အေမ့ရက္ကန္းစင္
အမေ့ရက်ကန်းစင်
အချစ်က ဗိုင်းကို ငင်တော့
မောင်က ရက်ကန်းခတ်မယ်ကွယ်
နှစ်ဦးသားဘဝ အိမ်ထောင်ရေး သာယာဖြောင့်ဖြူးရန်ရွယ်
ဥယျာဉ်လယ်ယာ နွားကြာစုံတစ်ရှဉ်းနဲ့
လယ်မြေတွေ စိုက်ကာပျိုးလို့
ရက်ကန်းစင်ကိုလည်း အားခဲခတ်ကာရယ်
ဗိုင်ငယ်တဲ့ လုံမငယ်နှမရယ်
နှစ်ဦးသား ဖူးစာဆုံရာ ရေခပ်လမ်းမှာကွယ်.....
အမေတို့ငယ်ငယ်က ခေတ်စားခဲ့တဲ့ သီးချင်းလေးပါ။ ကျွန်တော်တို့ငယ်ငယ်ကအထိ ဒီသီချင်းလေးကို အလှူပွဲ မင်္ဂလာပွဲတွေမှာ ကြားရပါလေ့ရှိပါတယ်။ တစ်ချိန်ကတော့ ဗိုင်းငင်တာဟာ ဗမာအမျိုးသမီးတွေအတွက် အိမ်တွင်းအလုပ်တစ်ခုပါ။ အိမ်နေရင်း၊ လယ်ယာလုပ်ရင်း ၀တ်ဆင်ဖို့အတွက် အဝတ်အထည်တွေ ၀ယ်စရာမလိုပါဘူး။ ဒါအပြင် ရက်ကန်းခတ်တာဟာ အပေါ်စီးသုံးဖို့ (မီးဖိုချောင်သုံးဖို့) ၀င်ငွေ ရစေခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်အမေဟာ ညညမှာ သီချင်းညည်းရင်း ဗိုင်းငင်လေ့ရှိပါတယ်။ နေ့ဘက်မှာ ချည်ငင်ရပါတယ်။ ချည်ယောက်ရပါတယ်။ လွန်းတင်ရပါတယ်။ အမေ့ရဲ့ ရက်ဖေါက်လေးတွေကို ကျွန်တော်တို့ ညီအကိုတစ်တွေက ယူပြီး ကစားလေ့ရှိပါတယ်။ အမေရဲ့ ချည်ကြိုးတွေကို ကျွန်တော်တို့ ကစားကြပါတယ်။ အမေက အလိုလိုက်ပြီး ကျွန်တော်တို့ကို မငြိုငြင်ပါဘူး။
နောက်တော့ ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝလောက်ကို ရောက်လာတဲ့အခါ စွန်လွှတ်ကစားကြတော့ အမေ့ချည်ကြိုးတွေဟာ လေးပင်နေတဲ့အတွက် အသုံးပြုလို့မရပါဘူး။ အဲဒီအခါ ယိုးဒယားချည်ကို ၀ယ်သုံးကြရပါတယ်။ ယိုးဒယားချည်က ပေါ့ပါးတယ်။ ချောမွေ့တယ်။ စွန်လွှတ်ရတာ အဆက်ပြေတယ်။ အဲသလိုပါပဲ။ အမေ့ချည်ထည်ကို ၀တ်ရတာ လေးလေးတွဲ့တွဲ့ ရှိလှတယ်။ ရွာသူရွာသားများကတော့ လေးလေးပင်ပင် ချည်ထည်တွေကိုသာ ၀တ်လို့အားရတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးအဝတ်အထည်တွေဟာ ခေတ်ပေါ်ဖြစ်လာပါတယ်။ ချည်ထည်ရဲ့ အေးမြတဲ့ အရသာဟာ မှေးမှိန်လာရပါတယ်။
ငယ်ငယ်က တောထဲကို နွားကျောင်းထွက်တဲ့ အခါ အမေက ဖျင်(ဗမာချည်ထည်)အကျင်္ ီ ဖျင်ပုဆိုးကို ၀တ်ဆင်ပေးတတ်ပါတယ်။ ဖျင်အကျင်္ ီတွေဟာ လေးပင်ပါတယ်။ ဖျင်ပုဆိုးဟာလည်း လေးပင်တဲ့အတွက် နွားကျောင်းတဲ့အခါ ခဏခဏ ပြန်ပြင်ဝတ်ရပါတယ်။ ဒါပေမယ့် ဖျင်ထည်တွေဟာ အေးတဲ့အတွက် အမေက ကျွန်တော်တို့ကို ဒါကိုသာ ၀တ်ဆင်စေပါတယ်။
၁၉၉၅ လောက်ကစပြီး အမေဟာ ချည်ထည်တွေ မချုပ်လုပ်တော့ပါဘူး။ အမေ ဗိုင်းမငင်တော့ပါဘူး။ အမေ့ရဲ့ ရက်ကန်းစင်လည်း အဲဒီကတည်းက အလုပ်မလုပ်ရတော့ပါဘူး။ ဒါတောင်မှ အမေဟာ ရက်ကန်းစင်အပေါ်မှာ သံယောဇဉ်ရှိနေလို့သာ တွက်ခြေမကိုက်ပေမယ့် ရက်ကန်းခတ်နေခဲ့သေးတာပါ။
ရှေးရှေးကတော့ ပြည်တွင်းဖြစ်ကို အားပေးပါ ဆိုတဲ့ ၀ံသာနုစိတ်ဓာတ်နဲ့အတူ ကျွန်တော်တို့တောရွာတွေမှာ ချည်ထည်တွေဟာ မျက်နှာပန်းလှတဲ့ အဝတ်အထည်တွေ ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ၀န်ကျင်လောက်ကလည်း ဖျင်နီတွေကို အဖေတို့ အမေတို့ ၀တ်ခဲ့ကြသေးတာပါ။ ကျွန်တော်တို့ နွားကျောင်းသားတွေကြားမှာတော့ ဖျင်ပုဆိုးအသစ်စက်စက်ဟာ ပြောစရာလေးတွေ ဖြစ်ပါတယ်။ အရိပ်ကောင်းကောင်း ထနောင်းပင်အောက်မှာ ခပ်နွမ်းနွမ်းဖျင်ပုဆိုးတစ်ထည်ကို ခင်းပြီး အိပ်တဲ့သူက အိပ်။ ဖဲကစားတဲ့သူက ကစားပေါ့။ အဲ အသစ်စက်စက်လေးတွေကို တော့ ခေါင်းပေါင်းလို့၊ အချို့ကလည်း ၀တ်ထားလို့ပေါ့။
