ရွှေမြို့ဆိုတဲ့ ရွာလေးကလာတာပေါ့။
ကျွန်တော်တို့ ငယ်ငယ်က အထက်တန်းကျောင်းမှာ The Brook ဆိုတဲ့ ကဗျာကို ရွတ်ခဲ့ရပါတယ်။
I come from haunts of coot and hern,
I make a sudden sally
And sparkle out among the fern,
To bicker down a valley.
ချောင်းကလေးဟာ ရေကြက်တွေ ဗျိုင်းတွေ ကျင်လည်ကျက်စားရာနေရာတွေကနေ လာခဲ့
ဒရောသောပါး ဖြန့်ဆင်းလာတယ်။
ဒရင်ကောက်ပင်တွေကြား တဖွားဖွားတလက်လက်နဲ့
လျှိုမြောင်ကြား လိမ့်ဆင်းဖို့ကွယ်။
ချောင်းလေးဟာ တောအရပ်မှာ စတင်လားပြီး ဒရင်ကောက်ပင်တွေကြားမှာ တလက်လက်နဲ့ စီးဆင်းကာ လျှိုမြောင်ကြား စီးကျသွားသတဲ့။ ကဗျာက အရှည်ကြီးပါ။ လူ့ဘဝကို တင်စားပြီး ရေးတယ်လို့လဲ အချို့က ခန့်မှန်းပြောဆိုကြပါတယ်။ ကဗျာရေးစဉ်က ကဗျာဆရာကြီး လော့ တင်နီဆန် က ဘယ်လို ရေးခဲ့တယ်ဆိုတာကို မှန်းဆရခက်တဲ့အတွက် မမှန်းဆတော့ပါဘူး။ မှန်းဆချင်လည်း မှန်ချင်မှ မှန်မယ်။ မသေချာဘူး။ စာပေဆိုတာ သေချာဒိဌပြောလို့ရတဲ့ အရာလို့လည်း မထင်ပါဘူး။ အဲဒီခေတ်ကို မှီလည်း မမှီခဲ့တဲ့အတွက် ပြန်လည်မှန်းဆတာမျိူး မလုပ်တော့ပါဘူး။ “ဒါ့ကြောင့် ဆိုခရေးတီးက ပြောတာနေမှာ။ ဒါပေမယ့် အဲဒီခေတ်ကို မမီလိုက်တဲ့အတွက် အတွေးအခေါ်ပညာရှင်ကြီးက ဘာပြောခဲ့တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ဘယ်သိနိုင်ပါ့မလဲ။” ဆိုတဲ့ ဟာသစကားလိုပေါ့။
လူတွေက ဝင်လာကောင်းဝင်လာကြမယ်။
လူတွေက ထွက်သွားကောင်း ထွက်သွားကြမယ်။
ငါကတော့ အစဉ်ထာဝရ စီးဆင်းဆဲ။
ကဗျာထဲက ကျွန်တော်တို့ကို ခဏခဏ ပြန်လည် ရွတ်မိစေတဲ့ စာသားဖြစ်ပါတယ်။ ကမ္ဘာ.ကြီးဆီကို လူတွေ ရောက်လာပါတယ်။ စိတ်တွေ ရောက်လာပါတယ်။ ကိုယ်တွေရောက်လာပါတယ်။ ပြီးတော့ ကမ္ဘာကြီးကနေ ပြန်လည် ထွက်ခွာသွားကြပါတယ်။ သည်ကြားထဲမှာ ဆူညံသံတွေ။ ဆဲဆိုသံတွေ။ ပစ်ခတ်သံတွေ။ လက်နက်တွေ။ မာနတွေ။ အာဂါတတွေ။ မစ္ဆရိယစိတ်တွေ။ မပြည့်ဝခြင်းတွေနဲ့ ပြည့်ဝနေတဲ့ ဆဲသံဆိုသံတွေ။ ပြည့်ဝခြင်းနဲ့ မပြည့်ဝနိုင်တဲ့ အသံဗလံတွေ။ အတင်းအဖျင်းတွေ။ ပြည်တွင်းစစ်တွေ။ ပဋိပက္ခတွေကို လူတွေက အများကြီး ပြုလုပ်တတ်ကြပြန်ပါတယ်။ ငြိမ်းချမ်းရေးကိုလည်း မျှော်ကြရပါတယ်။ ငြိမ်းချမ်းရေးကိုလည်း ပြန်လည်ပြုလုပ်ရပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်တယ် လို့ ခေါ်ကြပါတယ်။ မကောင်းတာတွေ ပြုလုပ်နေတဲ့သူတွေရှိနေချိန် ကောင်းတာလုပ်နေသူတွေလည်း ရှိရမယ်လို့တော့ ယုံကြည်ပါတယ်။
