တောရိုင်းခြောက်သံ

တောရိုင်းခြောက်သံ


          လူတွေလူတွေဟာ နေမြေအပိုင်းအခြားအရဖြစ်ဖြစ်၊ လူမျိုးအပိုင်းအခြားအရဖြစ်ဖြစ်။  ပထဝီအနေ အထားအရဖြစ်ဖြစ်၊ ဘာသာရေးအပိုင်းအခြားအရဖြစ်ဖြစ်။  တကယ်တော့ လူသားတွေအချင်းချင်း စစ်မက်ရန်လိုမှုတွေထက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေလိုမှုဆီကိုသာ ကျွန်တော်တို့ တိမ်းညွတ်ထိုက်ပါတယ်။ စစ်ပွဲရယ်လို့ဖြစ်လာရင် ဟိုဘက်ဒီဘက် သေကျေပျက်စီးမှုတွေ ရှိလာမယ်။ မိဘမဲ့တွေ ပေါ်လာမယ်။  စာသင်ကျောင်းတွေ ပျက်ကုန်မယ်။ စက်ရုံတွေ ရပ်လာမယ်။ အလုပ်လက်မဲ့တွေ ပေါ်လာမယ်။ လမ်းပမ်းဆက်သွယ်ရေးတွေ ပြတ်တောက်မယ်။ အစာရေစာရှားပါမယ်။  စီးပွားရေးတွေ ပျက်ကုန်မယ်။ တကယ်တော့ စစ်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို၊ ကိုယ့်စီးပွားကို သတ်ပစ်ခြင်းပဲဖြစ်တယ်။
          အထူးအရေးကြီးတာက လူသားတွေရဲ့ ဂုဏ်သိက္ခာပဲ ဖြစ်တယ်။  လူတွေဟာ ဟိုးရှေးရှေးကတည်း အခုအထိ တိုက်ပွဲတွေ ဖန်တီးခဲ့ကြတယ်။  တရားသော စစ်၊  မတရားသောစစ်။  စည်းကမ်းရှိသောစစ်၊ စည်းကမ်းမရှိသော စစ်။  လူ့အခွင့်အရေးကို လေးစားသော စစ်၊  မလေးစားသော စစ်။  ဘာပဲဖြစ်ဖြစ် တိုက်ပွဲဟာ တိုက်ပွဲပါပဲ။  ပြီး တိုက်ပွဲဖြစ်တယ်ဆိုမှတော့  သူများလည်း သေနိုင်သလို ကိုယ်လည်း သေသွားနိုင်တာပါပဲ။  ကိုယ်ပစ်လိုက်တာက သူများကို မှန်မယ်၊  သူများ ပစ်လိုက်တာက ကိုယ့်ကို မှန်မယ်။  ကိုယ်ပစ်လိုက်တာက သူများ ဆွေမျိုးတွေ မှန်မယ်။  သူများ ပစ်လိုက်တာက ကိုယ့်ဆွေမျိုးတွေ မှန်မယ်။  ကိုယ်ပစ်လိုက်တာက သူများ သားသမီးလေးတွေကို မှန်မယ်၊  သူများပစ်လိုက်တာက ကိုယ့်သားသမီးလေးတွေကို မှန်မယ်။  တကယ်တော့ အထိခိုက်ဆုံးက နောင်လာနောက်သားတွေဖြစ်တယ်။  မျိုးဆက်သစ်ကလေးတွေ ဖြစ်တယ်။  မျိုးဆက်သစ်ကလေးတွေအတွက် ကမ္ဘာကြီးဟာ ဒီထက်ပိုးပြီး လှပလုံခြုံမှုတွေ မပေးနိုင်ကြတော့ဘူးလား။  မျိုးဆက်သစ်ကလေးတွေကို ကမ္ဘာကြီးက ဘာတွေ လက်ဆင့်ကမ်းကြမလဲ။  ဒီမေးခွန်းရဲ့ အဖြေဟာ လူသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အရေးကြီးမှာပါ။

                             မေတ္တာစာ

အမေက ၀ရန်တာအပြင်ဘက် မထွက်ရဘူး လို့ပြောတယ်

ကျုပ်တို့ကမ္ဘာကြီး ပူပူလာတယ်

လုပ်စရာတွေလည်း တစ်နေ့တစ်ခြား များများလာတယ်

မိုးက မရွာသေးဘူး

ထွန်ရေးတပြင်ပြင်နဲ့ မျှော်နေကြပုံ

ကျုပ် အိုက်စပ်စပ်ခံစားရ
အခုလိုအခါမှာ ချစ်သူဆိုတာ မလွမ်းလောက်ဘူး

ဆိုတော့.....