နောက်ပိုင်းကျတော့ ရွာဘက်တွေကို တရုတ်ဘက်ကလာတဲ့ လေဘေးအဝတ်အထည်တွေ ရောက်လာတယ်။ မြကွမ်းတောင်ဘုရားပွဲမှာ လာရောက်ရောင်းချတဲ့ အထည်အလိပ်တွေဟာ စျေးအရမ်းသက်သာနေပါတယ်။ ဖျာတွေပေါ်မှာ ပုံပုံပြီး စျေးအော်အော်ရောင်းချလို့ အဲဒီအထည်တွေကို ဖျာပုံထည်လို့ ကျွန်တော်တို့က နာမည်တပ်ကြပါတယ်။ စျေးသက်သာတဲ့ အဝတ်အစားတွေ ခေတ်စားလာတာနဲ့အမျှ ကျေးရွာတွေမှာ ဗိုင်းငင်တဲ့ အလုပ်တွေဟာ နေ့ထွက်မကိုက်တော့ ပါဘူး။ ရက်ကန်းစင်တွေ ဖျက်ဆီးပြီး ထင်းစိုက်ပစ်လိုက်သူတွေလည်း ရှိပါတယ်။
ကျွန်တော်တို့အိမ်မှာတော့ အမေခဏခဏ ပူဆာလို့ ၁၉၉၀ ကျော်လောက်က အဖေကိုယ်တိုင် ထွင်းထုတားတဲ့ ရက်ကန်းစင်ဟာ အခုထက်ထိ ရှေးဟောင်းပစ္စည်းသဖွယ်ရှိနေပါတယ်။ ကျွန်တော့် တူ၊ တူမတွေဟာ ရက်ကန်းစင်ကို နာမည်သာ သိပြီး ဘယ်လိုရက်ရင် ဘယ်လို ချည်ထည်ကို ရတယ်ဆိုတာ မသိကြပါဘူး။ လွန်းနဲ့ ရက်ဖေါက်ကို မခွဲခြားတတ်တော့ပါဘူး။ လသာတုန်းဗိုင်းငင်ဆိုတာကို မခံစားတတ်တော့ပါဘူး။ ရှင်းပြမယ်ဆိုရင်တောင်မှ သူတို့ မျက်စိကလည်ကလည်နဲ့ ငေးမောကြည့်နေတတ်ကြပါတယ်။
အချို့ဒေသတွေမှာတော့ ရက်ကန်းခတ်အနုပညာဟာ မတိမ်ကောသေးပါဘူး။
သဲတော၊ ၀မ်းတွင်းတို့လို ဒေသတွေမှာ ရက်ကန်းစင်တွေ အပြိုင်းပြိုင်းရှိနေဆဲပါ။ ဒါဟာလည်း မြန်မာတွေ ပုဆိုးတွေ လုံချည်တွေ ၀တ်နေကြတာကြောင့်လို့ ထင်ပါတယ်။ ဒါတောင်မှ ပုဆိုးတွေ လုံချည်တွေ နိုင်ငံခြားက ၀င်လာတတ်ပါတယ်။ ချင်းပြည်နယ်ဘက်က လာတဲ့ ချင်းလုံချည်တွေဟာ အရည်အသွေးအားဖြင့် မြန်မာဆန်ဆန်၊ စမတ်ကျကျ ၀တ်ချင်တဲ့ အမျိုးသမီးတွေအတွက် စျေးကောင်းရနေဆဲပါ။ သေချာတာက ဒီချည်ထည်တွေဟာ တောရွာတွေက အညာဖြစ် သာမန်အဝတ်အထည်ထက် သာလွန်မှုတစ်ခုခု ရှိနေခြင်းပါ။
ဒါပေမယ့် ပုဆိုးတွေ၊ လုံချည်တွေ ကျွန်တော်တို့ လုံးဝ မဝတ်ကြတော့ရင် ဘာတွေ ဆက်ဖြစ်မလဲ။ ကိုးရီးယားလို၊ တရုတ်လိုတွေချည်း ၀တ်လာတော့ပြီဆိုရင် ဘယ်လိုဆက်လုပ်ကြမလဲ။ ခေတ်ဆိုတာကတော့ တာဆီးရခက်တဲ့ အရာပါ။ ရေစီကြောင်းဟာ တားဆီးမယ်ဆိုရင်လည်း မလွယ်ကူပါဘူး။ အခုအချိန်မှာ ထိုင်မသိမ်းမဝတ်သူ ဒဏ်ငွေဘယ်လောက်လို့ အော်လိုက်ရင်တော့ အဲသလိုအစိုးရကို အရူးထတဲ့ အစိုးရလို့ပဲ ဆိုရမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က အဝတ်အစားတွေဟာ အခုအဝတ်အစားတွေထက် ပိုမိုကောင်းမွန်ပါတယ်လို့ မဆိုသာပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်လာတာနှင့်အမျှ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများဟာ ပြောင်းလဲလာတဲ့ ဓလေ့စရိုက်များနဲ့ အညီ တိုးတက်ဖြစ်ထွန်းနေရမှာပါ။
သို့ပေမယ့် အချို့အရပ်ဒေသတွေမှာတော့ ရက်ကန်းခတ်တာဟာ ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။
ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့အရပ်တွေက ရက်ကန်းစင်တွေ ပျောက်ဆုံးလုနီးနီး ဖြစ်ရတဲ့ နောက်ကွယ်မှာ အကြောင်းအမျိုးမျိုးရှိနေမယ်ထင်ပါတယ်။ စီးပွားရေးပညာရှင်များကတော့ ဒါကို စီးပွားရေးသဘောတရားတွေ၊ စီးပွားရေးမူဝါဒတွေနဲ့ ကျိုးကြောင်းလျှော်ညီစွာ ရှင်းပြနိုင်ကြမှာပါ။
