အေးငြိမ်းသာယာ ရှိပါစေ
I မာပါစေ အဝေးက မိတ်ဆွေရယ် လို့ ဆုတောင်းရ အခါခါပေ အေးမြသာယာရှိပါစေ။ အေးမြရယ်လေ သာသာယာယာ ရှိပါစေ။ မရပ်နားဘဲ အဆုံးထိ သွားမယ့် လမ်းကို ဘာဖြစ်လို့ မြန်မြန် ပြေးကြရမှာလဲ လိုအပ်လို့လား လှနေလို့လား ခံစားမှု မြင့်မားလို့လား အလှတရားဟာ တဖြေးဖြေးရောက်ရှိလာမှာပါ။ မုတ်သုန်လေ ကြမ်းရှရှ မင်းအရေပြားကို ထိတဲ့အခါ သိလိုက်ပါ တော်လှန်ရေးဟာ ရောက်လာတော့မှာပါ မြောက်ပြန်လေ ချိုနုနုက မင်း အသဲတွေ အေးခိုက်စေတဲ့အခါ အဆုံးထိ တိုက်ပွဲဝင်ရမှာကို သိလိုက်ပါ လေရူးနဲ့အတူ နွေဦးဟာ ရောက်ရှိလာ II တောကြက်တွန်သံ လှုပ်ခတ်နေတဲ့ သစ်ရွက် မြည်နေတဲ့ ပုရစ်ကလေးတွေ ချိုးကူသံ ကျေးငှက်သာရကာ အလှပေါင်းစုံ ရှုခင်းတွေဟာ ငါ့လခွမ်း မကြားဖူးတဲ့ ငှက်သံတွေရောပဲ အေးငြိမ်းသာယာ ရှိလှတယ် နေထွက်လာတဲ့အခါ မင်းတို့တွေဟာ ချုံကြားက တောင်ပို့ကြီးလို တည်တည်တံ့တံ့ ရှိလှတယ် အလှတရားဟာ တဖြေးဖြေး ရောက်ရှိလာမှာပါ။ ဒီတော်လှန်ရေးအတွင်းမှာ ကောက်ညှင်းအရက် သောက်ရလိမ့်မယ်လို့ သင် တွေးထားဖူးလိမ့်မယ်မထင် သဲချောင်းရေ ချမ်းမြမြ ခဏခဏ စိမ်ရလိမ့်မယ်လို့ သင် တွေးထားဖူးလိမ့်မယ်မထင် စေတန်ရဲ့ နတ်ဆိုးတွေနဲ့ နပမ်းသတ်ရလိမ့်မယ်လို့ ...