ခင်ဗျားနှင့် ကျုပ် မေတ္တာပွားကြစို့ရဲ့။               ။

                                      (ပိတောက်ပွင့်သစ်၊အမှတ် ၄၀၊ ဇွန်လ ၂၀၁၁)

          ချစ်ခြင်းမေတ္တာဟာ အရေးကြီးပါတယ်။ ဘာသာတရားတိုင်းဟာ မေတ္တာဂရုဏာကို တန်းဖိုးကြလိမ့်မယ်လို့ ထင်ပါတယ်။   ဘာသာတရားနှင့် ဘာသာတရားအပေါ်မှာ သက်ဝင်ယုံကြည်မှုဟာ လူသားတွေကို ရင့်ကျက်စေမှာပါ။  ရင်ကျက်မှုနဲ့အတူ  ခွင့်လွှတ်တတ်ခြင်း၊  သည်းခံတတ်ခြင်း၊ မေတ္တာထားတတ််ခြင်းတွေလည်း အထိုက်အလျောက် ဖြစ်တည်လာမှာပါ။  တကယ်တော့ ဘာသာတရားတွေဟာ လူတွေရဲ့ အနက်အရှိုင်းဆုံး အတွင်းစိတ်ထဲမှာ ငြိမ်းချမ်းစွာနေလိုစိတ်တွေကို ဖြစ်တည်စေမှာပါ။
          ရှေးရှေးက ကမ္ဘာဦးလူသားတွေဟာ ရှင်သန်ရေးအတွက် တိုက်ခိုက်ဖို့ လိုအပ်ခဲ့တယ်လို့ မနုဿဗေဒပညာရှင်များက ဆိုပါတယ်။  လူသားတွေဟာ လှိုဏ်ဂူတွေထဲ၊      တောနက်တွေထဲမှာ နေထိုင်ကျင်လည်ရင်း တောရိုင်းရန်တွေကို ရင်ဆိုင်တွေ့ကြုံရ၊ ကာကွယ်ရပါတယ်။ စားစရာအတွက်လည်း အင်အားကြီးမားတဲ့ တောရိုင်းများနဲ့ ယှဉ်ပြိုင်တိုက်ခိုက် အနိုင်ယူခဲ့ကြပါတယ်။ အဲဒီအချိန်က တိုက်ခိုက်ခြင်းနဲ့ ဒေါသအဟုန်တို့ဟာ လူသားတို့အတွက် ရှင်သန်ရေးတန်ဖိုးတွေ ရှိခဲ့ပါတယ်။  အဲဒီ စိတ်ဓာတ်အခြေခံတွေဟာ နောက်လူသားမျိုးဆက်တွေဆီကို မျိုးရိုးဗီဇအခြေခံအဖြစ် ပါလာတာလည်း ဖြစ်နိုင်ပါတယ်။  ဒါကြောင့် အချို့သော ယခုခေတ်လူတွေဟာ ရန်လိုနေတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်လို့ စိတ်ပညာရှင်အချို့က ကောက်ချက်ချကြပါတယ်။
          တောရိုင်းဆန်မှုတွေဟာ ကျွန်တော်တို့ ရင်ဘတ်တွေထဲမှာ ပါလာပါတယ်။  ကျွန်တော်တို့ဟာ တောတောင်ရေမြေကို သဘောကျတတ်ကြပါတယ်။  တောထဲမှာတော့ ကြီးနိုင်ငယ်ညှင်းဝါဒတွေ၊ ဖားနိုင်ဖားစား၊ ငါနိုင်ငါးစားဝါဒတွေဟာ တိရ စ္ဆာန်မျိုးနွယ်အချင်းအချင်း ကြားမှာ ထွန်းကားလှပါတယ်။  လူရဲ့အတွင်းစိတ်ထဲမှာ ကိုယ့်ကိုယ်ကို၊ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်တွေ ရှိပါတယ်။  ဒါဟာ ရှေးရှေးကတည်းက ရှင်သန်မှုအတွက် လိုအပ်ခဲ့သလို အခုအချိန်မျိုးမှာလည်း မလိုအပ်ဘူးလို့ မဆိုသာပါဘူး။ ဒါပေမယ့် ဒီလို မျိုးချစ်စိတ်ဟာ မျက်ကန်းမျိုးချစ်စိတ်မဖြစ်ဖို့ အရေးကြီးပါတယ်။  လူမျိုးအချင်းချင်း ကမ္ဘာကြီးရဲ့ နေရာဒေသတစ်ခုတည်းမှာ တည်တည်ငြိမ်ငြိမ်နေကြတယ်ဆိုတာ မဖြစ်နိုင်မရှိပါဘူး။  အတူယှဉ်တွဲနေထိုင်မှုဟာလည်း ငြိမ်းချမ်းရေးအတွက် အရေးပါပါတယ်။  ဒေသဖွံ့ဖြိုးမှုဟာ နယ်မြေဒေသငြိမ်းချမ်းမှုအပေါ်မှာ များစွာမူတည်ပါတယ်။ မျိုးချစ်ပုဂ္ဂိုလ်ကြီးများဟာ အမြင်ကျယ်ကြဖို့လိုအပ်ပါတယ်။  မျက်ကန်းမျိုးချစ်စိတ်နဲ့ အမျိုးသားရေးကိစ္စကို ခွဲခြားမြင်ကြဖို့ လိုအပ်ပါတယ်။  မျက်ကမ်းမျိုးချစ်စိတ်နဲ့ ရန်လိုတတ်မှု (တောရိုင်းစိတ်) များပူးမိသွားရင် ကမ္ဘာကြီးဟာ မပြီးဆုံးတော့တဲ့ စစ်ပွဲတွေဆီကို ဦးတည်သွားနိုင်ပါတယ်။ အမျိုးသားရေးကိစ္စဆိုတာက အမျိုးသားအကျိုးစီးပွားအတွက် လုပ်ဆောင်ကြရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။  ဒါပေမယ့် အမျိုးသာအကျိုးစီးပွားဆိုတာ နယ်မြေဒေသအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးဘာသာမရွေးတိုင်းအတွက် ဖြစ်လေ့ရှိပါတယ်။  ခွဲခြားမှုတွေဟာ ရင့်ကျက်လာပြီဖြစ်တဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ ရှုတ်ချဖွယ် ကိစ္စရပ်များ ဖြစ်လာပါတယ်။
          ဒါပေမယ့် လူမျိုးတစ်မျိုးမျိုးဟာ တောရိုင်းစိတ်များပြင်းထန်လာပြီး၊  အကြမ်းဖက်လာပြီဆိုလျှင်တော့ ပထမလုပ်ငန်းစဉ်အနေဖြင့် အကြမ်းဖက်မှုများကို လူမျိုးရေးခွဲခြားမှု လုံးဝမရှိပဲ ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်လို့ ထင်ပါတယ်။  ကိုင်တွယ်ဖြေရှင်းရာမှာ နှောင့်နှေးကြံ့ကြာနေလေ အန္တရယ် ပိုများလေဖြစ်ပါတယ်။  အကြမ်းဖက်မှုများ လွန်ကျူးလျှင် ဘယ်လူမျိုးကိုမဆို တရားသဖြင့် တားဆီးရမှာ ဖြစ်ပါတယ်။  တကယ်တော့ လူမျိုးရေးပြဿနာဆိုတာ ပညာရှင်များက ရှုတ်ချကြသော ပြဿနာမျိုးတွေဖြစ်ပြီး လူသားတွေရဲ့ ဖြေရှင်းရခက်ခဲတဲ့ ပြဿနာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ လူမျိုးရေပြဿနာတွေ ဖြစ်လျှင် မဆုံးနိုင်တဲ့ ပြဿနာမျိုးတွေ၊  သေကျေလို့မဆုံး သတ်ဖြတ်လို့မဆုံးဖြစ်တတ််တာကြောင့် ဒါမျိုးပြဿနာမျိုးတွေကို မစမိလေ ကောင်းလေဖြစ်ပါတယ်။