ပထမအချက်အနေနဲ့ ပုဂ္ဂလိကခံစားမှုအရ ပြောရလျှင်တော့ ကျွန်တော်တို့အမေရဲ့ ပစ္စည်းတွေဟာ တစ်ဘက်နိုင်ငံက တင်သွင်းလိုက်တဲ့ အဝတ်အထည်တွေနဲ့ စျေးနှုန်းယှဉ်ပြိုင် မရောင်းချနိုင်ခြင်းပါ။ ၀ါဂွမ်းစျေးဟာ မမြင့်မားလှပေမယ့် ဗိုင်းငင်ခ၊ ဆေးဆိုးခ၊ ချည်စပ်ဖီးချိန်၊ ရက်ဖေါက်ရောက်ချိန်၊ လွန်းတင်ချိန် စတဲ့ အဆင့်ဆင့်မှာ ကုန်ကျမယ့်အချိန်ကို ငွေကြေးတန်ဖိုးနဲယှဉ်ထိုး တွက်ချက်ကြည့်ရင် အမေ့ဖျင်ထည်ရဲ့ ကုန်ကျစရိတ်ဟာ မချုပ်လုပ်မီကတည်းက အခုလက်ရှိ အကြမ်းဝတ် အဝတ်အထည်တွေထက် အဆမတန် မြင့်မားနေခြင်းပါ။ အဲဒီတော့ အမေနည်းတူ အခြားခြားသော အမျိုးသမီးများဟာ ဗိုင်းမငင်ကြတော့ပါဘူး။
နောက်တစ်ချက်ကတော့ အမေ့ချည်ထည်တွေဟာ ချောထည်ကောင်းကောင်း အရည်သွေးကောင်းကောင်း ရလာစေမယ့် နည်းပညာသစ်တွေ အားနည်းမှုနဲ့ ရင်ဆိုင်ရခြင်းပါ။ ကျွန်တော်တို့ငယ်ငယ်က ဘုတလင်ထည်တို့၊ သပြေပင်ထည်တို့ဟာ နာမည်ရှိပါတယ်။ အခုအခါမှာတော့ ဘုတလင်ထည်ဆိုတာ နာမည်သာ ကျန်ခဲ့ပြီး ပစ္စည်းရှားပါးလာပါပြီ။
အဲသလို ဘာလို့ဖြစ်ရသလဲလို့ ထပ်ဆင့် စဉ်းစားရရင်တော့ နောက်ထပ် ထိုးထွက်ပေါ်လာမှာက အမေတို့လို မြန်မာအမျိုးသမီးများရဲ့ နိုင်ငံတကာနဲ့ ယှဉ်နိုင်တဲ့၊ ရင်ဘောင်တန်းနိုင်မယ့် ပညာရေးပါ။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ဟာ ဖြစ်လာတဲ့ အခြေအနေပေါ်ကြည့်ပြီး မီးစင်ကြည့်က ရတာမျိုးလုပ်နေရရင် ဖြစ်လာတဲ့ အခြေအနေတွေက ကြောက်စရာကောင်းလောက်အောင် အန ္တရယ်ရှိနေတာမျိုးတွေ ကြုံရတတ်ပါတယ်။ အမေ့ရက်ကန်းစင်ဟာ မီးစင်ကြည့်ပြီး ပြဇာတ်သိမ်းလိုက်ရတဲ့ သဘောပါ။ အဲဒီအခါမျိုးမှာ နစ်နာစရာရှိရင် တစ်မျိုးသားလုံးနစ်နာရတာပါ။ ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးထုတ်ကုန်တွေ နိုင်ငံတကာစျေးကွက်မှာ မျက်နှာပန်းလှဖို့အတွက် အခရာဖြစ်ပါတယ်။ ပညာရေးဟာ စဉ်းစားတွေးခေါ်တတ်တဲ့ လူ့အဖွဲ့အစည်းကို မွေးထုတ်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ ပညာကို အမှားအမှန်ပိုင်းခြားဝေဖန်နိုင်မှုလို့ ဆောင်းပါးတစ်ခုမှာ ရှင်းပြဖူးပါတယ်။ အဲသလိုပြောလို့ အမေဟာ စဉ်းစားတွေးခေါ်နိုင်မှု နည်းပါးတယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်အမေမှာ မရှိတာက သတင်းအချက်အလက် အရင်းအမြစ်တွေပါ။ ဘယ်နိုင်ငံက ဘယ်လို လုပ်နေကြပြီ။ ဘယ်ကတော့ ဘယ်ကို ဘာတွေ တင်သွင်းတော့မယ်။ အဲဒီအတွက် ဒို့လုပ်ငန်းလေး ရေတိမ်မနစ်ရအောင် ဘာတွေ ပြင်ဆင်ထားရမယ် စတာ.စတာတွေပါ။ ဒါတွေဟာ ပညာရေးက ပေးရမယ့် အရာတွေ ဖြစ်ပါတယ်။ ပညာဆိုတာ စာအုပ်တစ်အုပ်လုံး အလွတ်ရနေတာမျိုးကို မခေါ်နိုင်ပါဘူး။ ကိုယ်လိုချင်ရာ အချက်အလက် ဘယ်မှာ ရှာရမယ်ဆိုတာ သိရင် ပညာတတ်နေပြီလို့ ဆိုသာပါတယ်။ ဒါဟာလည်း သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ စကားကို တဆင့်ပြန်ပြောခြင်းသာ ဖြစ်ပါတယ်။ အဲဒီသိပ္ပံပညာရှင်ကြီးရဲ့စကားကို ယူနိုင်မယ်ဆိုရင်တော့ ယခုခေတ်မှာ အင်တာနက် ထွန်းကားလာတာနဲ့ အမျှ ပညာတတ်ဖြစ်ဖို့ရာ လွယ်ကူလာမယ်လို့ ထင်ပါတယ်။ ဂူးဂဲလ်၊ ယာဟူးစတဲ့ အင်တာနက် ရှာဖွေရေးစနစ်တွေမှာ လိုချင်တာ သွားရှာလို့ ရနေပြီမဟုတ်လား။ ဒါပေမယ့် အမေ့ရဲ့ ရက်ကန်းစင်လေးဟာ မလည်ပတ်နိုင်တာ ကြာပါပြီ။
