Posts

Showing posts from March, 2024

ဆိုက်ဘာကဖေးထဲက ကလုံး

------------------------ ကြည်ဇော်အေး သူ့ဆီပို့ထားတာတွေ ဖတ်ပြီးတဲ့နောက် သူပို့စရာရှိတာတွေ ပြန်ပို့ပြီးတဲ့နောက် သူဆွဲချ စရာရှိတာတွေ ဆွဲချ ပြီးတဲ့နောက် သူလျှောက်ကြည့်တယ် လျှောက်ချက်တယ်ဆိုရင် ပိုမှန်မယ် ချက်ရွမ်းထဲဝင်ပြီး မဖွယ်မရာစာသားတွေနဲ့ဆက်ဆံ အပြန်အလှန်နှီးနှော သူ့တစ်နေ့တာကို ဒီလိုဖြုန်းပစ်ခဲ့တာ နှစ်တွေအတော်ကြာရောပေါ့ နှစ်တွေအတော်ကြာရောပေါ့ ဆိုပေမဲ့ သူ အဲဒီနှစ်တွေမှာ ပျော်ပိုက်ခဲ့မပျော်ပိုက်ခဲ့ သူ့ စက်လေးလာတယ် သူ့လှုပ်ရှားမှုတွေလည်း လေးလာတယ် သူ အချက်အလက်တွေအများကြီးထဲ့ထားခဲ့လို့လား သူ့ဆီရောက်လာတဲ့ မေးလ်တွေက ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေချည်းပဲ သူပြန်ပို့လိုက်သမျှက ဝမ်းနည်းကြောင်းသဝဏ်လွှာတွေချည်းပဲ သူဆွဲချခဲတာတွေကလည် အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝကိုပိုင်ဆိုင်ထားကြသူများ ဆိုလားပဲ လက်ရှိသူဘဝအပေါ်မှာ သာသာယာယာရှိရဲ့လားဆိုတာ သူမသိ သူ့လိုလူတစ်ယောက်ကို ပညာရှင်တွေက အကြောင်းမဲ့စောင့်ကြည့်နေတာတော့ဟုတ်ဟန်မတူဘူးဆိုတာလောက်ပဲ သူသိတယ် ဟုတ်ဟန်မတူဘူးဆိုတာလောက်ပဲ သိတယ်ဆိုတာကလည်း အကြောင်းမဲ့မဟုတ်ဘဲ ဆက်စပ်တွေးတောကြည့်လို့ သိတာပါလို့ မလိုအပ်ဘဲ ရှင်းပြနေတတ်တယ် မလို အပ်ပဲ ရှင်းပြနေတယ်ဆိုတာကလည်း ကျဉ်းမြောင်း...

ငွေရောင်အနားသတ်

----------------- ပြည့်စုံဝင်း မနက်ဘက် အစောကြီး ပင်လယ်ဘေးမှာ  ရပ်...လို့ ကြေကြေကွဲကွဲ ငေး...လို့ အရာရာရဲ့တည်ဆောက်ပုံ အသေးစိတ် ပင့်ကူအိမ်ရဲ့ အမျှင်ကလေးတွေ သိပ်အံ့ ဩ ဖို့ကောင်း ကျောက်စရစ်ခဲလေးတွေ အရောင်ကွဲ သစ်ရွက်အကြောစိမ်းတွေ ခွဲဖြာ ရေအိုးက စိမ့်ရေ တစ်..စက်..စက်..ကျ တွေ့ဆုံရခြင်းသက်သက်ဆို ဘယ်ဝမ်းနည်းစရာ ကောင်းပါ့မလဲ ကွဲကွာရခြင်း သက်သက်ဆို  ဘယ်ဝမ်းနည်းစရာ ကောင်းပါ့မလဲ ဒီနှစ်ခုကြားက အဖြစ်အပျက်တွေ ရေသောက်နေလည်း မရပ် လမ်းလျှောက်နေလည်း မရပ် အိပ်ပျော်သွားရင်တောင် အိပ်မက် လူနာကုတင်ပေါ်က ကြည့်မှ ပန်းအိုးဟာ အရင်ထက်ပိုရွှန်းစို ခံစားမှုကိုယုံလာ သဘာဝတရားကိုယုံလာ အကြာကြီး လေးလေးနက်နက်မငေးဖူးရင် ဘဝမှာ ဘာအဓိပ္ပာယ်ရှိပါ့မလဲ အခု စ လိုက်ပါ ။             ။ အလယ်ရိုးမ ကဗျာဆု ဆန်ကာတင် ကဗျာ ၂၀၁၉ ှ