          နိုင်ငံတစ်ခုမှာ လူမျိုးရေးပြဿနာဖြစ်လာတဲ့အခါ အစိုးရရဲ့ ရပ်တည်ချက်ဟာ အရေးပါပါတယ်။  မဆုံးနိုင်တဲ့ စစ်ကို ဆင်နွှဲမလား။  ဖြစ်နေတဲ့ ပြဿနာကို တားဆီးမလား။  တာဆီးမယ်ဆိုလျှင်လည်း လူမျိုးရေးကြောင့်လား။  အမျိုးသားရေးကြောင့်လား။  လူမျိုးရေးအရတားဆီးခြင်းဟာ အန္တရယ်အရမ်းကြီးပါတယ်။  နှိုင်းစာကြည့်မယ်ဆိုလျှင်တော့ အမျိုးသားအကျိုးစီးပွားအတွက် တားဆီးတာက ဘေးကင်းလုံခြုံနိုင်ပါတယ်။  ဘာပဲဖြစ်ဖြစ် အကြမ်းဖက်မှုကို နိုင်အောင်တားဆီးနိုင်မှသာလျှင် နိုင်ငံသားအားလုံး ဘေးကင်လုံးခြုံစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။  အကြမ်းဖက်မှုကို တားဆီးရာမှာလည်း ပွင့်လင်းမြင်သာမှုနှင့် ရပ်တည်ချက်မှန်ကန်ဖို့ဟာ အင်မတန်မှ အရေးပါပါတယ်။
          တကယ်တော့ ကမ္ဘာကြီးမှာ လူမျိုးရေးပြဿနာထက် ပိုပြီး အရေးပါတဲ့ ပြဿနာမျိုးတွေ ရှိနေမှာပါ။  ပညာရေး၊ ကျန်းမာရေးနယ်ပယ်တွေဟာ လူတိုင်းလူတိုင်းအတွက် အရေးကြီးပါတယ်။  ကျောက်ခေတ်လူသားတွေမှာ တောရိုင်းစိတ်က ရှင်သန်ရေးတန်ဖိုးတွေ ရှိခဲ့တယ်လို ဆိုနိုင်ပေမယ့် ယခုအခါမှာ ပညာရေး၊ ကျန်းမာရေးနယ်ပယ်တွေမှာ လေ့လာလိုမှုနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်လိုမှုတို့ဟာ တောရိုင်းစိတ်ထက် ပိုပြီး ရှင်သန်ရေးတန်ဖိုတွေ ရှိမှာပါ။  ကိုယ့်လူမျိုးကို ချစ်တယ်ဆိုတာ အလွယ်လေးပါ။  ခက်ခဲတာက သူများလူမျိုးကို မမုန်းဖို့ပါ။  ကိုယ့်လူမျိုးကိုလည်း ချစ်၊ သူများလူမျိုးကိုလည်း ချစ်ဆိုရင် ကမ္ဘာကြီးဟာ ကျက်သရေရှိလာမှာပါ။  အဲသလို ပြဿနာမျိုးတွေ ဖန်းတီးတဲ့အခါ ကုန်ကျစရိတ်ကို ရေသန့်သောက်စရာမရှိတဲ့ ဒေသတွေမှာ ရေသန့်ရရှိအောင် ဆောင်ရွက်ခြင်း၊ ကျန်းမာသန့်ရှင်းရောဂါကင်းရေးများကို ဆောင်ရွက်ရာမှာ အသုံးချနိုင်လျှင် ကျွန်တော်တို့ ကမ္ဘာကြီး ပိုမိုလှပ လာပြီး သာယာနေပျော်ဖွယ် ဖြစ်လာမှာ ဖြစ်ပါတယ်။
          ကျွန်တော်တို့ အတွင်းစိတ်တွေထဲမှာ ရှိနေနိုင်တဲ့ တောရိုင်းစိတ်များကို ချိုးနှိမ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ နေထိုင်ကြရင် မလှလောက်ဘူးလား။