နိုင်ငံတစ်နိုင်ငံရဲ့ စည်းပွားရေးမူဝါဒတွေ၊ နိုင်ငံရေးမူဝါဒတွေ၊ ဒေသတွင်းမူဝါတွေ၊ ကမ္ဘာမူဝါဒတွေနဲ့ သြဇာအာဏာသက်ရောက်မှုတွေ ဟာလည်း နိုင်ငံစီးပွားရေးမှာ မက်ခရို၊ မိုက်ခရို Level နှစ်မျိုးစလုံးအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာကို အားလုံးသိကြပါတယ်။ လုပ်ငန်းတစ်ခုချင်းဆီရဲ့ အနာဂါတ်အတွက်သာမက နိုင်ငံတွေရဲ့ အနာဂါတ်အတွက်ပါ ပညာရှင်များရဲ့ အခန်းကဏ္ဍအရေးပါလှပါတယ်။ အချို့နိုင်ငံတွေမှာ ကုမ္ပဏီအကြံပေးနေရာတွေမှာ စီးပွားရေးပညာရှင်များကို လခကောင်းကောင်းပေးပြီး ငှားလေ့ရှိပါတယ်။ သို့သော်လည်း အမေတို့လို တနိုင်တပိုင် ရက်ကန်းယက်လုပ်ခြင်းတွေအတွက်တော့ တာဝန်ဟာ အမေတို့သက်သက်စီမှာသာ ရှိတာမဟုတ်တော့ပါဘူး။ မူဝါဒတွေပေါ်မှာလည်း ရှိမှာပါ။ တစ်ခါတစ်ခါမှာလည်း မျှော်လင့်မထားတဲ့ ငွေကြေးမူဝါဒအလှည့်အပြောင်းကြောင့် စီးပွားရေးလုပ်ငန်းလေးတွေ ရပ်ပစ်လိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ အဲသလို အလှည့်အပြောင်းတွေမှာ လုပ်ငန်းရှင်တွေ ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပညာပေးခြင်း၊ လိုအပ်မည့် အကူအညီများ ပေးခြင်း စတာတွေကို လွှတ်ပစ်ထားလို့ မရပါဘူး။ အမေ့ရက်ကန်းစင် မလည်ပတ်တော့တာဟာလညး် ဒါတွေနဲ့ မဆိုင်ဘူးလို့ ဆိုသာပါသလား။
နောက်အရေးကြီးတာတစ်ခုကတော့ လူတစ်ဦးချင်းဆီရဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဒါတွေဟာ ငါနဲ့ မဆိုင်ဘူးလို့ လျစ်လျူရှုလို့ မရပါဘူး။ သာမန်အားဖြင့် လူတွေရဲ့ နေထိုင်မှုအဆင့်နဲ့ ဘဝတန်ဖိုးတွေကို တိုင်းတာတဲ့အခါ လူတွေ ထိတွေ့သမျှ အရာအားလုံးနဲ့ တိုင်းတာလေ့ရှိပါတယ်။ အိမ်နောက်ရန်ဖြစ် အိမ်ရှေ့မချမ်းသာဆိုတဲ့ စကားလိုပဲ ဖြစ်ပါတယ်။ ဒါဟာ အားလုံးနဲ့ ဆိုင်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ပြီးတော့ ၀ါသနာပါမှ လုပ်ရမယ့်ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ အချို့သော လူတန်းစားများက လျစ်လျူရှုတတ်ကြပါတယ်။ အံ့သြစရာကောင်းတာက နစ်နာစရာရှိတဲ့အခါလည်း သူတို့သာ ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ဟာ မျက်စိတွေ နားတွေ ရှင်ရှင်ထားကြရမှာ ဖြစ်ပါတယ်။
စျေးကွက်စီးပွားရေးစနစ်ပွင့်လင်းစွာ ဖြစ်ထွန်းလာတာနှင့်အမျှ နိုင်ငံလေးတွေရဲ့ ထုတ်ကုန်တွေဟာ နိုင်ငံခြားငွေကို ရှာဖို့ရာ ပိုမိုစဉ်းစားစရာလိုအပ်လာမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း တတ်နိုင်သလောက် ထိခိုက်မှုအနည်းဆုံးနည်းလမ်း၊ သဘာဝအရင်အမြစ်လည်း ပြုန်းတီးမှုအနည်းဆုံးနည်းလမ်းနဲ့ ထွက်ငွေထက်၊ ၀င်ငွေက သာနိုင်ဖို့ နည်းဗျူဟာတွေ ရှာနိုင်ရမှာပါ။ ကဗျာဆရာ ကိုဆေးရိုးက ကဗျာတစ်ပုဒ်မှာ ရေးဖူးပါတယ်။ တင်ထားတဲ့ ကုန်ကို မြင်တာနဲ့ အစုန်လား အဆန်လား သိနိုင်တယ်တဲ့။ ကျွန်တော်တို့ တစ်တွေ ဘာတွေကို တင်သွင်းပြီး ဘာတွေကို တင်ပို့မလဲ။
ဆိုင်းတွေလည်း ဆော်နေကြပြီ။ မကြာခင်မှာ ဇာတ်ခုန်ကြီးဟာ လှုပ်လှုပ်ရွရွနဲ့ ကပြတော့မှာ ဖြစ်ပါတယ်။ အမေ့ရဲ့ ရက်ကန်းစင်ကိုရော ပြန်မြင်ရဦးမှာလား။ အမေကတော့ လူ့ပြည်မှာ မရှိတော့ပါဘူး။ အမေ့ ရက်ကန်းစင်လေးကတော့ အိမ်နဘေးမှာ ငြိမ်လို့။ အမေ နောက်ဘဝမှာ ရက်ကန်းရက်လိုပါက မြန်မာ့ချည်ထည်တွေကို ဂုဏ်သရေရှိရှိ ရက်လုပ်နိုင်ပါစေ။ ရောက်လေရာဘဝမှာ အမေ အဆင်ပြေနိုင်ပါစေ။
ဇေလင်းမောင်
zawgyi

အခ်စ္က ဗိုင္းကို ငင္ေတာ့
ေမာင္က
ရက္ကန္းခတ္မယ္ကြယ္
ႏွစ္ဦးသားဘ၀
အိမ္ေထာင္ေရး သာယာေျဖာင့္ျဖဴးရန္ရြယ္
ဥယ်ာဥ္လယ္ယာ
ႏြားၾကာစုံတစ္ရွဥ္းနဲ႕
လယ္ေျမေတြ
စိုက္ကာပ်ိဳးလို႕
ရက္ကန္းစင္ကိုလည္း
အားခဲခတ္ကာရယ္
ဗိုင္ငယ္တဲ့
လုံမငယ္ႏွမရယ္
ႏွစ္ဦးသား
ဖူးစာစုံရာ ေရခပ္လမ္းမွာကြယ္.....