မိုက်ရိုင်းမှုမှာတော့ လူတွေနဲ့ တရိစ္ဆာန်တွေဟာ တူပါတယ်။ လူနဲ့ တရိစ္ဆာန် မတူတာက စဉ်းစားတွေးခေါ်မှုနဲ့ ပညာပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှုပဲ ဖြစ်ပါတယ်။ သီလ၊ သမာဓိ ပညာ တရားသုံးပါးဟာ ကမ္ဘာလောကမှာ လူသားတွေဟာ သြဇာကြီးနေရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ သြဇာကြီးတယ်ဆိုတာထက် ဂုဏ်သိက္ခာကြီးမားတယ်လို့ သုံးနှုန်းရင်တော့ ပိုကောင်းမယ် ထင်ပါတယ်။ ဒါပေမယ့် အသုံးအနှုန်းတွေဟာ အငြင်းပွားနေရမယ့် ကိစ္စတွေတော့ မဟုတ်ပြန်ပါဘူး။ ၏၊သည် အသုံးအနှုန်းတွေဟာ အငြင်းပွားပြီး ခိုက်ရန်စစ်မက်ဖြစ်ရလောက်အောင် မထိုက်တန်ပါဘူး။ လူတွေ အသက်တွေလောက် ဘာတွေက တန်ဖိုးရှိမှာလဲ။
နောက်ထပ် အရေးကြီးတာတစ်ခုကတော့ ရသခံစားမှု လို့ထင်ပါတယ်။ အနုပညာကို ခံစားတတ်မှုဖြစ်ပါတယ်။ အနုပညာက နေနည်းထိုင်နည်းကို နူးညံ့သိမ်မွေ့တဲ့ နည်းလမ်းနဲ့ သင်ပေးတယ်လို့ ထင်ပါတယ်။ အလွန်တရာမှ မွန်းကျပ်တဲ့အခါ စိတ်ဟာ ထွက်ပေါက်လိုအပ်ပါတယ်။ ထပြီးကခုန်ကြည့်ပါ။ ဒါမှမဟုတ် သီချင်းကောင်းကောင်းလေးဖွင့်ပြီး အသာထိုင်နေကြည့်ပါ။ ဒါမှမဟုတ် ကဗျာဖတ် စာဖတ်ပြီးတော့လည်း စိတ်အပန်းဖြေနိုင်ပါတယ်။ တရားထိုင်တာကတော့ ပိုကောင်းတယ် ထင်ပါတယ်။ စိတ်ကို စူးစိုက်အားကောင်းစေတယ်။ ငြိမ်းချမ်းစေတယ်လို့ ဟောကြပြောကြပါတယ်။ ဒါမှမဟုတ် ဘာလုပ်ပါ ညာလုပ်ပါဆိုတာတွေကို ခဏ မေ့ထားကြည့်ပေါ့။ ဒါဟာ ငြိမ်းချမ်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ တကယ်တော့ ဘာလုပ်ပါ ညာလုပ်ပါဆိုတဲ့ အမိန့်အာဏာတွေဟာ မကောင်းပါဘူး။ အာဏာဟာ အလွန်အကျွံသုံးရင် သုံးသူရော အသုံးခံရသူပါ ထိခိုက်နစ်နာစေပါတယ်။ လက်မတစ်ထောင်ထောင်လုပ်နေတတ်သူတွေရဲ့ ဂုဏ်သိက္ခာဟာ အချိန်နဲ့အမျှ ကျဆင်းနေတတ်ပါတယ်။ အဓိကကတော့ သူများကို အာဏာမပြဖို့ လိုအပ်သလို အာဏာပါဝါကြီးချင်တဲ့ စိတ်မထားဖို့ပါ။ ဒါမှသာ လူဟာ ပေါ့ပါးလန်းဆန်းနေမယ်လို့ ယုံကြည်ရပါတယ်။
ကျွန်တော်တို့ဟာ လာလမ်းကို ခဏခဏ ပြန်ရောက်တတ်ပါတယ်။
“ဘာဖြစ်လို့လဲမသိဘူးဗျ။ ကျွန်တော်ဟာ ရန်ကုန်ကို ရောက်လိုက် အညာပြန်ရောက်သွားလိုက်နဲ့ နှစ်တွေကို ဖြတ်သန်းလာတာ ကြာပြီဗျ၊ နောက်တော့လည်း ကိုယ့်ကိုကိုယ် လှည်းတမ်းလမ်းမပေါ်မှာ လျှောက်လျက်သား ပြန်တွေ့ရတယ်” လို့ မိတ်ဆွေတစ်ယောက်က ပြောပါတယ်။ ဟုတ်ပါတယ်။ လူ့စိတ်ဟာ ရောက်ဖူးတဲ့ နေရာကို အဖန်ဖန် ပြန်ရောက်တတ်တဲ့ သဘောရှိပါတယ်။ စွဲလမ်းမှု သဘောပေါ့။ စွဲလမ်းတယ်ဆိုတာက အနည်းနဲ့ အများ တစ်မျိုးမျိုးဖြစ်နိုင်ပါတယ်။
ကျွန်တော် ပခုက္ကူမှာ ခြောက်လလောက် နေဖူးပါတယ်။ နောက် ပုဂံသွားတဲ့အခါ ပခုက္ကူကို ဖြတ်သွားရင် ဟိုတုန်းက နေခဲ့တဲ့ နေရာရောက်ရင် ကွက်ကြည့်ကွက်ကြည့် လုပ်ဖြစ်ပါတယ်။ အရင်က အဲဒီနေရာမှာ ည နှစ်နာရီကျော်ရင် မိုးလင်းဆိုင်လေးတွေနှင့် မြို့ဟာ တစ်ရေးနိုးပါတယ်။ ညသန်းခေါင်မှာ ထပြီး ရှင်သန်တာပါ။ မြိုုင်လမ်းစုံးမှာ ည (၂) ရီလောက်ဆိုရင် ထမင်းကြော်ဆိုင်လေးတွေ၊ ထမင်းသုပ် အစုံသုပ်ဆိုင်လေးတွေ ရှိပါတယ်။ ဘေးဘက်မှာ လက်ဖက်ရည်ဆိုင်လေးရှိပါတယ်။ နယ်သာလဖက်ရည်ဆိုင်လို့ နာမည်ရပါတယ်။ ၂၀၀၇ စက်တင်ဘာအရေးခင်း နောက်ပိုင်း တစ်ချို့ဓလေ့တွေ ပျက်ဆီးရပါတယ်။ ည ထမင်းကြော်ဆိုင်လေးတွေ မရှိတော့ပါ။ ထမင်းကြော်ဆိုင်လေးတွေဟာ အတန်ကြာ ပိတ်ပင်ခံခဲ့ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွေဟာ ပခုက္ကူမှာ သန္ဓေတည်ခဲ့တာကိုး။ နောက်တော့လည်း ညသန်းခေါင်ကျော်မှ စတင်ဖွင့်တဲ့ ဆိုင်လေးတွေ ပြန်ရှိလာတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ အဲသည်နားကို ရောက်တိုင်း အရင်က နေရာလေးတွေကို ကွက်ကြည့်ကွက်ကြည့် ကြည့်ဖြစ်ပါတယ်။
ဆယ်တန်းအောင်တော့ မုံရွာကို နေဖူးပါတယ်။ ခဏခဏ မုံရွာကို ပြန်ရောက်တာကိုလည်း သတိထားမိပါတယ်။ ရန်ကုန်ကို တစ်နှစ်၊ နှစ်နှစ်လောက် နေဖူးပြီး ရန်ကုန်ကိုလည်း ခဏခဏ ပြန်နေရတာကို သတိထားမိပါတယ်။ ကျွန်တော်တို့ဟာ ခရီးသွားတွေဖြစ်တဲ့အတွက် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တစ်နေရာရာကို ပြန်ပြန် ရောက်တတ်တဲ့သဘော ရှိပါတယ်။ ဒါကို သံသရာလည်တယ်လို့ ဆိုနိုင်သလား။ လောကသံသရာပေါ့။ သံသရာဆိုတာ ထပ်ပြန်တလဲလဲ ဖြစ်တတ်၊ ပျက်တတ်တဲ့ သဘောလို့ သိရပါတယ်။
“ခန္ဓာရထား၊ သံသရာသွား
လေးပါးဘူုတာ၊ စိုက်ရရှာ
ဇာတိမှ ထွက်၊ ဇရာတက်
နာချက် မရဏာ၊ လေးဘူတာ”
ရွာမှာ နေတုန်းမှာ လောစပီကာကတဆင့် နာကြားရတတ်တဲ့ တရားဖြစ်ပါတယ်။ နာရေးတွေမှာ ဖွင့်တတ်ပါတယ်။ သက်ရှိတွေမို့ တစ်နေ့ သေကြေကြရမှာပါဘဲ။ အဖြစ်တွေဟာ တစ်နေ့ အပျက်နဲ့သာ အဆုံးသတ်ရတယ် လို့ မှတ်သားဖူးပါတယ်။ အဲသလို အပျက်ဟာလည်း အသစ်ရဲ့ အစတစ်ခုလို ဖြစ်တတ်ပြန်ပါတယ်။ ဒီလိုနဲ့ သံသရာဟာ မပြီးနိုင်အောင် လည်ပါတယ်။
လူုဟာ မွေးစဉ်ကာလက ပျမ်းမျှ ၇-ပေါင်နဲ့ ဆယ်ပေါင်ကြားမှာ ရှိတတ်ပါတယ်။ လက်နှစ်ဖက်ထဲမှာ အသာပွေ့ထားနိုင်တဲ့ အလေးချိန်ပေါ့။ ကံ၊ စိတ်၊ ဥတု၊ အဟာရ အပေါ်မူတည်ပြီး တစ်ဖြေးဖြေး အလေးချိန်တွေ ရလာပါတယ်။ ကံဆိုတာကတော့ အတိတ်က လုပ်ခဲ့တဲ့ အလုပ်၊ အခု လုပ်နေဆဲအလုပ်ကို ခေါ်တယ် လို့ မှတ်သားဖူးပါတယ်။ အနာဂါတ်မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် နဲ့ လုပ်မယ့်အလုပ်ဟာလည်း စေတနာထဲမှာ အကျုံးဝင်တယ် ထင်ပါတယ်။ စိတ်ကလည်း အရေးကြီးပါတယ်။ စိတ်ဖိစီးရင် အချိုပိုစားပြီး အလေးချိန်ပိုရတယ်လို့ ဆိုပါတယ်။ အဝလွန်တာတွေဟာ ဖိစီးတဲ့ လူနေမှုဘဝစတိုင်နဲ့ ဆက်စပ်တယ်လို့ ဆိုပါတယ်။ ဥတုဆိုတာကတော့ ကိုယ်မှတပါး ဘေးပယောဂအားလုံးကို ခေါ်တာလို့ အကြမ်းဖျင်း မှတ်သားဖူးပါတယ်။ အဟာရဆိုတာကတော့ စားသောက်တဲ့ အစားအသောက်ရဲ့ အဟာရတန်ဖိုးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ သာမာန်အလုပ်နဲ့ ပျမ်းမျှ လူတစ်ယောက်ဟာ ကျားဆိုရင် ကယ်လိုရီ ၂၀၀၀ ထက်ကျော် လိုအပ်ပါတယ်၊ မဆိုရင် ၂၀၀၀ ကယ်လိုရီဝန်းကျင်ပေါ့။ အကြမ်းဖျင်းအားဖြင့် ထမင်းတစ်ပန်းကန်စားရင် ကယ်လိုရီ ၄၀၀ လောက် ရပါတယ်။ ဆီတစ်ဇွန်း ကယ်လိုရီ ၁၅၀ ခန့် ။ နွားနို့တစ်ခွက် ၂၀၀ လောက်။ ကြက်သားတစ်တုံး ၁၀၀ လောက် ။ ကယ်လိုရီချည်းပဲဆိုလည်း အလုပ်မဖြစ်သေးပါဘူး။ သက်စောင့်ဓာတ်လို့ခေါ်တဲ့ ဗီတာမင်တွေ လိုအပ်ပါသေးတယ်။ ကျွန်တော်တို့ မြန်မာတွေ စားတဲ့ အသီးအရွက်တွေ ၊ အသားငါးတွေ၊ ဆန်လုံးညိုတွေထဲမှာ ဗီတာမင်တွေ ပါတဲ့အတွက် အစုံစားမယ်ဆိုရင် အဆင်ပြေတယ်လို့ တိုင်းကျန်းမာ တာဝန်ရှိပုဂ္ဂိုလ်က ဆိုပါတယ်။
ကျန်းမာရေးအတွက် ဆန်အဖြူအနုထက် အညိုအကြမ်းက ပိုကောင်းပါတယ်။ အမျှင်ဓာတ်တွေ ပိုပါတဲ့အပြင် ဗီတာမင် ဘီဝမ်းပိုပါပါတယ်။ ဒါပေမယ့် ဆန်အဖြူနုက ပိုဈေးကောင်းပါတယ်။ ပိုလူကြိုက်များပါတယ်။ တခါတခါ လူတွေက အကျိုးဖြစ်ထွန်းမှုဆီကို မလိုက်ပါဘူး။ ဖြစ်ချင်တာဆီကိုပဲ လိုက်ကြပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ကို ဆန်အညိုကြမ်းကို စားပါလား၊ အဟာရပိုပြည့်စုံတယ် လို့ သွားပြောရင်တော့ အဆင်မပြေပါဘူး။ အိမ်နီးချင်းနိုင်ငံအပါအဝင် အချို့နိုင်ငံတွေမှာတော့ ဆန်လုံးညိုကို ဖြူအောင်နည်းပညာပေါင်းစပ်ကူညီပြီး ဖန်တီးယူပါတယ်။ ဆန်လုံးညိုရဲ့ အဟာရတန်ဖိုးလည်း ရရှိစေပါတယ်။ အချို့တတ်နိုင်တဲ့ နိုင်ငံတွေမှာတော့ fortified rice လို့ ခေါ်ပါတယ်။ လိုအပ်တဲ့ အဟာရဓာတ်တွေ ဖြည့်စွက်ထားပါတယ်။ အဟာရဖြည့်စွက်ဆန်လို့ ဘာသာပြန်ကြပါတယ်။ အဲဒီဆန်တွေကတော့ ဖြူပြီးကော့ပြန်လှပတဲ့အပြင် အာဟာရတန်ဖိုးဖြည့်စွက်ထားတဲ့သဘောပေါ့။ ဘာပဲဖြစ်ဖြစ် ဆန်လုံးညိုတို့၊ ကောက်လျင်ကြီးဆန် နီတာလန်တို့ဟာ ဖြူအောင်ဖွတ်ထားတဲ့ ဆန်ဖြူနုထက် ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
လူတွေဟာ သူ့အသိတရားနဲ့ သူနေကြ။ သူ့ သဘောသူဆောင်ကြ။
တဖြေးဖြေး အဟာရတွေ ထပ်ဖြည့်လာရင်း ပြေးလွှားဆော့ကစားရင်း သင့်ရဲ့ အချိန်တွေကို အသက်ကြီးရင့်ခြင်းနဲ့ လဲလှယ်ခဲ့ရပါတယ်၊ ဒါကြောင့် အချိန်တွေဟာ တန်ဖိုးကြီးပါတယ်၊ တန်ဖိုးးကြီးတဲ့ အချိန်တွေကို သိသလိုတမျိုး၊ မသိလိုက်သလို တစ်ဖုံ ဖြတ်သန်းရင်း လူဟာ ကိုယ်အလေးချိန်တွေ ရလာ၊ အရွယ်ရောက်လာ၊ လူမှုဆက်ဆံရေးနယ်ပယ်ထဲ ရောက်လာ ၊ အိမ်ထောင်ရက်သားကျလာ၊ သားသမီးတွေ ရလာ၊ ရင့်ရော်လာ၊ အိုမင်းလာ။ ပြောင်းလဲလာရပါတယ်။
အခု ခင်ဗျား ဘယ်က လာသလဲလို့ မေးရင် မနေ့က ရန်ကုန်က ပြန်လာတယ်လို့ ဖြေရမလား။ ရွာကနေ လာတယ်လို့ ဖြေရမလား။ ဘယ်က လာမှန်း မသိ လို့ ဖြေရမလား။ မေးမနေပါနဲ့ ဗျာ။ ဒီလိုပါပဲ လို့ ဖြေရမလား။ အမှန်အတိုင်းဖြေတာကတော့ ကောင်းပါတယ်။ မှန်တာပြောတာကို သူတော်ကောင်းတွေက ချျီးမွှမ်းပါတယ်။ ကဲ ဘယ်က လာသလဲဗျား။ အဖြေက ကာယကံရှင်ရဲ့ သဘောဆန္ဒအတိုင်းပေါ့။