                                                                                                   ဇေလင်းမောင်



ေတာရိုင္းေျခာက္သံ


          လူေတြလူေတြဟာ ေနေျမအပိုင္းအျခားအရျဖစ္ျဖစ္၊ လူမ်ိဳးအပိုင္းအျခားအရျဖစ္ျဖစ္။  ပထ၀ီအေန အထားအရျဖစ္ျဖစ္၊ ဘာသာေရးအပိုင္းအျခားအရျဖစ္ျဖစ္။  တကယ္ေတာ့ လူသားေတြအခ်င္းခ်င္း စစ္မက္ရန္လိုမႈေတြထက္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနလိုမႈဆီကိုသာ ကၽြန္ေတာ္တို႕ တိမ္းညြတ္ထိုက္ပါတယ္။ စစ္ပြဲရယ္လို႕ျဖစ္လာရင္ ဟိုဘက္ဒီဘက္ ေသေက်ပ်က္စီးမႈေတြ ရွိလာမယ္။ မိဘမဲ့ေတြ ေပၚလာမယ္။  စာသင္ေက်ာင္းေတြ ပ်က္ကုန္မယ္။ စက္ရုံေတြ ရပ္လာမယ္။ အလုပ္လက္မဲ့ေတြ ေပၚလာမယ္။ လမ္းပမ္းဆက္သြယ္ေရးေတြ ျပတ္ေတာက္မယ္။ အစာေရစာရွားပါမယ္။  စီးပြားေရးေတြ ပ်က္ကုန္မယ္။ တကယ္ေတာ့ စစ္ျဖစ္တယ္ဆိုတာ ကိုယ့္ကိုယ္ကို၊ ကိုယ့္စီးပြားကို သတ္ပစ္ျခင္းပဲျဖစ္တယ္။
          အထူးအေရးၾကီးတာက လူသားေတြရဲ့ ဂုဏ္သိကၡာပဲ ျဖစ္တယ္။  လူေတြဟာ ဟိုးေရွးေရွးကတည္း အခုအထိ တိုက္ပြဲေတြ ဖန္တီးခဲ့ၾကတယ္။  တရားေသာ စစ္၊  မတရားေသာစစ္။  စည္းကမ္းရွိေသာစစ္၊ စည္းကမ္းမရွိေသာ စစ္။  လူ႕အခြင့္အေရးကို ေလးစားေသာ စစ္၊  မေလးစားေသာ စစ္။  ဘာပဲျဖစ္ျဖစ္ တိုက္ပြဲဟာ တိုက္ပြဲပါပဲ။  ၿပီး တိုက္ပြဲျဖစ္တယ္ဆိုမွေတာ့  သူမ်ားလည္း ေသႏိုင္သလို ကိုယ္လည္း ေသသြားႏိုင္တာပါပဲ။  ကိုယ္ပစ္လိုက္တာက သူမ်ားကို မွန္မယ္၊  သူမ်ား ပစ္လိုက္တာက ကိုယ့္ကို မွန္မယ္။  ကိုယ္ပစ္လိုက္တာက သူမ်ား ေဆြမ်ိဳးေတြ မွန္မယ္။  သူမ်ား ပစ္လိုက္တာက ကိုယ့္ေဆြမ်ိဳးေတြ မွန္မယ္။  ကိုယ္ပစ္လိုက္တာက သူမ်ား သားသမီးေလးေတြကို မွန္မယ္၊  သူမ်ားပစ္လိုက္တာက ကိုယ့္သားသမီးေလးေတြကို မွန္မယ္။  တကယ္ေတာ့ အထိခိုက္ဆုံးက ေနာင္လာေနာက္သားေတြျဖစ္တယ္။  မ်ိဳးဆက္သစ္ကေလးေတြ ျဖစ္တယ္။  မ်ိဳးဆက္သစ္ကေလးေတြအတြက္ ကမၻာၾကီးဟာ ဒီထက္ပိုးၿပီး လွပလုံၿခဳံမႈေတြ မေပးႏိုင္ၾကေတာ့ဘူးလား။  မ်ိဳးဆက္သစ္ကေလးေတြကို ကမၻာၾကီးက ဘာေတြ လက္ဆင့္ကမ္းၾကမလဲ။  ဒီေမးခြန္းရဲ့ အေျဖဟာ လူသားေတြရဲ့ ဂုဏ္သိကၡာအတြက္ အေရးၾကီးမွာပါ။

                             ေမတၱာစာ

အေမက ၀ရန္တာအျပင္ဘက္ မထြက္ရဘူး လို႕ေျပာတယ္

က်ဳပ္တို႕ကမၻာႀကီး ပူပူလာတယ္

လုပ္စရာေတြလည္း တစ္ေန႕တစ္ျခား မ်ားမ်ားလာတယ္

မိုးက မရြာေသးဘူး

ထြန္ေရးတျပင္ျပင္နဲ႕ ေမွ်ာ္ေနၾကပုံ

က်ဳပ္ အိုက္စပ္စပ္ခံစားရ
အခုလိုအခါမွာ ခ်စ္သူဆိုတာ မလြမ္းေလာက္ဘူး

ဆိုေတာ့.....

ခင္ဗ်ားႏွင့္ က်ဳပ္ ေမတၱာပြားၾကစို႕ရဲ့။               ။

                                      (ပိေတာက္ပြင့္သစ္၊အမွတ္ ၄၀၊ ဇြန္လ ၂၀၁၁)

