မြစ် အ ငေး
--------- လူပအောင် မြစ်ကိုငေးကြည့်မိရဲ့ တသွင်သွင်စီးနေတဲ့ ရေအလျင်မှာ ဘယ်သူတွေ ရှင်သန်ပြီး ဘယ်သူတွေ သေဆုံးသွားကြသလဲ ။ ကိုယ်မေးထားတဲ့ မေးခွန်း ကိုယ်တိုင် ပြန်ဖြေ ဖို့ ခက်နေတဲ့ ည နေခင်း အခု ကျ နေတာ သင်ခါရ နှင်းတွေများ လား ရေထိုးရင်း တိုက်စားရင်း ဘဝမှာ ရေနှစ်ခါ ချိုးခဲ့ဘူး သလား စိတ်တဖျတ်ဖျတ် တစ်စိတ်ပြီး တစ်စိတ် စိတ် ဒလနင်းကြမ်း မှာ ပန်းသတင်းနဲ့ လေညင်းကို ဆောင်စေ တိတ်တဆိတ် မေတ္တာ ချွေမိတယ် အတိတ် မှောင်မိုက် နေ့ရက်မှား အိုစာ သွားပြီး နောက် ။ မ ဟေ သီ မဂ္ဂဇင်း ၂၀၁၁