ကျွန်တော်တို့နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံပါ။ နိုင်ငံရေးအရရော စီးပွားရေးအရပါ အပိတ်စနစ်ကို သုံးလာတာလည်း ကြာခဲ့တယ်။ အနောက်ဥရောပက အခြေခံပြည်သူတော်တော်များများက ကျွန်တော်တို့နိုင်ငံကို ကမ္ဘာ့မြေပုံမှာ ထောက်ပြပါဆိုရင် မှားကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သိကြပါတယ်။ ကျွန်တော်တို့ဘယ်ကလာသလဲလို့ မေးရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံကလာပါတယ် လို့ ဖြေနိုင်ပါတယ်။ ကံကောင်းတာကတော့ ကျွန်တော်တို့မှာ လက်ညှိုးထိုးပြစရာ ပုံရိပ်ရှိပါတယ်။ အောင်ဆန်းစုကြည်ကို အချို့က အသံမထွက်တတ်ပါဘူး။ အောင်ဆန်းစုကယီ လို့ ထွက်တော့ အသံထွက်တတ်တဲ့ နိုင်ငံခြားသာတစ်ယောက်က အဲသလို အသံမထွက်ဘူး။ ကြည်လို့ အသံထွက်တယ်။ မြန်မာမှာ အလားတူ ကြည်အေး။ ကြည်တင့်၊ ကြည်မြင့်၊ ဦးကြည်၊ ကျော်စိန်၊ ကျော်သောင်း စသဖြင့် နာမည်ပေးတဲ့ ဓလေ့ရှိတယ်လို့ ဖြေတယ်။ မြန်မာ့ယဉ်ကျေးမှုကို အထိုက်အလျော်တီးမိခေါက်မိတဲ့ နိုင်ငံခြားသားတစ်ယောက်က အခြားနိုင်ငံခြားသားတစ်ယောက်ကို အဲသလို ရှင်းပြတာ တွေ့ဖူးလို့ ပြုံးခဲ့ရဖူးပါတယ်။ သူက မြန်မာနိုင်ငံကို သဘောကျတယ်တဲ့။ ရန်ကုန်မှာ နှစ်လသုံးလလောက် နေဖူးတယ်တဲ့။ မြန်မာစကားနည်းနည်းတတ်တယ်ဆိုပဲ။ ကောင်းလေစွ။ ကိုယ့်ဘာသာစကားကို တခြားတစ်ယောက်ယောက်က ပြောနေရင် အသံဝဲ၀ဲနဲ့ သဘောကျစရာ ကောင်းပါတယ်။ ကမ္ဘာမှာ မြန်မာယဉ်ကျေးမှု ကျွမ်းကျင်တဲ့ နိုင်ငံခြားသားလည်း ရှိနိုင်ပါတယ်။ အဲသလိုဆို ဟုတ်တယ်။ အဲဒီနိုင်ငံက လာတာ လို့ ပြုံဖြီးပြီး ဖြေနိုင်ပါတယ်။ အဲသလိုမှမဟုတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရှိတဲ့ နိုင်ငံကလာတယ်ကွလို့ ခပ်ကြွားကြွားပြောနိုင်ပါတယ်။

၂
ကမ္ဘာမှာ စီးပွားရေးနှင့် ဈေးကွက်အခြေအနေမညီမျှမှုနဲ့အတူ နိုင်ငံငယ်တွေက ပညာတတ်တွေဟာ လူ့စွမ်းအားအရင်းအမြစ်တန်ဖိုးကြီးမားတဲ့ နိုင်ငံတွေဆီကို ထွက်ခွာကြပါတယ်။ ဒီနိုင်ငံမှာ ဆရာဝန်လုပ်လို့ ရတဲ့ငွေက အချို့နိုင်ငံမှာ စားပွဲထိုးလုပ်တာလောက် အဆင်မပြေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပညာဆိုတာက ငွေကြေးနဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ပြန်ပါဘူး။ ပညာရှင်ဆိုတာက ပညာနောက်လိုက်တဲ့သူတွေကို ခေါ်တာ။ ငွေနောက်လိုက်တဲ့သူတွေကိုခေါ်တာမဟုတ်ဘူး လို့ ထင်ပါတယ်။ အရေးကြုံလာရင် သူ့ပညာဘက်ကနေ မားမားရပ်မယ့်သူမျိုးလို့ ထင်ပါတယ်။ ပညာဘက်က မားမားမတ်မတ်ရပ်ဖို့၊ အမှန်တရားဘက်မှာနေဖို့ကလည်း တစ်ဘက်က လုံလောက်တဲ့ အထောက်အပံ့တွေ ရှိနေရပြန်ပါတယ်။ မလုံလောက်ဘူးဆိုရင် ပညာထပ်တိုးရှာဖို့ လိုအပ်တဲ့ ကျောင်းတွေ ဘယ်လိုလုပ် ထပ်ပြီးတက်နိုင်တော့မှာလဲ။
