အမေ့ရက်ကန်းစင်
အမေ့ရက်ကန်းစင် အချစ်က ဗိုင်းကို ငင်တော့ မောင်က ရက်ကန်းခတ်မယ်ကွယ် နှစ်ဦးသားဘဝ အိမ်ထောင်ရေး သာယာဖြောင့်ဖြူးရန်ရွယ် ဥယျာဉ်လယ်ယာ နွားကြာစုံတစ်ရှဉ်းနဲ့ လယ်မြေတွေ စိုက်ကာပျိုးလို့ ရက်ကန်းစင်ကိုလည်း အားခဲခတ်ကာရယ် ဗိုင်ငယ်တဲ့ လုံမငယ်နှမရယ် နှစ်ဦးသား ဖူးစာဆုံရာ ရေခပ်လမ်းမှာကွယ်..... အမေတို့ငယ်ငယ်က ခေတ်စားခဲ့တဲ့ သီးချင်းလေးပါ။ ကျွန်တော်တို့ငယ်ငယ်ကအထိ ဒီသီချင်းလေးကို အလှူပွဲ မင်္ဂလာပွဲတွေမှာ ကြားရပါလေ့ရှိပါတယ်။ တစ်ချိန်ကတော့ ဗိုင်းငင်တာဟာ ဗမာအမျိုးသမီးတွေအတွက် အိမ်တွင်းအလုပ်တစ်ခုပါ။ အိမ်နေရင်း၊ လယ်ယာလုပ်ရင်း ၀တ်ဆင်ဖို့အတွက် အဝတ်အထည်တွေ ၀ယ်စရာမလိုပါဘူး။ ဒါအပြင် ရက်ကန်းခတ်တာဟာ အပေါ်စီးသုံးဖို့ (မီးဖိုချောင်သုံးဖို့) ၀င်ငွေ ရစေခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်အမေဟာ ညညမှာ သီချင်းညည်းရင်း ဗိုင်းငင်လေ့ရှိပါတယ်။ နေ့ဘက်မှာ ချည်ငင်ရပါတယ်။ ချည်ယောက်ရပါတယ်။ လွန်းတင်ရပါတယ်။ အမေ့ရဲ့ ရက်ဖေါက်လေးတွေကို ကျွန်တော်တို့ ညီအကိုတစ်တွေက ယူပြီး ကစားလေ့ရှိပါတယ်။ အမေရဲ့ ချည်ကြိုးတွေကို ကျွန်တော်တို့ ကစားကြပါတယ်။ အမေက အလိုလိုက်ပြီး ကျွန်တော...