မိတ္တူများ

--------- ဝင်းမြင့် ဆေးဝါးနဲ့ ယဥ်ပါးသွားတဲ့ ပိုးမွှားလို စကားလုံးတွေ ငါ့ သွေးကြောထဲ မတိုးတော့ဘူး ငါ့ မိတ်ဆွေ ပန်းချီကားဟာ ဘယ်တော့မှ မပြီးဘူး ငါ့ သူငယ်ချင်း ဘာသာပြန်ဟာ ဘယ်တော့မှ လက်စမသတ်ဘူး ငါ့အသိတစ်ယောက်ရဲ့  ထုတ်ဝေရေးဟာ ငွေတွေ ပြန်မလာဘူး ငါက အမည်အပြောင်းအလွဲနဲ့ ကဗျာဆရာရဲ့ မိတ်ဆွေ ငါ့ ကဗျာတွေက  အစတစ်မျိုး အဆုံးတစ်မျိုး ။. ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း ၂၀၀၄

ငှက်လူ

  --------------- အောင်ခင်မြင့် တစ်ယောက်ယောက်နဲ့  တစ်ညလုံး ချစ်ပြီးတိုင်း အိပ်ရာပေါ်မှာ ငှက်မွေးတွေ ပြန့်ကျဲလို့ သူ့နှုတ်သီးပေါ်က သွေးစက်တွေကို  လက်ခုံနဲ့သုတ်တယ် မနက်လင်းတာနဲ့ လူစင်စစ် ပြန်ဖြစ်သွားမှာပါ အရုဏ်တက်ခါနီး အချိန်တွေဟာ  သူ့အတွက်အခက်ခဲဆုံး ငှက်သိစိတ်နဲ့ လူ့သိစိတ်ကြားထဲက ဗလာနယ် လိုင်းမမိတဲ့တီဗီပမာ  အမှောင်ထဲမှာတဂျစ်ဂျစ် ပထမဆုံးမိုးသောက်ရောင်နီ  အလင်းတန်းလေးမလာခင် လူမှုဆက်ဆံရေးဝေါဟာရတွေ  အမြန်ပြန်ရှာရတယ် မသိစိတ်ကညာဘက်အံဆွဲကို အလိုလို  ဆွဲဖွင့်မိလျက်သား အထဲမှာ သင် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ ကမ္ဘာအနှံ့က းသဘာဝအံ့ဖွယ် ၅၀၁ နေရာ မျက်လုံးကို နောက်တစ်ခါ ဖွင့်ကြည့်လိုက်ရင် သင့်ရှေ့မှာ ဘုရားသခင်ရဲ့  သစ်ကတိုးတောအုပ်ထဲက အနှစ်တစ်ထောင်ကျော် သစ်ပင်အိုကြီးတချို့ ခင်ဗျားတို့  ဘယ်လိုများ အသက်ရှင်ခဲ့ကြသလဲဆိုတော့ နေ့တိုင်း တစ်နေ့ကို ၅ မိုင်  လမ်းလျှောက်ကြသတဲ့ မျက်စိညောင်းသွားလို့ မှိတ်လိုက်တာနဲ့ ဘုရားသခင်လည်း  အမှောင်ထဲ ပြန်ဝင်သွားမှာ အရေးကြီးတာက မနက် မိုးလင်းတာနဲ့ မထူးခြားတဲ့  သာမန်လူသားတစ်ယောက်ဖြစ်ဖို့ မိုတယ်လိုလို အိမ်လိုလို အခန...