အချို့ပညာတတ်တွေလည်း နိုင်ငံခြားက စာမေးပွဲတွေ ဖြေပြီး နိုင်ငံခြားမှာပဲ နေကြတော့တယ်။ လူတွေပဲ ဖြစ်ဖြစ် ငှက်တွေပဲဖြစ်ဖြစ် သမင်တွေပဲဖြစ်ဖြစ် ဘေးကင်းလုံခြုံရာ၊ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့ကြတာကို တွေ့နိုင်ပါတယ်။ သူတို့ကို ကျွန်တော်တို့ အပြစ်ပြောလို့ မရပါဘူး။ ကမ္ဘာသူကမ္ဘာသားတွေဟာ ကမ္ဘာကြီးရဲ့ ကောင်းမွေဆိုးမွေတွေကို အတူတကွ မျှဝေခံစားခွင့် ရှိတယ်မဟုတ်လား။ လူသားတစ်ယောက်ဟာ ကမ္ဘာ့ကြီးရဲ့ အဆင်ပြေတဲ့နေရာမှာ ရှင်သန်ကြီးပြင်းခွင့် ရှိတယ်မဟုတ်လား။ အဲဒီတော့ နိုင်ငံခြားထွက်ခွာချင်သူတွေလည်း ထွက်ခွာကြတယ်ပေါ့။ ဝင်လာသူလည်း ဝင်လာကြတယ်ပေါ့။ ဒီလိုပါပဲ။ စင်္ကာပူတို့ သြစတျေးလျတို့ရဲ့ ပြောင်းရွှေ့တာလက်ခံတဲ့စနစ်ကို သဘောကျပါတယ်။ သူတို့က လူ့စွမ်းအားအရင်းအမြစ်တွေကို ကြိုဆိုပါတယ်။ ပညာတတ်လူသားတွေကို ထိုက်ထိုက်တန်တန် မွေးမြူပါတယ်။ ဖိတ်ခေါ်ပါတယ်။ ပြန်မထွက်ချင်အောင် ထားပါတယ်။ ပြီးတော့ အဲသလိုနိုင်ငံက လုပ်ငန်းရှင်ကြီးတွေက ပညာတတ်တွေကို ပြောတတ်ပါသေးတယ်။ အေးရှန်းပစိဖိတ်ဒေသမှာ နေထိုင်ပါ။ မဲခေါင်ဒေသမှာ တာဝန်ထမ်းပါ။ စသဖြင့် ပြောတတ်ပါတယ်။ ပညာတတ်တွေဟာ မဖွံ့ဖြိုးတဲ့ အရပ်တွေမှာ နေပါ။ ဖွံ့ဖြိုးအောင် ဝိုင်းဝန်းကူညီပါ။ စသဖြင့် ပြောတာမျိုးလည်း ကြားဖူးပါတယ်။
လူတွေဟာ ရွှေ့ပြောင်းပျားမွေးတဲ့ အမေရိကန်က ပျားလုပ်သားတွေလိုပါပဲ။ ပျားလုပ်သားတွေဟာ ရာသီအလိုက် ပန်းတွေပွင့်တဲ့ ပျားမွေးလို့ရတဲ့ နေရာတွေဆီကို ပျားအသိုက်အမြုံတွေရော လူအသိုက်အမြုံတွေပါ ရွှေ့ပြောင်းကြတယ်လို့ သိရပါတယ်။ သူတို့ဟာ ဘယ်ဒေသက ဘယ်ဇာတိသားတွေလို့ ဆိုလို့ရပေမယ့် သူတို့ရဲ့ နေရပ်ဟာ ဘယ်နေရာရယ်လို့ ပြသဖို့ရာ ခက်ပါတယ်။ ရာသီအလိုက် ရွှေ့ပြောင်းကြရတာကိုး။ တစ်ခါတစ်ခါ ဘယ်မြို့သားဆိုတာတောင် မေ့နေနိုင်ပါတယ်။
ပျားလုပ်သားတွေဟာ မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ ပျားမွေးမြူတဲ့ ပျားသူဌေးတွေဟာ မိုးရာသီမှာ ပန်းနှမ်းတွေ၊ ဒါမှမဟုတ် ပန်းတွေ ပေါရာ၊ စိုက်ပျိုးတဲ့နေရာမှာ နေထိုင်ပြီး၊ ဆောင်းရာသီမှာ ဇီးပန်းတွေ လှိုင်တဲ့ နေရာ၊ ဆောင်းရာသီမှာ နေကြာတွေ စိုက်တဲ့နေရာ၊ နွေရာသီမှာ သောက်သုံးရေ ပေါးပြီး စိမ်းလန်းတဲ့ တောင်တန်းတွေကြား။ ပန်းနည်းနည်းပွင့်ပြီး အစာရေစာ မပြတ်လပ်တဲ့နေရာ စသဖြင့် နိုင်ငံအနှံ့လှည့်လည် ပြောင်းရွှေ့မွေးမြူကြပါတယ်။ ဘုတလင်က ပျားမွေးမြူရေးသမားကို ဘယ်ကလာသလဲလို့ မေးတော့ ပြင်ဦးလွင်က လာတာပါ၊ လားရှိုးက လာတာပါ စသဖြင့် ဖြေတာကို တွေ့တော့ အော် ဘယ်ကလာတယ်ဆိုတာ သည်လိုကိုး လို့ အံ့သြရပါတယ်။