          ခ်စ္ျခင္းေမတၱာဟာ အေရးၾကီးပါတယ္။ ဘာသာတရားတိုင္းဟာ ေမတၱာဂရုဏာကို တန္းဖိုးၾကလိမ့္မယ္လို႕ ထင္ပါတယ္။   ဘာသာတရားႏွင့္ ဘာသာတရားအေပၚမွာ သက္၀င္ယုံၾကည္မႈဟာ လူသားေတြကို ရင့္က်က္ေစမွာပါ။  ရင္က်က္မႈနဲ႕အတူ  ခြင့္လႊတ္တတ္ျခင္း၊  သည္းခံတတ္ျခင္း၊ ေမတၱာထားတတ္္ျခင္းေတြလည္း အထိုက္အေလ်ာက္ ျဖစ္တည္လာမွာပါ။  တကယ္ေတာ့ ဘာသာတရားေတြဟာ လူေတြရဲ့ အနက္အရိႈင္းဆုံး အတြင္းစိတ္ထဲမွာ ၿငိမ္းခ်မ္းစြာေနလိုစိတ္ေတြကို ျဖစ္တည္ေစမွာပါ။
          ေရွးေရွးက ကမၻာဦးလူသားေတြဟာ ရွင္သန္ေရးအတြက္ တိုက္ခိုက္ဖို႕ လိုအပ္ခဲ့တယ္လို႕ မႏုႆေဗဒပညာရွင္မ်ားက ဆိုပါတယ္။  လူသားေတြဟာ လိႈဏ္ဂူေတြထဲ၊      ေတာနက္ေတြထဲမွာ ေနထိုင္က်င္လည္ရင္း ေတာရိုင္းရန္ေတြကို ရင္ဆိုင္ေတြ႕ၾကဳံရ၊ ကာကြယ္ရပါတယ္။ စားစရာအတြက္လည္း အင္အားၾကီးမားတဲ့ ေတာရိုင္းမ်ားနဲ႕ ယွဥ္ၿပိဳင္တိုက္ခိုက္ အႏိုင္ယူခဲ့ၾကပါတယ္။ အဲဒီအခ်ိန္က တိုက္ခိုက္ျခင္းနဲ႕ ေဒါသအဟုန္တို႕ဟာ လူသားတို႕အတြက္ ရွင္သန္ေရးတန္ဖိုးေတြ ရွိခဲ့ပါတယ္။  အဲဒီ စိတ္ဓာတ္အေျခခံေတြဟာ ေနာက္လူသားမ်ိဳးဆက္ေတြဆီကို မ်ိဳးရိုးဗီဇအေျခခံအျဖစ္ ပါလာတာလည္း ျဖစ္ႏိုင္ပါတယ္။  ဒါေၾကာင့္ အခ်ိဳ႕ေသာ ယခုေခတ္လူေတြဟာ ရန္လိုေနတတ္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္လို႕ စိတ္ပညာရွင္အခ်ိဳ႕က ေကာက္ခ်က္ခ်ၾကပါတယ္။
          ေတာရိုင္းဆန္မႈေတြဟာ ကၽြန္ေတာ္တို႕ ရင္ဘတ္ေတြထဲမွာ ပါလာပါတယ္။  ကၽြန္ေတာ္တို႕ဟာ ေတာေတာင္ေရေျမကို သေဘာက်တတ္ၾကပါတယ္။  ေတာထဲမွာေတာ့ ၾကီးႏိုင္ငယ္ညွင္း၀ါဒေတြ၊ ဖားႏိုင္ဖားစား၊ ငါႏိုင္ငါးစား၀ါဒေတြဟာ တိရ စၦာန္မ်ိဳးႏြယ္အခ်င္းအခ်င္း ၾကားမွာ ထြန္းကားလွပါတယ္။  လူရဲ့အတြင္းစိတ္ထဲမွာ ကိုယ့္ကိုယ္ကို၊ ကိုယ့္လူမ်ိဳးကို ခ်စ္တဲ့စိတ္ေတြ ရွိပါတယ္။  ဒါဟာ ေရွးေရွးကတည္းက ရွင္သန္မႈအတြက္ လိုအပ္ခဲ့သလို အခုအခ်ိန္မ်ိဳးမွာလည္း မလိုအပ္ဘူးလို႕ မဆိုသာပါဘူး။ ဒါေပမယ့္ ဒီလို မ်ိဳးခ်စ္စိတ္ဟာ မ်က္ကန္းမ်ိဳးခ်စ္စိတ္မျဖစ္ဖို႕ အေရးၾကီးပါတယ္။  လူမ်ိဳးအခ်င္းခ်င္း ကမၻာၾကီးရဲ့ ေနရာေဒသတစ္ခုတည္းမွာ တည္တည္ၿငိမ္ၿငိမ္ေနၾကတယ္ဆိုတာ မျဖစ္ႏိုင္မရွိပါဘူး။  အတူယွဥ္တြဲေနထိုင္မႈဟာလည္း ၿငိမ္းခ်မ္းေရးအတြက္ အေရးပါပါတယ္။  ေဒသဖြံ႕ၿဖိဳးမႈဟာ နယ္ေျမေဒသၿငိမ္းခ်မ္းမႈအေပၚမွာ မ်ားစြာမူတည္ပါတယ္။ မ်ိဳးခ်စ္ပုဂၢိဳလ္ၾကီးမ်ားဟာ အျမင္က်ယ္ၾကဖို႕လိုအပ္ပါတယ္။  မ်က္ကန္းမ်ိဳးခ်စ္စိတ္နဲ႕ အမ်ိဳးသားေရးကိစၥကို ခြဲျခားျမင္ၾကဖို႕ လိုအပ္ပါတယ္။  မ်က္ကမ္းမ်ိဳးခ်စ္စိတ္နဲ႕ ရန္လိုတတ္မႈ (ေတာရိုင္းစိတ္) မ်ားပူးမိသြားရင္ ကမၻာၾကီးဟာ မၿပီးဆုံးေတာ့တဲ့ စစ္ပြဲေတြဆီကို ဦးတည္သြားႏိုင္ပါတယ္။ အမ်ိဳးသားေရးကိစၥဆိုတာက အမ်ိဳးသားအက်ိဳးစီးပြားအတြက္ လုပ္ေဆာင္ၾကရမယ့္ ကိစၥရပ္ျဖစ္ပါတယ္။  ဒါေပမယ့္ အမ်ိဳးသာအက်ိဳးစီးပြားဆိုတာ နယ္ေျမေဒသအတြင္းမွာ မွီတင္းေနထိုင္ၾကတဲ့ လူမ်ိဳးဘာသာမေရြးတိုင္းအတြက္ ျဖစ္ေလ့ရွိပါတယ္။  ခြဲျခားမႈေတြဟာ ရင့္က်က္လာၿပီျဖစ္တဲ့ ကမၻာ့လူ႕အဖြဲ႕အစည္းရဲ့ ရႈတ္ခ်ဖြယ္ ကိစၥရပ္မ်ား ျဖစ္လာပါတယ္။
          ဒါေပမယ့္ လူမ်ိဳးတစ္မ်ိဳးမ်ိဳးဟာ ေတာရိုင္းစိတ္မ်ားျပင္းထန္လာၿပီး၊  အၾကမ္းဖက္လာၿပီဆိုလွ်င္ေတာ့ ပထမလုပ္ငန္းစဥ္အေနျဖင့္ အၾကမ္းဖက္မႈမ်ားကို လူမ်ိဳးေရးခြဲျခားမႈ လုံး၀မရွိပဲ ကိုင္တြယ္ေျဖရွင္းရလိမ့္မယ္လို႕ ထင္ပါတယ္။  ကိုင္တြယ္ေျဖရွင္းရာမွာ ေႏွာင့္ေႏွးၾကံ႕ၾကာေနေလ အႏၱရယ္ ပိုမ်ားေလျဖစ္ပါတယ္။  အၾကမ္းဖက္မႈမ်ား လြန္က်ဴးလွ်င္ ဘယ္လူမ်ိဳးကိုမဆို တရားသျဖင့္ တားဆီးရမွာ ျဖစ္ပါတယ္။  တကယ္ေတာ့ လူမ်ိဳးေရးျပႆနာဆိုတာ ပညာရွင္မ်ားက ရႈတ္ခ်ၾကေသာ ျပႆနာမ်ိဳးေတြျဖစ္ၿပီး လူသားေတြရဲ့ ေျဖရွင္းရခက္ခဲတဲ့ ျပႆနာမ်ိဳးေတြ ျဖစ္ေလ့ရွိပါတယ္။ လူမ်ိဳးေရျပႆနာေတြ ျဖစ္လွ်င္ မဆုံးႏိုင္တဲ့ ျပႆနာမ်ိဳးေတြ၊  ေသေက်လို႕မဆုံး သတ္ျဖတ္လို႕မဆုံးျဖစ္တတ္္တာေၾကာင့္ ဒါမ်ိဳးျပႆနာမ်ိဳးေတြကို မစမိေလ ေကာင္းေလျဖစ္ပါတယ္။