အေမတို႕ငယ္ငယ္က ေခတ္စားခဲ့တဲ့ သီးခ်င္းေလးပါ။ ကၽြန္ေတာ္တို႕ငယ္ငယ္ကအထိ ဒီသီခ်င္းေလးကို အလွဴပြဲ
မဂၤလာပြဲေတြမွာ ၾကားရပါေလ့ရွိပါတယ္။ တစ္ခ်ိန္ကေတာ့
ဗိုင္းငင္တာဟာ ဗမာအမ်ိဳးသမီးေတြအတြက္ အိမ္တြင္းအလုပ္တစ္ခုပါ။ အိမ္ေနရင္း၊ လယ္ယာလုပ္ရင္း
၀တ္ဆင္ဖို႕အတြက္ အ၀တ္အထည္ေတြ ၀ယ္စရာမလိုပါဘူး။
ဒါအျပင္ ရက္ကန္းခတ္တာဟာ အေပၚစီးသုံးဖို႕ (မီးဖိုေခ်ာင္သုံးဖို႕) ၀င္ေငြ ရေစခဲ့ပါတယ္။
ကၽြန္ေတာ္ငယ္ငယ္က ကၽြန္ေတာ့္အေမဟာ ညညမွာ သီခ်င္းညည္းရင္း ဗိုင္းငင္ေလ့ရွိပါတယ္။ ေန႕ဘက္မွာ
ခ်ည္ငင္ရပါတယ္။ ခ်ည္ေယာက္ရပါတယ္။ လြန္းတင္ရပါတယ္။
အေမ႕ရဲ့ ရက္ေဖါက္ေလးေတြကို ကၽြန္ေတာ္တို႕ ညီအကိုတစ္ေတြက ယူၿပီး ကစားေလ့ရွိပါတယ္။ အေမရဲ့
ခ်ည္ၾကိဳးေတြကို ကၽြန္ေတာ္တို႕ ကစားၾကပါတယ္။
အေမက အလိုလိုက္ၿပီး ကၽြန္ေတာ္တို႕ကို မၿငိဳျငင္ပါဘူး။
ေနာက္ေတာ့ ကၽြန္ေတာ္တို႕ အလယ္တန္းေက်ာင္းသားဘ၀ေလာက္ကို
ေရာက္လာတဲ့အခါ စြန္လႊတ္ကစားၾကေတာ့ အေမ႕ခ်ည္ၾကိဳးေတြဟာ ေလးပင္ေနတဲ့အတြက္ အသုံးျပဳလို႕မရပါဘူး။ အဲဒီအခါ ယိုးဒယားခ်ည္ကို ၀ယ္သုံးၾကရပါတယ္။ ယိုးဒယားခ်ည္က
ေပါ့ပါးတယ္။ ေခ်ာေမြ႕တယ္။ စြန္လႊတ္ရတာ အဆက္ေျပတယ္။ အဲသလိုပါပဲ။ အေမ့ခ်ည္ထည္ကို ၀တ္ရတာ
ေလးေလးတြဲ႕တြဲ႕ ရွိလွတယ္။ ရြာသူရြာသားမ်ားကေတာ့
ေလးေလးပင္ပင္ ခ်ည္ထည္ေတြကိုသာ ၀တ္လို႕အားရတယ္။ ဒါေပမယ့္ ေပါ့ေပါ့ပါးပါးအ၀တ္အထည္ေတြဟာ
ေခတ္ေပၚျဖစ္လာပါတယ္။ ခ်ည္ထည္ရဲ့ ေအးျမတဲ့ အရသာဟာ
ေမွးမွိန္လာရပါတယ္။
ငယ္ငယ္က ေတာထဲကို ႏြားေက်ာင္းထြက္တဲ့ အခါ အေမက ဖ်င္(ဗမာခ်ည္ထည္)အက်ၤ
ီ ဖ်င္ပုဆိုးကို ၀တ္ဆင္ေပးတတ္ပါတယ္။ ဖ်င္အက်ၤ
ီေတြဟာ ေလးပင္ပါတယ္။ ဖ်င္ပုဆိုးဟာလည္း ေလးပင္တဲ့အတြက္
ႏြားေက်ာင္းတဲ့အခါ ခဏခဏ ျပန္ျပင္၀တ္ရပါတယ္။
ဒါေပမယ့္ ဖ်င္ထည္ေတြဟာ ေအးတဲ့အတြက္ အေမက ကၽြန္ေတာ္တို႕ကို ဒါကိုသာ ၀တ္ဆင္ေစပါတယ္။
၁၉၉၅ ေလာက္ကစၿပီး အေမဟာ ခ်ည္ထည္ေတြ မခ်ဳပ္လုပ္ေတာ့ပါဘူး။ အေမ ဗိုင္းမငင္ေတာ့ပါဘူး။ အေမ့ရဲ့ ရက္ကန္းစင္လည္း အဲဒီကတည္းက အလုပ္မလုပ္ရေတာ့ပါဘူး။ ဒါေတာင္မွ အေမဟာ ရက္ကန္းစင္အေပၚမွာ သံေယာဇဥ္ရွိေနလို႕သာ
တြက္ေျခမကိုက္ေပမယ့္ ရက္ကန္းခတ္ေနခဲ့ေသးတာပါ။
ေရွးေရွးကေတာ့
ျပည္တြင္းျဖစ္ကုိ အားေပးပါ ဆိုတဲ့ ၀ံသာႏုစိတ္ဓာတ္နဲ႕အတူ ကၽြန္ေတာ္တို႕ေတာရြာေတြမွာ
ခ်ည္ထည္ေတြဟာ မ်က္ႏွာပန္းလွတဲ့ အ၀တ္အထည္ေတြ ျဖစ္ခဲ့ပါတယ္။ ၁၉၉၀ ၀န္က်င္ေလာက္ကလည္း ဖ်င္နီေတြကို အေဖတို႔ အေမတို႕
၀တ္ခဲ့ၾကေသးတာပါ။ ကၽြန္ေတာ္တို႔ ႏြားေက်ာင္းသားေတြၾကားမွာေတာ့
ဖ်င္ပုဆိုးအသစ္စက္စက္ဟာ ေျပာစရာေလးေတြ ျဖစ္ပါတယ္။
အရိပ္ေကာင္းေကာင္း ထေနာင္းပင္ေအာက္မွာ ခပ္ႏြမ္းႏြမ္းဖ်င္ပုဆိုးတစ္ထည္ကို ခင္းၿပီး
အိပ္တဲ့သူက အိပ္။ ဖဲကစားတဲ့သူက ကစားေပါ့။ အဲ
အသစ္စက္စက္ေလးေတြကို ေတာ့ ေခါင္းေပါင္းလို႔၊ အခ်ိဳ႕ကလည္း ၀တ္ထားလို႕ေပါ့။
ေနာက္ပိုင္းက်ေတာ့ ရြာဘက္ေတြကို တရုတ္ဘက္ကလာတဲ့
ေလေဘးအ၀တ္အထည္ေတြ ေရာက္လာတယ္။ ျမကြမ္းေတာင္ဘုရားပြဲမွာ
လာေရာက္ေရာင္းခ်တဲ့ အထည္အလိပ္ေတြဟာ ေစ်းအရမ္းသက္သာေနပါတယ္။ ဖ်ာေတြေပၚမွာ ပုံပုံၿပီး ေစ်းေအာ္ေအာ္ေရာင္းခ်လို႕