ကိုယ့်ဇာတိကိုတော့ မမေ့စကောင်းဘူးလို့ ရှေးလူကြီးသူမများက ဆိုပါတယ်။ မွေးရပ်မြေကို လူ့ အခြေခံစိတ်အရ ချစ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ်ဆိုပြီး ကိုယ့်ရွာကသာ မြင့်မြတ်တယ်၊ အခြားရွာက နိမ့်ကျတယ် စသဖြင့် ထင်တစ်လုံး ဘဝင်တစ်လုံးဖြစ်နေရင်တော့ အဲဒါက မျက်ကန်းမျိုးချစ်စိတ်လို့ ဆိုရမှာပါ။ အဲဒီမျိုးချစ်စိတ်ဟာ ဘုရားတရားတော်နဲ့ အတော်ဝေးတဲ့ မျိုးချစ်စိတ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘာသာတရားဟာ တစ်ကိုယ်တော်အလုပ်ဖြစ်တယ်လို့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။ နိုင်ငံရေးကတော့ အများအလုပ်လို့ ဆရာတော်က မိန့်ပါတယ်။ ပန်းချီဆရာဆိုလည်း တစ်ယောက်တည်း ပန်းချီဆွဲနေမှာပေါ့။ စာရေးဆရာဆိုလည်း တစ်ယောက်တည်း စာဖတ်နေတာဖြစ်ဖြစ်၊ စာရေးနေတာဖြစ်ဖြစ်။ ဘာသာရေးသမားတွေဟာ အလာတုန်းကလည်း တစ်ယောက်တည်း လာတာမို့ အပြန်မှာလည်း တစ်ယောက်တည်းမို့ ခရီးလမ်းမှာလည်း တစ်ယောက်တည်း မလျှော့သောဇွဲနဲ့ မလျှော့သော လုံ့လနဲ့ သမာဓိ စုဆောင်းပြီး တစ်ယောက်တည်း မရပ်မနား တရားတော်နဲ့အညီ နေရမယ်ထင်ပါတယ်။
တစ်နေ့က ရန်ကုန်က ကဗျာဆရာတစ်ယောက်နဲ့ တွေ့တုန်း ကျွန်တော်က သူ့ကို အဆင်ပြေရဲ့ လား လို့ နှုတ်ဆက်ပါတယ်။ သူက အဆင်ပြေပါတယ်။ ကဗျာဆရာဆိုတာက မပြေစရာ မရှိဘူးလေ။ တစ်ယောက်တည်း ထိုင်လုပ်လို့ ရတဲ့ အလုပ်ဥစ္စာ။ နိုင်ငံရေးလို အများနဲ့ လုပ်ရတာ မဟုတ်တော့ ဘာပြဿနာမှ မရှိပါဘူးတဲ့။ နိုင်ငံရေးလုပ်တဲ့သူအတွက်တော့ ပြုပြင်ပြောင်းလဲရေးကာလမှာ နိုင်ငံရေးတွေ လုပ်နေတာဆိုတော့ ပြဿနာတွေ အများကြီးတွေ့လိမ့်မယ် ထင်တယ်တဲ့။ သူပြောလိုက်တော့ သတိထားမိလိုက်တယ်။ ကဗျာဆိုတာ ဧကစာအကျင့်ပဲလေ။ ဒါပေမယ့် ကဗျာဆရာဟာ တစ်ခါတခါ ရုန်းစုရုန်းစု လုပ်ဖို့လည်း လိုအပ်တာပေါ့။ လိုအပ်ချင် လိုအပ်နိုင်တာပဲလေ။ နိုင်ငံရေးမှာက အများနဲ့လုပ်ရတာချည်း။ အရင်ကတော့ ငါးယောက်တဲ့ ပိုရင် နိုင်ငံရေးဆိုလား။ ငါးယောက်ထက်ပိုပြီး မစုဝေးရဘူးတဲ့။ ဇာတ်ပွဲမှာကျတော့လည်း လူတွေ စုပြုံနေပြန်ရော။ စုချင်ရင် စုပါစေ။ နိုင်ငံရေးနဲ့ လူမစုရဘူးဆိုတော့ ဇာတ်ပွဲက နိုင်ငံရေးမဟုတ်ဘူးလား။ အများနဲ့ ပတ်သက်သမျှကိစ္စတွေဟာ နိုင်ငံရေးပဲ။ လူတစ်ယောက်ဆင်းရဲတာက နိုင်ငံရေး ဟုတ်ချင်မှ ဟုတ်မယ်။ လူအများ ဆင်းရဲ့ကြရင်တော့ နိုင်ငံရေး။ အများနဲ့ ပတ်သက်တဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်လုပ်ဆောင်ကြဖို့ တာဝန်မရှိပေဘူးလား။
သီးသန့်နေချင်ရင်လည်း နေပါစေ။ လူတွေကို ပျော်ရွှင်ချမ်းမြေ့သလို နေတတ်ပါစေ။ ကြိုးစားချင် ကြိုးစားကြပါစေ။ ဘာလို့ ပိတ်ပင်နေစရာရှိသေးလဲ။ အခြားသူကို ဘာပြောစရာလိုသေးလဲ။ အာဏာရှင်စနစ်မှာကတော့ လူတွေဟာ အစွမ်းကုန်ကြိုးစားခွင့်မရဘူး။ လူတွေဟာ လူနဲ့ မတူဘူး။ ခြံထဲက ဆိတ်တွေ နွားတွေလို ဖိနှိပ်ခံရတယ်။ ဒီမိုကရေစီမှာကတော့ ပြောင်းပြန်ပါ။ ဘဝဆိုတာ နှစ်ခါရမရ မသေချာဘူးလေ။
