အိပ်မက်လမ်းလျှောက်ခြင်း
အိပ်မက်လမ်းလျှောက်ခြင်း ကျုပ် အိပ်ရာက နိုးတော့ လိပ်တစ်ကောင် မီးဖိုထဲတိုးဝင်သွား ထင်းစနဲ့ ဆွဲထုတ်တော့ မီးတုတ်ကြီးသာ ကပ်ပါလာတယ် ကျုပ်တို့ဟာ အိပ်မက်များထဲ လမ်းလျှောက်ရသလို အရာခပ်သိမ်း မှောင်မိုက်နေတာလား အရာခပ်သိမ်းဟာ အာရုံခံကလပ်စည်းများရဲ့ ထုံထိုင်းမှုကြောင့်လား ခင်ဗျားမျက်နှာ ပြုံးချိုနေသလိုလို ခင်ဗျားမျက်နှာ တစ်ခုခုတော့ တစ်ခုခု အရာခပ်သိမ်းကို သိမ်းဆည်းထားပါ သွားလေရာရာ သယ်ဆောင်ထားပါ ရောက်တတ်ရာရာ စတင်ပြောဆိုပါ ရေပွက်ကလေးတစ်ပွက် ပလုံသံကလေးတစ်သံ ပျောက်ဆုံးခြင်း နှင့် အသစ်တစ်ဖန်ပြန်စခြင်း ပျောက်ဆုံးသွားမှုထဲမှာ အရှိန်အဟုန်တွေ ပါမပါ မျှော်လင့်ချက် လတ်လတ်ဆတ်ဆတ်နဲ့ ကျုပ်တို့သစ်ပင်စိုက်ကြမယ် နာမည်ကို ဘယ်လိုရေးရပါ့ လိုဂိုကို ဘယ်လိုရေးရပါ့ ခေါင်းချင်းရိုက်စဉ်းစားကြမယ် ခေါင်းချင်းရိုက်ပြီး ခေါင်းကွဲသွားခဲ့ရင် အိပ်မက်များဟာ အိက်မက်ထဲကအတိုင်း ကျုပ်တို့တတွေလည်း သွားသွားလာလာ။ ဇေလင်းမောင် Originally Printed in Fashion Magazine: 2009, Later published in ခေတ်အဆက်ဆက် လက်ရာ