အဲဒီအထည္ေတြကို ဖ်ာပုံထည္လို႕ ကၽြန္ေတာ္တို႕က နာမည္တပ္ၾကပါတယ္။ ေစ်းသက္သာတဲ့ အ၀တ္အစားေတြ
ေခတ္စားလာတာနဲ႕အမွ် ေက်းရြာေတြမွာ ဗိုင္းငင္တဲ့ အလုပ္ေတြဟာ ေန႕ထြက္မကိုက္ေတာ့ ပါဘူး။ ရက္ကန္းစင္ေတြ ဖ်က္ဆီးၿပီး ထင္းစိုက္ပစ္လိုက္သူေတြလည္း
ရွိပါတယ္။
ကၽြန္ေတာ္တို႔အိမ္မွာေတာ့ အေမခဏခဏ ပူဆာလို႕
၁၉၉၀ ေက်ာ္ေလာက္က အေဖကိုယ္တိုင္ ထြင္းထုတားတဲ့ ရက္ကန္းစင္ဟာ အခုထက္ထိ ေရွးေဟာင္းပစၥည္းသဖြယ္ရွိေနပါတယ္။
ကၽြန္ေတာ့္ တူ၊ တူမေတြဟာ ရက္ကန္းစင္ကို နာမည္သာ သိၿပီး ဘယ္လိုရက္ရင္ ဘယ္လို ခ်ည္ထည္ကို
ရတယ္ဆိုတာ မသိၾကပါဘူး။ လြန္းနဲ႕ ရက္ေဖါက္ကို
မခြဲျခားတတ္ေတာ့ပါဘူး။ လသာတုန္းဗိုင္းငင္ဆိုတာကို
မခံစားတတ္ေတာ့ပါဘူး။ ရွင္းျပမယ္ဆိုရင္ေတာင္မွ
သူတို႕ မ်က္စိကလည္ကလည္နဲ႕ ေငးေမာၾကည့္ေနတတ္ၾကပါတယ္။
အခ်ိဳ႕ေဒသေတြမွာေတာ့ ရက္ကန္းခတ္အႏုပညာဟာ
မတိမ္ေကာေသးပါဘူး။
သဲေတာ၊
၀မ္းတြင္းတို႕လို ေဒသေတြမွာ ရက္ကန္းစင္ေတြ အျပိဳင္းျပိဳင္းရွိေနဆဲပါ။ ဒါဟာလည္း ျမန္မာေတြ ပုဆိုးေတြ လုံခ်ည္ေတြ ၀တ္ေနၾကတာေၾကာင့္လို႕
ထင္ပါတယ္။ ဒါေတာင္မွ ပုဆိုးေတြ လုံခ်ည္ေတြ ႏိုင္ငံျခားက ၀င္လာတတ္ပါတယ္။ ခ်င္းျပည္နယ္ဘက္က
လာတဲ့ ခ်င္းလုံခ်ည္ေတြဟာ အရည္အေသြးအားျဖင့္ ျမန္မာဆန္ဆန္၊ စမတ္က်က် ၀တ္ခ်င္တဲ့ အမ်ိဳးသမီးေတြအတြက္
ေစ်းေကာင္းရေနဆဲပါ။ ေသခ်ာတာက ဒီခ်ည္ထည္ေတြဟာ ေတာရြာေတြက အညာျဖစ္ သာမန္အ၀တ္အထည္ထက္ သာလြန္မႈတစ္ခုခု
ရွိေနျခင္းပါ။
ဒါေပမယ့္ ပုဆိုးေတြ၊ လုံခ်ည္ေတြ ကၽြန္ေတာ္တို႕
လုံး၀ မ၀တ္ၾကေတာ့ရင္ ဘာေတြ ဆက္ျဖစ္မလဲ။ ကိုးရီးယားလို၊ တရုတ္လိုေတြခ်ည္း ၀တ္လာေတာ့ၿပီဆိုရင္
ဘယ္လိုဆက္လုပ္ၾကမလဲ။ ေခတ္ဆိုတာကေတာ့ တာဆီးရခက္တဲ့
အရာပါ။ ေရစီေၾကာင္းဟာ တားဆီးမယ္ဆိုရင္လည္း
မလြယ္ကူပါဘူး။ အခုအခ်ိန္မွာ ထိုင္မသိမ္းမ၀တ္သူ
ဒဏ္ေငြဘယ္ေလာက္လို႔ ေအာ္လိုက္ရင္ေတာ့ အဲသလိုအစိုးရကို အရူးထတဲ့ အစိုးရလို႕ပဲ ဆိုရမွာပါ။
လြန္ခဲ့တဲ့ ႏွစ္ေပါင္းတစ္ရာေလာက္က အ၀တ္အစားေတြဟာ အခုအ၀တ္အစားေတြထက္ ပိုမိုေကာင္းမြန္ပါတယ္လို႕
မဆိုသာပါဘူး။ ဂလိုဘယ္လိုက္ေဇးရွင္းျဖစ္လာတာႏွင့္အမွ် တႏိုင္တပိုင္စီးပြားေရးလုပ္ငန္းမ်ားဟာ
ေျပာင္းလဲလာတဲ့ ဓေလ့စရိုက္မ်ားနဲ႕ အညီ တိုးတက္ျဖစ္ထြန္းေနရမွာပါ။
သို႕ေပမယ့္ အခ်ိဳ႕အရပ္ေဒသေတြမွာေတာ့ ရက္ကန္းခတ္တာဟာ ေပ်ာက္ကြယ္လုနီးနီး ျဖစ္ေနပါၿပီ။
ကၽြန္ေတာ့္အျမင္မွာေတာ့
ကၽြန္ေတာ္တို႔အရပ္ေတြက ရက္ကန္းစင္ေတြ ေပ်ာက္ဆုံးလုနီးနီး ျဖစ္ရတဲ့ ေနာက္ကြယ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးရွိေနမယ္ထင္ပါတယ္။
စီးပြားေရးပညာရွင္မ်ားကေတာ့ ဒါကို စီးပြားေရးသေဘာတရားေတြ၊ စီးပြားေရးမူ၀ါဒေတြနဲ႕ က်ိဳးေၾကာင္းေလွ်ာ္ညီစြာ
ရွင္းျပႏိုင္ၾကမွာပါ။
ပထမအခ်က္အေနနဲ႕ ပုဂၢလိကခံစားမႈအရ ေျပာရလွ်င္ေတာ့
ကၽြန္ေတာ္တို႕အေမရဲ့ ပစၥည္းေတြဟာ တစ္ဘက္ႏိုင္ငံက တင္သြင္းလိုက္တဲ့ အ၀တ္အထည္ေတြနဲ႕ ေစ်းႏႈန္းယွဥ္ၿပိဳင္
မေရာင္းခ်ႏိုင္ျခင္းပါ။ ၀ါဂြမ္းေစ်းဟာ မျမင့္မားလွေပမယ့္ ဗိုင္းငင္ခ၊ ေဆးဆိုးခ၊ ခ်ည္စပ္ဖီးခ်ိန္၊