ပြည်တွင်းစစ်ရှိတဲ့ နိုင်ငံတွေဟာ အကြမ်းပတမ်းတွေ အမြဲရှိတဲ့အတွက် ဆင်းရဲခြင်းဒါဏ်ကို ခံကြရတယ်။ ပြည်တွင်းစစ်ဆိုတာ ဘာကောင်းတာမှတ်လို့။ လူတွေဟာ ငြိမ်းချမ်းရေးကို ရှေ့ရှုကြတယ်။ မျှော်ကြတယ်။ ကဗျာဆရာရေးတဲ့ ကဗျာဟာ နိုင်ငံရေးပေါ့။ အများဖတ်မဲ့ဟာကို။ အဲဒါကျတော့ တစ်ယောက်တည်း ဖတ်လည်း နိုင်ငံရေး ဖြစ်ချင် ဖြစ်နိုင်တာပဲ။ နိုင်ငံရေးဟာ အများနဲ့ ပတ်သက်သလို တစ်ယောက်ချင်ဆီနဲ့လည်း ပတ်သက်နိုင်တာပဲလေ။
မားမို့ဒါဝှစ်ရှ်ရဲ့ နောက်ထပ် ကဗျာတစ်ပုဒ် ဖတ်ကြည့်စေချင်တယ်။
ငါ အဲဒီက လာတယ်
ငါ အဲဒီက လာတယ်။ ငါ့မှာ သတိရစရာတွေ ရှိတယ်
အသေတွေလိုပဲ ငါ့ကို မွေးတယ်၊ ငါ့မှာ အမေတစ်ယောက်ရှိတယ်
ပြတင်းပေါက်တွေအများကြီးနဲ့ အိမ်တစ်လုံးရောပေါ့
ငါ့မှာ ညီအကိုတွေ ရှိတယ် သူငယ်ချင်းတွေ
အေးခဲတဲ့ ပြတင်းပေါက်နဲ့ အကျဉ်းထောင်တစ်ခန်းရောပေါ့
ပင်လယ်ဇင်ယော်တွေ ဝဲထိုးနေတဲ့ ရေလှိုင်းဟာ ငါ့ကိုယ်ပိုင်ပေါ့
ငါ့မှာ ကိုယ်ပိုင်အမြင်တွေ ရှိတယ်
မြက်အသွားတစ်ချပ်ရော အပိုရှိတယ်
အဆုံးစွန်းသော စကားလုံးတွေနဲ့ လမင်းကြီးဟာ ငါ့ကိုယ်ပိုင်
ငှက်တွေ ဝိုင်းရံလို့
ဘယ်တော့မှ မသေပျောက်နိုင်တဲ့ သံလွင်တစ်ပင်ရောပေါ့
ဒီမြေမှာ ဓားတွေရဲ့ ရှေ့က ငါလမ်းလျှောက်ခဲ့တယ်
ဒီမြေရဲ့ ရှင်သန်တဲ့ကိုယ်ထည်ကို စားပွဲအဖြစ် ပြောင်းလဲခင်းကျင်းစေခဲ့တယ်
ငါ အဲဒီက လာတာပါ။ ကောင်းကင်ကြီးကို သူ့မိခင်ကြီးနဲ့ ရောခြယ်သခဲ့တယ်
ကောင်းကင်က သူ့မိခင်အတွက် ငိုကြွေးတဲ့အခါ
ငါလည်း ငိုကြွေးတယ် ပြန်လာမယ့်တိမ်တွေက
ငါ့ကို သိရှိသွားအောင်ပေါ့
သွေးတရားနဲ့ ထိုက်တန်တဲ့ စကားလုံးတွေအားလုံးကို ငါလေ့လာခဲ့တယ်
ဆိုတော့ကာ ငါ စည်းဖေါက်နိုင်ပြီပေါ့
စကားလုံးတွေအားလုံးကို လေ့လာပြီး ရိုက်ချိုးပစ်တယ်
စကားလုံးတစ်လုံး ထွက်ကျလာတယ် “အမိမြေ”။
မားမို့ဒါဝှစ်ရှ်
အမိမြေကို ကျွန်တော်တို့အားလုံး ချစ်ကြပါတယ်။ အမိမြေအတွက်လည်း ဂုဏ်ယူချင်ကြပါတယ်။ အမိမြေက သူ့နိုင်ငံသားတွေကို ရလိုက်တဲ့အတွက်လည်း အမိမြေက ဂုဏ်ယူရင် မကောင်းပေဘူးလား။
အမိမြေဟာ တင့်တယ်ပြီး ကမ္ဘာမှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရင် ကောင်းလေစွ။
အမိမြေမှာရော လူတစ်ယောက်ဟာ ကိုယ့်ခြေကိုယ် ရပ်တည်နိုင်ရင် ကောင်းလေစွ။
စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေး အစစအရာရာပေါ့။
အခုတော့ ကျွန်တော်တို့က ဘယ်ကလာတာလဲလို့ မေးရင် ဒေါ်အောင်ဆန်းစုကြည်ရှိတဲ့ နိုင်ငံက လာတာပါလို့ ပြောနိုင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့လေ။ ခင်ဗျားရော ဘယ်က လာတာလဲ ။ ဘယ်က လတယ်လို့ ပြောမလဲ။
ပြီးတော့ ဘယ်ကို သွားမှာ လဲ။
“လူတွေဟာ ဝင်လာကြမယ်။ ထွက်သွားကြမယ်
ငါကတော့ ထာဝရစီးဆင်းနေဆံပေါ့။”
ဇေလင်းမောင်