          ႏိုင္ငံတစ္ခုမွာ လူမ်ိဳးေရးျပႆနာျဖစ္လာတဲ့အခါ အစိုးရရဲ့ ရပ္တည္ခ်က္ဟာ အေရးပါပါတယ္။  မဆုံးႏိုင္တဲ့ စစ္ကို ဆင္ႏႊဲမလား။  ျဖစ္ေနတဲ့ ျပႆနာကို တားဆီးမလား။  တာဆီးမယ္ဆိုလွ်င္လည္း လူမ်ိဳးေရးေၾကာင့္လား။  အမ်ိဳးသားေရးေၾကာင့္လား။  လူမ်ိဳးေရးအရတားဆီးျခင္းဟာ အႏၱရယ္အရမ္းၾကီးပါတယ္။  ႏႈိင္းစာၾကည့္မယ္ဆိုလွ်င္ေတာ့ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ တားဆီးတာက ေဘးကင္းလုံျခဳံႏိုင္ပါတယ္။  ဘာပဲျဖစ္ျဖစ္ အၾကမ္းဖက္မႈကို ႏိုင္ေအာင္တားဆီးႏိုင္မွသာလွ်င္ ႏိုင္ငံသားအားလုံး ေဘးကင္လုံးျခဳံစြာ ေနထိုင္ႏိုင္မွာ ျဖစ္ပါတယ္။  အၾကမ္းဖက္မႈကို တားဆီးရာမွာလည္း ပြင့္လင္းျမင္သာမႈႏွင့္ ရပ္တည္ခ်က္မွန္ကန္ဖို႕ဟာ အင္မတန္မွ အေရးပါပါတယ္။
          တကယ္ေတာ့ ကမၻာၾကီးမွာ လူမ်ိဳးေရးျပႆနာထက္ ပိုၿပီး အေရးပါတဲ့ ျပႆနာမ်ိဳးေတြ ရွိေနမွာပါ။  ပညာေရး၊ က်န္းမာေရးနယ္ပယ္ေတြဟာ လူတိုင္းလူတိုင္းအတြက္ အေရးၾကီးပါတယ္။  ေက်ာက္ေခတ္လူသားေတြမွာ ေတာရိုင္းစိတ္က ရွင္သန္ေရးတန္ဖိုးေတြ ရွိခဲ့တယ္လို ဆိုႏိုင္ေပမယ့္ ယခုအခါမွာ ပညာေရး၊ က်န္းမာေရးနယ္ပယ္ေတြမွာ ေလ့လာလိုမႈႏွင့္ ၿငိမ္းခ်မ္းစြာယွဥ္တြဲေနထိုင္လိုမႈတို႕ဟာ ေတာရိုင္းစိတ္ထက္ ပိုၿပီး ရွင္သန္ေရးတန္ဖိုေတြ ရွိမွာပါ။  ကိုယ့္လူမ်ိဳးကို ခ်စ္တယ္ဆိုတာ အလြယ္ေလးပါ။  ခက္ခဲတာက သူမ်ားလူမ်ိဳးကို မမုန္းဖို႕ပါ။  ကိုယ့္လူမ်ိဳးကိုလည္း ခ်စ္၊ သူမ်ားလူမ်ိဳးကိုလည္း ခ်စ္ဆိုရင္ ကမၻာၾကီးဟာ က်က္သေရရွိလာမွာပါ။  အဲသလို ျပႆနာမ်ိဳးေတြ ဖန္းတီးတဲ့အခါ ကုန္က်စရိတ္ကို ေရသန္႕ေသာက္စရာမရွိတဲ့ ေဒသေတြမွာ ေရသန္႕ရရွိေအာင္ ေဆာင္ရြက္ျခင္း၊ က်န္းမာသန္႕ရွင္းေရာဂါကင္းေရးမ်ားကို ေဆာင္ရြက္ရာမွာ အသုံးခ်ႏိုင္လွ်င္ ကၽြန္ေတာ္တို႕ ကမၻာၾကီး ပိုမိုလွပ လာၿပီး သာယာေနေပ်ာ္ဖြယ္ ျဖစ္လာမွာ ျဖစ္ပါတယ္။
          ကၽြန္ေတာ္တို႕ အတြင္းစိတ္ေတြထဲမွာ ရွိေနႏိုင္တဲ့ ေတာရိုင္းစိတ္မ်ားကို ခ်ိဳးႏွိမ္ၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ အတူတူ ေနထိုင္ၾကရင္ မလွေလာက္ဘူးလား။

                                                                                                   ေဇလင္းေမာင္

Popular posts from this blog

ကဗျာဆရာတွေအကြောင်းပြောတဲ့အခါ

ငို ပြီးစ မြို့

ကျနော်က တော့ဖြင့် ------