ရက္ေဖါက္ေရာက္ခ်ိန္၊ လြန္းတင္ခ်ိန္ စတဲ့ အဆင့္ဆင့္မွာ ကုန္က်မယ့္အခ်ိန္ကို ေငြေၾကးတန္ဖိုးနဲယွဥ္ထိုး
တြက္ခ်က္ၾကည့္ရင္ အေမ့ဖ်င္ထည္ရဲ့ ကုန္က်စရိတ္ဟာ မခ်ဳပ္လုပ္မီကတည္းက အခုလက္ရွိ အၾကမ္း၀တ္
အ၀တ္အထည္ေတြထက္ အဆမတန္ ျမင့္မားေနျခင္းပါ။
အဲဒီေတာ့ အေမနည္းတူ အျခားျခားေသာ အမ်ိဳးသမီးမ်ားဟာ ဗိုင္းမငင္ၾကေတာ့ပါဘူး။
ေနာက္တစ္ခ်က္ကေတာ့ အေမ့ခ်ည္ထည္ေတြဟာ ေခ်ာထည္ေကာင္းေကာင္း
အရည္ေသြးေကာင္းေကာင္း ရလာေစမယ့္ နည္းပညာသစ္ေတြ အားနည္းမႈနဲ႕ ရင္ဆိုင္ရျခင္းပါ။ ကၽြန္ေတာ္တို႕ငယ္ငယ္က
ဘုတလင္ထည္တို႕၊ သေျပပင္ထည္တို႕ဟာ နာမည္ရွိပါတယ္။
အခုအခါမွာေတာ့ ဘုတလင္ထည္ဆိုတာ နာမည္သာ က်န္ခဲ့ၿပီး ပစၥည္းရွားပါးလာပါၿပီ။
အဲသလို ဘာလို႕ျဖစ္ရသလဲလို႕ ထပ္ဆင့္ စဥ္းစားရရင္ေတာ့
ေနာက္ထပ္ ထိုးထြက္ေပၚလာမွာက အေမတို႕လို ျမန္မာအမ်ိဳးသမီးမ်ားရဲ့ ႏိုင္ငံတကာနဲ႕ ယွဥ္ႏိုင္တဲ့၊
ရင္ေဘာင္တန္းႏိုင္မယ့္ ပညာေရးပါ။ လူမ်ိဳးတစ္မ်ိဳး၊
ႏိုင္ငံတစ္ႏိုင္ဟာ ျဖစ္လာတဲ့ အေျခအေနေပၚၾကည့္ၿပီး မီးစင္ၾကည့္က ရတာမ်ိဳးလုပ္ေနရရင္
ျဖစ္လာတဲ့ အေျခအေနေတြက ေၾကာက္စရာေကာင္းေလာက္ေအာင္ အႏ ၱရယ္ရွိေနတာမ်ိဳးေတြ ၾကဳံရတတ္ပါတယ္။
အေမ့ရက္ကန္းစင္ဟာ မီးစင္ၾကည့္ၿပီး ျပဇာတ္သိမ္းလိုက္ရတဲ့ သေဘာပါ။ အဲဒီအခါမ်ိဳးမွာ နစ္နာစရာရွိရင္
တစ္မ်ိဳးသားလုံးနစ္နာရတာပါ။ ပညာေရးဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ့ စီးပြားေရးထုတ္ကုန္ေတြ ႏိုင္ငံတကာေစ်းကြက္မွာ
မ်က္ႏွာပန္းလွဖို႔အတြက္ အခရာျဖစ္ပါတယ္။ ပညာေရးဟာ စဥ္းစားေတြးေခၚတတ္တဲ့ လူ႕အဖြဲ႕အစည္းကို
ေမြးထုတ္ေပးႏိုင္ရမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ အမ်ိဳးသားေခါင္းေဆာင္ၾကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းကေတာ့
ပညာကို အမွားအမွန္ပိုင္းျခားေ၀ဖန္ႏိုင္မႈလို႕ ေဆာင္းပါးတစ္ခုမွာ ရွင္းျပဖူးပါတယ္။ အဲသလိုေျပာလို႔ အေမဟာ စဥ္းစားေတြးေခၚႏိုင္မႈ နည္းပါးတယ္လို႕
မဆိုလိုပါဘူး။ ကၽြန္ေတာ္အေမမွာ မရွိတာက သတင္းအခ်က္အလက္
အရင္းအျမစ္ေတြပါ။ ဘယ္ႏိုင္ငံက ဘယ္လို လုပ္ေနၾကၿပီ။ ဘယ္ကေတာ့ ဘယ္ကို ဘာေတြ တင္သြင္းေတာ့မယ္။ အဲဒီအတြက္ ဒို႕လုပ္ငန္းေလး ေရတိမ္မနစ္ရေအာင္ ဘာေတြ
ျပင္ဆင္ထားရမယ္ စတာ.စတာေတြပါ။ ဒါေတြဟာ ပညာေရးက
ေပးရမယ့္ အရာေတြ ျဖစ္ပါတယ္။ ပညာဆိုတာ စာအုပ္တစ္အုပ္လုံး အလြတ္ရေနတာမ်ိဳးကို မေခၚႏိုင္ပါဘူး။ ကိုယ္လိုခ်င္ရာ အခ်က္အလက္ ဘယ္မွာ ရွာရမယ္ဆိုတာ သိရင္
ပညာတတ္ေနၿပီလို႕ ဆိုသာပါတယ္။ ဒါဟာလည္း သိပၸံပညာရွင္ၾကီးတစ္ေယာက္ရဲ့
စကားကို တဆင့္ျပန္ေျပာျခင္းသာ ျဖစ္ပါတယ္။ အဲဒီသိပၸံပညာရွင္ၾကီးရဲ့စကားကို ယူႏိုင္မယ္ဆိုရင္ေတာ့
ယခုေခတ္မွာ အင္တာနက္ ထြန္းကားလာတာနဲ႕ အမွ် ပညာတတ္ျဖစ္ဖို႕ရာ လြယ္ကူလာမယ္လို႔ ထင္ပါတယ္။ ဂူးဂဲလ္၊ ယာဟူးစတဲ့ အင္တာနက္ ရွာေဖြေရးစနစ္ေတြမွာ
လိုခ်င္တာ သြားရွာလို႕ ရေနၿပီမဟုတ္လား။ ဒါေပမယ့္
အေမ့ရဲ့ ရက္ကန္းစင္ေလးဟာ မလည္ပတ္ႏိုင္တာ ၾကာပါၿပီ။
ႏိုင္ငံတစ္ႏိုင္ငံရဲ့ စည္းပြားေရးမူ၀ါဒေတြ၊
ႏိုင္ငံေရးမူ၀ါဒေတြ၊ ေဒသတြင္းမူ၀ါေတြ၊ ကမၻာမူ၀ါဒေတြနဲ႕ ၾသဇာအာဏာသက္ေရာက္မႈေတြ ဟာလည္း
ႏိုင္ငံစီးပြားေရးမွာ မက္ခရို၊ မိုက္ခရုိ Level ႏွစ္မ်ိဳးစလုံးအေပၚမွာ အက်ိဳးသက္ေရာက္မႈေတြ
ရွိတယ္ဆိုတာကို အားလုံးသိၾကပါတယ္။ လုပ္ငန္းတစ္ခုခ်င္းဆီရဲ့ အနာဂါတ္အတြက္သာမက ႏိုင္ငံေတြရဲ့
အနာဂါတ္အတြက္ပါ ပညာရွင္မ်ားရဲ့ အခန္းက႑အေရးပါလွပါတယ္။ အခ်ိဳ႕ႏိုင္ငံေတြမွာ ကုမၸဏီအၾကံေပးေနရာေတြမွာ စီးပြားေရးပညာရွင္မ်ားကို
လခေကာင္းေကာင္းေပးၿပီး ငွားေလ့ရွိပါတယ္။ သို႕ေသာ္လည္း အေမတို႕လို တႏိုင္တပိုင္ ရက္ကန္းယက္လုပ္ျခင္းေတြအတြက္ေတာ့
တာ၀န္ဟာ အေမတို႕သက္သက္စီမွာသာ ရွိတာမဟုတ္ေတာ့ပါဘူး။ မူ၀ါဒေတြေပၚမွာလည္း ရွိမွာပါ။ တစ္ခါတစ္ခါမွာလည္း ေမွ်ာ္လင့္မထားတဲ့ ေငြေၾကးမူ၀ါဒအလွည့္အေျပာင္းေၾကာင့္
စီးပြားေရးလုပ္ငန္းေလးေတြ ရပ္ပစ္လိုက္ရတာမ်ိဳးေတြလည္း ရွိပါတယ္။ အဲသလို အလွည့္အေျပာင္းေတြမွာ လုပ္ငန္းရွင္ေတြ ရင္ဆိုင္ႏိုင္ဖို႕
ၾကိဳတင္ပညာေပးျခင္း၊ လိုအပ္မည့္ အကူအညီမ်ား ေပးျခင္း စတာေတြကို လႊတ္ပစ္ထားလို႕ မရပါဘူး။ အေမ့ရက္ကန္းစင္ မလည္ပတ္ေတာ့တာဟာလညး္ ဒါေတြနဲ႕ မဆိုင္ဘူးလို႕
ဆုိသာပါသလား။
ေနာက္အေရးၾကီးတာတစ္ခုကေတာ့ လူတစ္ဦးခ်င္းဆီရဲ့
စိတ္ဓာတ္ျဖစ္ပါတယ္။ ဒါေတြဟာ ငါနဲ႕ မဆိုင္ဘူးလို႕
လ်စ္လ်ဴရႈလို႕ မရပါဘူး။ သာမန္အားျဖင့္ လူေတြရဲ့
ေနထိုင္မႈအဆင့္နဲ႕ ဘ၀တန္ဖိုးေတြကို တိုင္းတာတဲ့အခါ လူေတြ ထိေတြ႕သမွ် အရာအားလုံးနဲ႕
တိုင္းတာေလ့ရွိပါတယ္။ အိမ္ေနာက္ရန္ျဖစ္ အိမ္ေရွ႕မခ်မ္းသာဆိုတဲ့
စကားလိုပဲ ျဖစ္ပါတယ္။ ဒါဟာ အားလုံးနဲ႕ ဆိုင္ေနတဲ့ ကိစၥျဖစ္ပါတယ္။ ၿပီးေတာ့ ၀ါသနာပါမွ လုပ္ရမယ့္ကိစၥမ်ိဳးလည္း မဟုတ္ပါဘူး။
အခ်ိဳ႕ေသာ လူတန္းစားမ်ားက လ်စ္လ်ဴရႈတတ္ၾကပါတယ္။
အံ့ၾသစရာေကာင္းတာက နစ္နာစရာရွိတဲ့အခါလည္း သူတို႕သာ ျဖစ္ေနတတ္ပါတယ္။ ကၽြန္ေတာ္တို႕ဟာ
မ်က္စိေတြ နားေတြ ရွင္ရွင္ထားၾကရမွာ ျဖစ္ပါတယ္။
ေစ်းကြက္စီးပြားေရးစနစ္ပြင့္လင္းစြာ ျဖစ္ထြန္းလာတာႏွင့္အမွ်
ႏိုင္ငံေလးေတြရဲ့ ထုတ္ကုန္ေတြဟာ ႏိုင္ငံျခားေငြကို ရွာဖို႕ရာ ပိုမိုစဥ္းစားစရာလိုအပ္လာမွာ
ျဖစ္ပါတယ္။ သဘာ၀ပတ္၀န္းက်င္ကိုလည္း တတ္ႏိုင္သေလာက္
ထိခိုက္မႈအနည္းဆုံးနည္းလမ္း၊ သဘာ၀အရင္အျမစ္လည္း ၿပဳန္းတီးမႈအနည္းဆုံးနည္းလမ္းနဲ႕ ထြက္ေငြထက္၊
၀င္ေငြက သာႏိုင္ဖို႕ နည္းဗ်ဴဟာေတြ ရွာႏိုင္ရမွာပါ။ ကဗ်ာဆရာ ကိုေဆးရိုးက ကဗ်ာတစ္ပုဒ္မွာ
ေရးဖူးပါတယ္။ တင္ထားတဲ့ ကုန္ကို ျမင္တာနဲ႕ အစုန္လား အဆန္လား သိႏိုင္တယ္တဲ့။ ကၽြန္ေတာ္တို႕ တစ္ေတြ ဘာေတြကို တင္သြင္းၿပီး ဘာေတြကို
တင္ပို႕မလဲ။
ဆိုင္းေတြလည္း ေဆာ္ေနၾကၿပီ။ မၾကာခင္မွာ ဇာတ္ခုန္ၾကီးဟာ
လႈပ္လႈပ္ရြရြနဲ႕ ကျပေတာ့မွာ ျဖစ္ပါတယ္။ အေမ့ရဲ့
ရက္ကန္းစင္ကိုေရာ ျပန္ျမင္ရဦးမွာလား။ အေမကေတာ့
လူ႕ျပည္မွာ မရွိေတာ့ပါဘူး။ အေမ့ ရက္ကန္းစင္ေလးကေတာ့
အိမ္နေဘးမွာ ၿငိမ္လို႕။ အေမ ေနာက္ဘ၀မွာ ရက္ကန္းရက္လိုပါက ျမန္မာ့ခ်ည္ထည္ေတြကို ဂုဏ္သေရရွိရွိ
ရက္လုပ္ႏိုင္ပါေစ။ ေရာက္ေလရာဘ၀မွာ အေမ အဆင္ေျပႏိုင္ပါေစ။